BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ဘေဂျင်းမှာ ရှီကျင့်ဖျင်နဲ့ ပူတင် တွေ့ဆုံ၊ ထရမ့်လာရောက်ပြီး တပတ်မပြည့်ခင် တရုတ်-ရုရှား ရင်းနှီးမှု ပြသ

မေ ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံကို လာရောက်လည်ပတ်ပြီး တပတ်မပြည့်ခင်မှာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဘေဂျင်းမြို့တော်က Great Hall of the People မှာ စစ်ရေးပြအခမ်းအနား၊ ဂုဏ်ပြုတီးဝိုင်းတွေနဲ့ သိုက်သိုက်ဝန်းဝန်း ကြိုဆိုပြီး မေလ ၂၀ ရက် မနက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အမေရိကန်သမ္မတ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ ပြီးခဲ့တဲ့အပတ်က အလားတူနေရာမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အီရန်ပဋိပက္ခနဲ့ တိုင်ဝမ်အရေးတို့ကို ဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာတာဖြစ်လို့ နိုင်ငံတကာက မျက်ခြေမပြတ် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ ထိခိုက်လွယ်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့…

မေ ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံကို လာရောက်လည်ပတ်ပြီး တပတ်မပြည့်ခင်မှာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဘေဂျင်းမြို့တော်က Great Hall of the People မှာ စစ်ရေးပြအခမ်းအနား၊ ဂုဏ်ပြုတီးဝိုင်းတွေနဲ့ သိုက်သိုက်ဝန်းဝန်း ကြိုဆိုပြီး မေလ ၂၀ ရက် မနက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ အမေရိကန်သမ္မတ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ ပြီးခဲ့တဲ့အပတ်က အလားတူနေရာမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အီရန်ပဋိပက္ခနဲ့ တိုင်ဝမ်အရေးတို့ကို ဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာတာဖြစ်လို့ နိုင်ငံတကာက မျက်ခြေမပြတ် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ ထိခိုက်လွယ်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ကိုယ်စားလှယ်အနည်းငယ်သာပါတဲ့ “ အကျဉ်းရုံးအဆင့် ဆွေးနွေးပွဲ” ကို အရင်လုပ်ခဲ့ပြီးနောက် အဖွဲ့ဝင်အစုံအလင်ပါတဲ့ “ အကျယ်တဝံ့ ဆွေးနွေးပွဲ” ကို မွန်းလွဲ ၂ နာရီအထိ ဆက်လက်ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီးမှာ နည်းပညာ၊ ကုန်သွယ်ရေး၊ သိပ္ပံသုတေသနနဲ့ မူပိုင်ခွင့်ဆိုင်ရာ စာချုပ်အများအပြားကို လက်မှတ်ရေးထိုးခဲ့ကြပြီး လွန်ခဲ့တဲ့ ၂၅ နှစ်က ချုပ်ဆိုခဲ့တဲ့ “ တရုတ်-ရုရှား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်” ကိုလည်း သက်တမ်းတိုးခဲ့ကြပါတယ်။

သမ္မတရှီကျင့်ဖျင်က တရုတ်-ရုရှား ဆက်ဆံရေးဟာ “ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပြုမှုရဲ့ အမြင့်ဆုံးအဆင့်” ကို ရောက်ရှိနေပြီလို့ ပြောဆိုခဲ့ပြီး၊ နိုင်ငံတကာနယ်ပယ်မှာ “ တကိုယ်တော် ဗိုလ်ကျစိုးမိုးမှုတွေ” ကို အတူတကွ ဆန့်ကျင်သွားဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာကြီးဟာ တောတွင်းဥပဒေ (Law of the jungle) ဆီ ပြန်မရောက်စေဖို့ သတိပေးခဲ့သလို အရှေ့အလယ်ပိုင်းမှာလည်း အပစ်အခတ်ရပ်စဲရေးဟာ အရေးတကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။ သမ္မတပူတင်ကလည်း ရုရှားဟာ တရုတ်အတွက် “ ယုံကြည်စိတ်ချရတဲ့ စွမ်းအင်ပံ့ပိုးသူ” အဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း ပြောကြားပြီး ရှီကျင့်ဖျင်ကို လာမယ့်နှစ်မှာ ရုရှားနိုင်ငံဆီ လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အနောက်နိုင်ငံတွေနဲ့ တရုတ်ကြား တင်းမာမှုတွေ ရှိနေပေမယ့် ရှီကျင့်ဖျင်နဲ့ ပူတင်တို့ဟာ တဦးကိုတဦး “ သူငယ်ချင်းဟောင်း” လို့ ခေါ်ဆိုပြီး ရင်းနှီးမှုပြသခဲ့ကြပါတယ်။ တွေ့ဆုံမှုအတွင်း ပူတင်က တရက်တာ ခွဲခွာရခြင်းက ဆောင်းဦးရာသီ သုံးကြိမ် (သုံးနှစ်) ကုန်လွန်သွားသလိုပဲ ဆိုတဲ့ တရုတ်စကားပုံကို ထည့်သွင်းပြောဆိုခဲ့သလို၊ ရှီကျင့်ဖျင်ကလည်း ပူတင်ကို ကွန်မြူနစ်ပါတီဌာနချုပ်ရှိရာ ကုန်းကျန်းဟိုင် ဥယျာဉ်ထဲမှာ နက်ကတိုင်မပါဘဲ ပေါ့ပေါ့ပါးပါး လက်ဖက်ရည်ဝိုင်းနဲ့ ဧည့်ခံဖို့ စီစဉ်ထားပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ခံထားရတဲ့ ရုရှားစီးပွားရေးအတွက် တရုတ်နဲ့ ကုန်သွယ်မှုဟာ အဓိက အသက်သွေးကြော ဖြစ်နေပါတယ်။ တရုတ်နိုင်ငံဟာ ရုရှားရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ရုရှားက ထွက်တဲ့ ရေနံတင်ပို့မှု စုစုပေါင်းရဲ့ ထက်ဝက်နီးပါးကို ဝယ်ယူပေးနေတာ ဖြစ်ပါတယ်။

ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် ရဲ့ အဆိုအရ လာမယ့် နိုဝင်ဘာလ တရုတ်နိုင်ငံမှာ ကျင်းပမယ့် အေပက် (APEC) ထိပ်သီးအစည်းအဝေးအတွင်း သမ္မတပူတင်နဲ့ သမ္မတထရမ့်တို့ တွေ့ဆုံ ဆွေးနွေးနိုင်ခြေ ရှိတယ်လို့ သိရပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ တရုတ်စီးပွားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံထုတ် ဘိုးအင်း လေယာဉ်အစင်း ၂၀၀ ဝယ်ယူမှာဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့နှစ် ကွာလာလမ်ပူမှာ ရရှိခဲ့တဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက်ကို သက်တမ်းတိုးဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့အပတ်က ထရမ့်ပြောကြားခဲ့တဲ့ လေယာဉ်အော်ဒါကိစ္စကို တရုတ်ဘက်က ပထမဆုံးအကြိမ် တရားဝင် အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed