BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

မယ်ဟောင်ဆောင် နယ်စပ်ဖြတ်ကျော်ဂိတ်တွင် မြန်မာနိုင်ငံသို့ ကုန်စည်တင်ပို့မှုများ ဆိုင်းငံ့ထားရ

မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း (Precursor chemicals) များ လွှဲပြောင်းသယ်ယူမှုကို တားဆီးနှိမ်နင်းရန် ကြိုးပမ်းမှုအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် Huai Phueng နယ်စပ်ဂိတ်တွင် ကန့်သတ်ချက်များ တင်းကျပ်လိုက်ပြီး၊ ခြေလျင်ခရီးသွားလာခွင့်ကိုသာ ခွင့်ပြုထားကာ ကုန်စည်တင်ပို့မှုများနှင့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ် သွားလာမှုများကို ဆိုင်းငံ့ထားကြောင်း သိရပါတယ်။ သောကြာနေ့တွင် မယ်ဟောင်ဆောင်ခရိုင်၊ Huay Pha တိုက်နယ်၊ Ban Huai Phueng ကျေးရွာမှ နယ်စပ်ကုန်သည် ၂၀ ကျော်သည် ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်မှုများကို ဆန္ဒပြရန်အတွက် ဟွေ့ဖာတိုက်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ စုဝေးရောက်ရှိလာခဲ့ကြပါတယ်။ ကုန်သည်များက မြန်မာနိုင်ငံသို့ ကုန်စည်သယ်ယူပို့ဆောင်ရေး ဆိုင်းငံ့ထားခြင်းကြောင့်…

မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း (Precursor chemicals) များ လွှဲပြောင်းသယ်ယူမှုကို တားဆီးနှိမ်နင်းရန် ကြိုးပမ်းမှုအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် Huai Phueng နယ်စပ်ဂိတ်တွင် ကန့်သတ်ချက်များ တင်းကျပ်လိုက်ပြီး၊ ခြေလျင်ခရီးသွားလာခွင့်ကိုသာ ခွင့်ပြုထားကာ ကုန်စည်တင်ပို့မှုများနှင့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ် သွားလာမှုများကို ဆိုင်းငံ့ထားကြောင်း သိရပါတယ်။

သောကြာနေ့တွင် မယ်ဟောင်ဆောင်ခရိုင်၊ Huay Pha တိုက်နယ်၊ Ban Huai Phueng ကျေးရွာမှ နယ်စပ်ကုန်သည် ၂၀ ကျော်သည် ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်မှုများကို ဆန္ဒပြရန်အတွက် ဟွေ့ဖာတိုက်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ စုဝေးရောက်ရှိလာခဲ့ကြပါတယ်။ ကုန်သည်များက မြန်မာနိုင်ငံသို့ ကုန်စည်သယ်ယူပို့ဆောင်ရေး ဆိုင်းငံ့ထားခြင်းကြောင့် ဒေသခံစီးပွားရေးလုပ်ငန်းများကို ပြင်းထန်စွာ ထိခိုက်စေပြီး နေ့စဉ်ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေရသဖြင့် မယ်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေးအေဂျင်စီများအကြား ညှိနှိုင်းပေးရန် တရားဝင်အသနားခံစာတစောင်ကို တင်ပြခဲ့ကြပါတယ်။

လုပ်ငန်းရှင်များက ယခုကန့်သတ်ချက်များသည် နယ်စပ်ကုန်သွယ်မှုကို မှီခိုအားထားနေရသည့် နယ်စပ်ဒေသခံ လူထုအတွက် ကြီးမားသော စီးပွားရေးကျပ်တည်းမှုများကို ဖြစ်ပေါ်စေကြောင်း အကြောင်းပြ၍ အာဏာပိုင်များအနေဖြင့် ယာယီစစ်ဆေးရေးဂိတ်ကို ပုံမှန်ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။

ယင်းအပေါ် လုံခြုံရေးတာဝန်ရှိသူများက ဟွေ့ဖိန်းနယ်စပ်ဂိတ်ကို လုံးဝပိတ်ပစ်လိုက်သည်ဟူသော ပြောဆိုချက်များကို ငြင်းဆိုခဲ့ပြီး ခြေလျင်ခရီးသွားများအတွက်မူ ဆက်လက်ဖွင့်လှစ်ပေးထားကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ သို့သော်လည်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် တရားမဝင်ကုန်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည်ဟု သံသယရှိရသည့် ဓာတုပစ္စည်းများကို ကြားဖြတ်ဖမ်းဆီးနိုင်ရန်အတွက် စစ်ဆေးရေးလုပ်ထုံးလုပ်နည်းများကို ပြန်လည်မွမ်းမံပြင်ဆင်နေခြင်းကြောင့် မြန်မာနိုင်ငံအတွင်းသို့ ကုန်စည်တင်ပို့မှုနှင့် မော်တော်ယာဉ်ဖြတ်သန်းခွင့် အားလုံးကို ယာယီဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း ဆိုပါတယ်။

မကြာသေးမီက နယ်စပ်တဖက်ခြမ်းရှိ တရားမဝင်မူးယစ်ဆေးဝါးချက်လုပ်ရေးလုပ်ငန်းများသို့ ဦးတည်ပေးပို့မည့် သံသယဖြစ်ဖွယ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေးမှုများကို တင်းကျပ်လိုက်ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောပါတယ်။ ထို့ပြင် အချို့သော ကုန်သေတ္တာလုပ်ငန်းရှင်များသည် အကောက်ခွန်ကြေညာလွှာများတွင် တိကျမှန်ကန်မှုမရှိဘဲ လိမ်လည်တင်ပြထားခြင်းများ ရှိနေသောကြောင့် စစ်ဆေးရေးနှင့် စာရွက်စာတမ်းလုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်နေစဉ်အတွင်း ကုန်စည်စီးဆင်းမှုများကို ယာယီဆိုင်းငံ့ထားရခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ကြပါတယ်။ လုံခြုံရေးအရာရှိများက ယခုအစီအမံများသည် နယ်စပ်ကုန်သွယ်မှုကို ကြီးကြပ်ကွပ်ကဲမှု အားကောင်းစေရန်နှင့် တရားမဝင်ပစ္စည်းများ စစ်ဆေးရေးဂိတ်မှတဆင့် ဖြတ်သန်းသယ်ဆောင်ခြင်းကို တားဆီးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အတောအတွင်း မယ်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူးသည် Singhanat အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ ခရိုင်စီးပွားရေးနှင့် အကောက်ခွန်ရုံးများမှ တာဝန်ရှိသူများနှင့်အတူ လာမည့် မေလ ၂၅ ရက်နေ့တွင် ဘန်ဟွေ့ဖိန်း ယာယီနယ်စပ်စစ်ဆေးရေးဂိတ်သို့ သွားရောက်ကာ အခြေအနေများကို စစ်ဆေးပြီး ဒေသခံကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပါတယ်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် အာဏာပိုင်များအနေဖြင့် နယ်စပ်လုံခြုံရေးအစီအမံများနှင့် စီးပွားရေးလုပ်ငန်းများကို မျှတအောင် ဆောင်ရွက်နိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေး ကြန့်ကြာမှုများကို ဆန်းစစ်ရန်နှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၏ စိုးရိမ်ပူပန်မှုများကို နားထောင်ရန် အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။

ထို့အပြင် ခရိုင်အာဏာပိုင်များသည် လာမည့် မေလ ၂၇ ရက်နေ့တွင် ပူးတွဲကော်မတီအစည်းအဝေးတခုကို ကျင်းပရန် သတ်မှတ်ထားပြီး၊ တရားဝင်ကုန်သွယ်မှုများကို ပိုမိုတင်းကျပ်သော ထိန်းချုပ်မှုများအောက်တွင် ပြန်လည်စတင်နိုင်စေရန်အတွက် နယ်စပ်ဂိတ်၏ ရေရှည်စီမံခန့်ခွဲမှုများနှင့် စစ်ဆေးရေးလုပ်ထုံးလုပ်နည်းများကို ဖြစ်နိုင်ခြေရှိသမျှ ပြုပြင်ပြောင်းလဲရန် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed