BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ဂျိမ်းစ်ဘွန်း ဇာတ်ကောင်အသစ်အတွက် ရှာဖွေမှုများ စတင်နေပြီဖြစ်ကြောင်း Amazon MGM Studios အတည်ပြု

မေလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

Amazon MGM Studios က နောက်ထပ် ဂျိမ်းစ်ဘွန်း ဇာတ်ကောင်သစ်အဖြစ် သရုပ်ဆောင်မယ့်သူကို တရားဝင် စတင်ရှာဖွေနေပြီဖြစ်ကြောင်း မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်က “ No Time to Die” ဇာတ်ကားနဲ့အတူ ဂျိမ်းစ်ဘွန်းနေရာကနေ အနားယူသွားခဲ့တဲ့ ဒန်နီယယ် ခရိတ်ဂ် ရဲ့ ခြေရာကို နင်းမယ့်သူကို ရှာဖွေတာလည်း ဖြစ်ပါတယ်။

“ ဂျိမ်းစ်ဘွန်းအသစ်အတွက် ရှာဖွေမှုတွေ စတင်နေပါပြီ။ သရုပ်ဆောင်ရွေးချယ်တဲ့ ကာလအတွင်းမှာတော့ အသေးစိတ်ကို ထုတ်ဖော်ပြောဖို့ အစီအစဉ်မရှိသေးပေမဲ့ သင့်တော်တဲ့အချိန်မှာ ပရိသတ်တွေအတွက် သတင်းအသစ်တွေကို ဝေမျှပေးသွားမှာပါ” လို့ စတူဒီယိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လာမယ့် 007 ရုပ်ရှင်အသစ်ကို “ Dune” ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာ ဒန်းနစ် ဗီလနူးဗ် ရိုက်ကူးမှာဖြစ်ပြီး Peaky Blinders ဖန်တီးသူ စတီဗင် နိုက် က ဇာတ်ညွှန်း ရေးသားမှာဖြစ်ပါတယ်။ ဒါရိုက်တာ ဗီလနူးဗ်ကတော့ သူဟာ ဘွန်းဇာတ်ကားတွေရဲ့ ပရိသတ်အမာခံတစ်ဦးဖြစ်ကြောင်းနဲ့ ဒီရုပ်ရှင်ကို ရိုက်ကူးရမှာဟာ ကြီးမားတဲ့ တာဝန်တစ်ခုဖြစ်သလို ဂုဏ်ယူစရာလည်း ကောင်းတယ်လို့ ဆိုပါတယ်။

ဇာတ်ညွှန်းရေးဆရာ စတီဗင် နိုက်ကလည်း ဂျိမ်းစ်ဘွန်းဆိုတာ ရိုးရာပုံပြင်ထဲက ဇာတ်ကောင်တွေလိုပဲ ယဉ်ကျေးမှုအရ အရေးပါတဲ့သူဖြစ်တာကြောင့် သူ့အနေနဲ့ အလေးအနက်ထား ကိုင်တွယ်သွားမယ်လို့ ပြောကြားထားပါတယ်။

လက်ရှိမှာတော့ ဂျိမ်းစ်ဘွန်းသစ် ဖြစ်လာနိုင်သူတွေအဖြစ် ဟင်နရီ ကာဗေးလ် ၊ အာရွန် တေလာ ဂျွန်ဆင် နဲ့ အိုင်ဒရစ် အယ်လ်ဘာ တို့ရဲ့ နာမည်တွေ ထွက်ပေါ်နေသလို၊ နောက်ပိုင်းမှာတော့ တွမ် ဟော်လန် ၊ ဂျေကော့ဘ် အီလိုဒီ နဲ့ ကော်လန် တာနာ တို့ရဲ့ နာမည်တွေပါ လူပြောများလာနေပါတယ်။ တွမ် ဟော်လန်ကတော့ အခုလို ခန့်မှန်းချက်တွေနဲ့ ပတ်သက်ပြီး “ လောလောဆယ်တော့ ဒါတွေကို ခဏဘေးဖယ်ထားကြရအောင်” လို့ မနှစ်က ပြောဆိုခဲ့ဖူးပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed