BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

, ,

မြန်မာနဲ့ ကမ္ဘောဒီးယားကို ဗဟိုပြုပြီး ကြီးထွားလာနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှု ရာဇဝတ်ကွန်ရက်ဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်နွှယ်နေတယ်လို့ဆို

မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) အရှေ့တောင်အာရှဒေသတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (Cyber Fraud) တွေနဲ့ လူကုန်ကူးမှုတွေရဲ့ အဓိကဗဟိုချက်တွေအဖြစ် မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ ဖြစ်လာနေတယ်လို့ အမေရိကန်အောက်လွှတ်တော် တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ အထူးကော်မတီက အစီရင်ခံစာထုတ်ပြန်ရာ ထည့်သွင်းဖေါ်ပြထားပါတယ်။ ဒါဟာ တစ်ခုချင်းစီဖြစ်ပွားနေတဲ့ ရာဇဝတ်မှုမျိုးမဟုတ်ဘဲ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေ၊ ဒေသတွင်း အဂတိလိုက်စားမှုတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီ (CCP) နဲ့ ဆက်နွှယ်နေတဲ့ ကွန်ရက်တွေ ပေါင်းစပ်လှုပ်ရှားနေတဲ့ စနစ်တခု ဖြစ်နေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေဟာ အမေရိကန်နိုင်ငံသားတွေကို အဓိကပစ်မှတ်ထားပြီး နည်းပညာသုံး ငွေကြေးလိမ်လည်မှု နည်းလမ်းမျိုးစုံနဲ့…

မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)

အရှေ့တောင်အာရှဒေသတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (Cyber Fraud) တွေနဲ့ လူကုန်ကူးမှုတွေရဲ့ အဓိကဗဟိုချက်တွေအဖြစ် မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ ဖြစ်လာနေတယ်လို့ အမေရိကန်အောက်လွှတ်တော် တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ အထူးကော်မတီက အစီရင်ခံစာထုတ်ပြန်ရာ ထည့်သွင်းဖေါ်ပြထားပါတယ်။

ဒါဟာ တစ်ခုချင်းစီဖြစ်ပွားနေတဲ့ ရာဇဝတ်မှုမျိုးမဟုတ်ဘဲ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေ၊ ဒေသတွင်း အဂတိလိုက်စားမှုတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီ (CCP) နဲ့ ဆက်နွှယ်နေတဲ့ ကွန်ရက်တွေ ပေါင်းစပ်လှုပ်ရှားနေတဲ့ စနစ်တခု ဖြစ်နေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေဟာ အမေရိကန်နိုင်ငံသားတွေကို အဓိကပစ်မှတ်ထားပြီး နည်းပညာသုံး ငွေကြေးလိမ်လည်မှု နည်းလမ်းမျိုးစုံနဲ့ လိမ်လည်လှည့်ဖြားနေကြတာကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံထက်မနည်း ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေလျက်ရှိတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ နိုင်ငံရေး အထက်တန်းလွှာတွေရဲ့ အကာအကွယ်ပေးမှုနဲ့ ခိုင်ခိုင်မာမာ အခြေစိုက်နေတာ ဖြစ်တယ်ပြီး ကမ္ဘောဒီးယားရှိ ငွေလိမ်ဂိုဏ်းတွေမှာ လူပေါင်း ၁၅၀,၀၀၀ ကျော်ဟာ လူကုန်ကူးခံရပြီး အဓမ္မစေခိုင်းခံနေရတယ်လို့ ခန့်မှန်းစီရင်ခံစာရဲ့ တွေ့ရှိချက်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နယ်စပ်ဒေသ အုပ်ချုပ်ရေး အားနည်းချက်တွေအပေါ် အခြေခံပြီး ဖြစ်ထွန်းနေတာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ဥပဒေစိုးမိုးရေး ပျက်ပြားသွားခြင်းက ဒီလုပ်ငန်းတွေကို ပိုမိုကြီးထွားစေခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီနဲ့ မဟာမိတ်ပြုထားတဲ့ နယ်ခြားစောင့်တပ် (BGF) တွေဟာ ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေဆီကနေ ဆပ်ကြေးနဲ့ အကျိုးအမြတ်တွေ ရယူကာ နယ်မြေနဲ့ လုံခြုံရေး အကာအကွယ်ပေးထားပါတယ်။ ဥပမာအားဖြင့် ကရင်ပြည်နယ်က “ KK Park” ၊ “ Huanya” ၊ “ Dongjiang” နဲ့ ရွှေကုက္ကိုလ် စီမံကိန်းတွေဟာ ထင်ရှားတဲ့ ဗဟိုချက်တွေ ဖြစ်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကိုးကန့်ဒေသရှိ BGF ခေါင်းဆောင်များကို တိုက်ရိုက်ဖမ်းဝရမ်းထုတ်ခဲ့ပေမယ်လည်း ကရင်ပြည်နယ်က BGF ခေါင်းဆောင် စောချစ်သူအပေါ်တော့ တိုက်ရိုက်ဖိအားပေးတာမျိုး မလုပ်ဆောင်သေးဘဲ စစ်ကောင်စီမှတစ်ဆင့် သွယ်ဝိုက်သောနည်းလမ်းနဲ့ သာ ဖိအားပေးတာရှိတယ်လို့ ဆိုပါတယ်။

ဒီရာဇဝတ်ဇုန်တွေဟာ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှု ကင်းမဲ့နေတဲ့အပြင်၊ တရုတ်နိုင်ငံက ဖိအားပေးလာရင်လည်း လက်နက်ကိုင်အဖွဲ့တွေကြား အပြန်အလှန် အကျိုးစီးပွားတွေကြောင့် အမြစ်ပြတ်ချေမှုန်းဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေဟာ Cryptocurrency (ဒီဂျစ်တယ်ငွေကြေး)၊ ရှဲလ်ကုမ္ပဏီ (Shell accounts) တွေနဲ့ တရားမဝင် မှောင်ခိုငွေလွှဲကွန်ရက် (Underground Banking) တွေကို အသုံးပြုပြီး ရရှိလာတဲ့ငွေတွေကို ခဝါချနေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ FATF ရဲ့ နာမည်ပျက်စာရင်း (Blacklist) သွင်းခံရပြီးနောက်ပိုင်း ဒီလိုမှောင်ခိုစနစ်တွေကို ပိုသုံးလာတာ ဖြစ်ပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ နိုင်ငံရေး အကာအကွယ်ပေးမှု၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုနဲ့ တရုတ်နိုင်ငံရဲ့ တစိတ်တပိုင်း လျစ်လျူရှုမှု ဒါမဟုတ် ရွေးချယ်အရေးယူမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရဲ့ အဓိကအခြေစိုက်စခန်းတွေ ဖြစ်နေရတာလို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမယ့်လည်း စစ်ကောင်စီမဟုတ်တဲ့ တော်လှန်ရေးအဖွဲ့တွေ (ဥပမာ- KNU/KNLA) က ရွှေဒါး (Shunda) ကွင်းကဲ့သို့သော နေရာတွေကို ဝင်ရောက်စီးနင်းပြီး အထောက်အထားတွေ သိမ်းဆည်းကာ FBI အပါအဝင် နိုင်ငံတကာ အာဏာပိုင်တွေနဲ့ ပူးပေါင်းနှိမ်နင်းမှုတွေလည်း ပေါ်ပေါက်လာနေတယ်လို့လည်း ဆိုပါတယ်။

၂၀၂၆ ခုနှစ် ဧပြီလမှာ အမေရိကန် တရားရေးဝန်ကြီးဌာန (DOJ) က ထိုရွှေဒါးကွင်းမှ KNLA သိမ်းဆည်းရမိခဲ့တဲ့ စက်ပစ္စည်း ထောင်ပေါင်းများစွာနဲ့ Hard Drives တွေကို FBI နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းစစ်ဆေးပြီးနောက် အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်ခဲ့တဲ့ တရုတ်မန်နေဂျာနဲ့ ခေါင်းဆောင်နှစ်ဦးကို တရားစွဲဆို အရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed