BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ကြီးကြပ်ဖို့ အီရန်ရဲ့ ထိပ်တန်းညှိနှိုင်းရေးမှူး ဂါလီဘတ်ဖ် ကို ခန့်အပ်ကြောင်း မီဒီယာတွေ ဖော်ပြ

မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ ထိပ်တန်းညှိနှိုင်းရေးမှူးအဖြစ် မကြာသေးခင်ကမှ ပေါ်ထွက်လာခဲ့တဲ့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် ကို တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ကြီးကြပ်ဖို့ ခန့်အပ်လိုက်ကြောင်း အီရန်မီဒီယာတွေက တနင်္ဂနွေနေ့မှာ ဖော်ပြလိုက်ပါတယ်။ အီရန်ရဲ့ တက်စ်နင်း သတင်းအေဂျင်စီက ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး “ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် ကို တရုတ်နိုင်ငံဆိုင်ရာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ အထူးကိုယ်စားလှယ်အဖြစ် မကြာသေးခင်ကပဲ ခန့်အပ်လိုက်ပါတယ်” လို့ ဖော်ပြခဲ့သလို အခြားပြည်တွင်း မီဒီယာတွေမှာလည်း ဒီသတင်းကို ဆက်တိုက်ဖော်ပြနေကြတာ ဖြစ်ပါတယ်။ ဂါလီဘတ်ဖ် ကို အခုလို ရာထူးခန့်အပ်လိုက်တာဟာ…

မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အမေရိကန်နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ ထိပ်တန်းညှိနှိုင်းရေးမှူးအဖြစ် မကြာသေးခင်ကမှ ပေါ်ထွက်လာခဲ့တဲ့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် ကို တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ကြီးကြပ်ဖို့ ခန့်အပ်လိုက်ကြောင်း အီရန်မီဒီယာတွေက တနင်္ဂနွေနေ့မှာ ဖော်ပြလိုက်ပါတယ်။

အီရန်ရဲ့ တက်စ်နင်း သတင်းအေဂျင်စီက ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး “ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် ကို တရုတ်နိုင်ငံဆိုင်ရာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ အထူးကိုယ်စားလှယ်အဖြစ် မကြာသေးခင်ကပဲ ခန့်အပ်လိုက်ပါတယ်” လို့ ဖော်ပြခဲ့သလို အခြားပြည်တွင်း မီဒီယာတွေမှာလည်း ဒီသတင်းကို ဆက်တိုက်ဖော်ပြနေကြတာ ဖြစ်ပါတယ်။

ဂါလီဘတ်ဖ် ကို အခုလို ရာထူးခန့်အပ်လိုက်တာဟာ အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန် ရဲ့ အဆိုပြုချက်၊ အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ မိုဂျတာဘာ ခါမေနီ ရဲ့ သဘောတူခွင့်ပြုချက်တို့နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူဟာ “ အီရန်နဲ့ တရုတ်အကြား ကဏ္ဍစုံဆက်ဆံရေးတွေကို ပေါင်းစပ်ညှိနှိုင်းပေးမယ့်သူ” ဖြစ်လာမယ်လို့ တက်စ်နင်း သတင်းမှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့တုန်းက အမေရိကန်-အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ လုံခြုံရေးအကြီးအကဲဟောင်း အလီ လာရီဂျာနီ  ဟာလည်း အခုလိုမျိုး တရုတ်နိုင်ငံဆိုင်ရာ အထူးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ဖူးကြောင်း ဖားစ် (Fars) သတင်းအေဂျင်စီက ဆိုပါတယ်။ လာရီဂျာနီ ဟာ ၂၀၂၁ ခုနှစ်တုန်းက အီရန်နဲ့ တရုတ်အကြား ၂၅ နှစ်တာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ရရှိအောင် ဆွေးနွေးပွဲတွေကို ဦးဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေး၊ အမေရိကန်တို့နဲ့ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၊ ဂါလီဘတ်ဖ် ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက အမေရိကန်နဲ့ ပြုလုပ်ခဲ့တဲ့ တစ်ကျော့ပြန် အဆင့်မြင့်သံတမန်ရေးရာ ဆွေးနွေးပွဲတွေမှာ အဓိကဦးဆောင်သူအဖြစ် ပေါ်ထွက်လာခဲ့တာပါ။

အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးဆီ ကူးစက်ပြန့်ပွားသွားခဲ့တဲ့ အဲဒီစစ်ပွဲအတွင်းမှာ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်ဟောင်း အလီ ခါမေနီ အပါအဝင် ထိပ်တန်းအရာရှိကြီး အတော်များများ သေဆုံးခဲ့ရပြီး၊ ဧပြီလ ၈ ရက်နေ့ ရောက်မှသာ မရေမရာဖြစ်လှတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ပွဲစတင်ဖြစ်ပွားကတည်းက အီရန်ဘက်က ပိတ်ဆို့ထားခဲ့တဲ့ ကမ္ဘာ့အဓိက စွမ်းအင်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အီရန်ဘက်ကနေ တရုတ်ကုန်တင်သင်္ဘောအချို့ ဖြတ်သန်းသွားလာခွင့် ပြုခဲ့ပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ကတော့ “ အီရန်ရဲ့ ရေလက်ကြား စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအပေါ် အပြန်အလှန် သဘောတူညီချက် ရရှိပြီးနောက်” အခုလို သင်္ဘောတွေကို ဖြတ်သန်းခွင့်ပေးလိုက်တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed