BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

စစ်ပွဲရပ်ဖို့လူချင်းတွေ့ရအောင်လို့ ရုရှားသမ္မတပူတင်ကိုယူကရိန်းသမ္မတဇလန်းစကီးစာပို့ ကမ်းလှမ်း

ဇွန် ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ရုရှားနဲ့ ယူကရိန်းခေါင်းဆောင် နှစ်ဦးစလုံးဟာ သူတို့ကိုယ်စီမှာ ယုံကြည်မှုအပြည့်ရှိနေကြပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အရိပ်အယောင်တွေ ပြသလာကြပါတယ်။ ဒါပေမယ့်လည်း ရုရှားသမ္မတ ပူတင်ဘက်က သူ့ရဲ့ တောင်းဆိုချက်တွေကို လျှော့ပေးမယ့် အလားအလာ မရှိသေးသလို၊ ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း ယူကရိန်းနိုင်ငံရဲ့ “ ရှင်သန်ရပ်တည်ရေး” အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ရုရှားသမ္မတ ပူတင်ထံသို့ အိတ်ဖွင့်ပေးစာတစောင် တိုက်ရိုက်ပေးပို့ခဲ့ပြီး၊ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် နှစ်ဦးတည်း “ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု ကတဆင့် မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ကမ်းလှမ်းလိုက်ပါတယ်။ ယူကရိန်းသမ္မတရုံးရဲ့…

ဇွန် ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ရုရှားနဲ့ ယူကရိန်းခေါင်းဆောင် နှစ်ဦးစလုံးဟာ သူတို့ကိုယ်စီမှာ ယုံကြည်မှုအပြည့်ရှိနေကြပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အရိပ်အယောင်တွေ ပြသလာကြပါတယ်။ ဒါပေမယ့်လည်း ရုရှားသမ္မတ ပူတင်ဘက်က သူ့ရဲ့ တောင်းဆိုချက်တွေကို လျှော့ပေးမယ့် အလားအလာ မရှိသေးသလို၊ ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း ယူကရိန်းနိုင်ငံရဲ့ “ ရှင်သန်ရပ်တည်ရေး” အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ရုရှားသမ္မတ ပူတင်ထံသို့ အိတ်ဖွင့်ပေးစာတစောင် တိုက်ရိုက်ပေးပို့ခဲ့ပြီး၊ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် နှစ်ဦးတည်း “ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု ကတဆင့် မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ကမ်းလှမ်းလိုက်ပါတယ်။

ယူကရိန်းသမ္မတရုံးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ ဇလန်းစကီးက ဒီဆွေးနွေးပွဲတွေ ပြုလုပ်နေမယ့် ကာလတလျှောက်လုံးမှာ ယူကရိန်းအနေနဲ့ အပြည့်အဝ အပစ်အခတ်ရပ်စဲ သွားဖို့ အဆင်သင့်ရှိပါတယ်” လို့ ထည့်သွင်းပြောကြားထားပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် ရုရှားရဲ့ အလုံးစုံကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ဇလန်းစကီးဘက်က ပူတင်ထံ တိုက်ရိုက်ကမ်းလှမ်းမှု ပြုလုပ်ခဲ့တဲ့ ဖြစ်ခဲလှတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ သူက ဆက်လက်ပြီး ရုရှားပြည်သူတွေဟာလည်း စစ်ပွဲဒဏ်ကြောင့် မောပန်းနွမ်းနယ်နေကြပြီဖြစ်ကြောင်းနဲ့ တကယ်လို့ ပူတင်ဘက်က “ စစ်ပွဲကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ” ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ သဘောမပေါက်ဘူးဆိုရင်တော့ ယူကရိန်းအနေနဲ့ ရှင်သန်ရပ်တည်ရေးအတွက် နောက်ဆုံးအချိန်ထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သတိပေးခဲ့ပါတယ်။

ဇလန်းစကီးရဲ့ စာထွက်လာတဲ့ ကြာသပတေးနေ့မှာပဲ သမ္မတ ပူတင်ဟာ စိန့်ပီတာစဘတ် စီးပွားရေးညီလာခံမှာ နိုင်ငံတကာ သတင်းဌာနအကြီးအကဲတွေနဲ့ တွေ့ဆုံစဉ်အတွင်း ရုရှားစစ်တပ်ဟာ စစ်ပွဲမှာ အသာစီးရနေဆဲဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။ ပူတင်က ရုရှားတပ်ဖွဲ့တွေဟာ စစ်မျက်နှာပြင်တစ်ခုလုံးမှာ အရှိန်အဟုန်နဲ့ ရှေ့တိုးနေပြီး၊ ထိုးစစ်ဆင်မှုတွေကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်က ရုရှားက တရားမဝင်သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်းဒေသတွေဖြစ်တဲ့ “ လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံ (LPR)” တခုလုံးကို ရုရှားက အပြည့်အဝထိန်းချုပ်ထားနိုင်သလို၊ “ ဒိုးနက်စ်ပြည်သူ့သမ္မတနိုင်ငံ (DPR)” ရဲ့ ၈၅ ရာခိုင်နှုန်းကျော်ကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ ပူတင်က ကိန်းဂဏန်းတွေနဲ့ ပြောဆိုခဲ့ပါတယ်။

ဒီကိန်းဂဏန်းတွေဟာ အနောက်နိုင်ငံတွေရဲ့ လွတ်လပ်တဲ့ စစ်တမ်းတွေနဲ့ ကိုက်ညီမှုရှိနေပြီး၊ ဟားဗတ်တက္ကသိုလ်ရဲ့ Russia Matters သုတေသနအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ရုရှားဟာ တရားမဝင်သိမ်းပိုက်ထားတဲ့ အခြားယူကရိန်းဒေသနှစ်ခုဖြစ်တဲ့ ဇာပိုရီရှား ရဲ့ ၇၅ ရာခိုင်နှုန်းနဲ့ ခါဆွန် ရဲ့ ၆၅ ရာခိုင်နှုန်းကိုလည်း လက်ရှိမှာ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

ပူတင်က သူတို့အသာစီးရနေတယ်လို့ ကြုံးဝါးနေပေမယ့်လည်း တကယ့်မြေပြင်မှာတော့ ရုရှားရဲ့ အရှေ့ပိုင်းစစ်မျက်နှာပြင် ထိုးစစ်တွေဟာ သိသိသာသာ ရပ်တန့်နေတာ ဖြစ်ပါတယ်။ အကြောင်းကတော့ ယူကရိန်းစစ်တပ်ဟာ စစ်မျက်နှာပြင်တွေမှာ ဒရုန်း စစ်ဆင်ရေးတွေကို အကြီးအကျယ် အသုံးချပြီး မော်စကိုတပ်တွေကို ပိတ်ဆို့ဟန့်တားထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် ရုရှားဟာ မြေပြင်မှာ ရှေ့မတိုးနိုင်တဲ့အတွက် မြို့ပြတွေထဲက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ရေရှည်ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာတာကြောင့် ပြီးခဲ့တဲ့အပတ်တွေအတွင်း ယူကရိန်းပြည်သူ အမြောက်အမြား သေဆုံးခဲ့ရပါတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့ Russia Matters စီမံကိန်းရဲ့ နောက်ဆုံးအချက်အလက်တွေအရ ရုရှားစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် မတ်လနဲ့ ဧပြီလအတွင်းမှာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းမြေပြင် ထိန်းချုပ်မှုနယ်မြေတွေ သိသိသာသာ ပြန်လည်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကိဗ်မြို့ကို သွားရောက်ခဲ့တဲ့ နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရုတ္တေ (Mark Rutte) ကလည်း ဇလန်းစကီးနဲ့အတူ ပူးတွဲရပ်တည်ရင်း လက်ရှိမှာ တလကို ရုရှားစစ်သား ၃၀,၀၀၀ ခန့် ယူကရိန်းစစ်မြေပြင်မှာ သေဆုံးနေရတယ်လို့ အနောက်နိုင်ငံတွေနဲ့ နေတိုးရဲ့ စာရင်းဇယားတွေကို ကိုးကားပြီး ရုရှားလူငယ်တွေကို သတိပေးစကား ပြောကြားခဲ့ပါတယ်။ ယူကရိန်းဘက်ကတော့ သူတို့စစ်သား သေဆုံးမှုစာရင်းကို ပုံမှန်ထုတ်ပြန်လေ့ မရှိပါဘူး။ ပူတင်ကလည်း ယူကရိန်းဒရုန်းတွေကို ကာကွယ်ဖို့ ပိုမိုလုပ်ဆောင်ရဦးမယ်လို့ ဝန်ခံခဲ့ပေမယ့် အချိန်က ရုရှားဘက်မှာရှိနေပြီး ယူကရိန်းမှာ စစ်သည်အင်အား မလုံလောက်တော့ဘူးလို့ ယူဆနေဆဲ ဖြစ်ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းနဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ သဘောတူညီချက်ရယူဖို့ အသင့်ရှိတယ်လို့ ပူတင်က ဆိုသော်လည်း၊ ယူကရိန်းဘက်က ဒွန်ဘတ်စ် ဒေသတခုလုံးကို လက်လွှတ်ပေးရမယ်ဆိုတဲ့ အချက်အပါအဝင် ၎င်းရဲ့ တောင်းဆိုချက်တွေကိုတော့ လုံးဝ အလျှော့ပေးမယ့်ပုံ မရှိပါဘူး။

ပူတင်က ပြီးခဲ့တဲ့နှစ်တုန်းက အလက်စကာပြည်နယ်၊ အန်ကာရေ့ဂျ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးက “ အပြန်အလှန် ညှိနှိုင်းမှုတွေ” ကို ပြန်လည်ကိုးကားခဲ့ပါတယ်။ အဲဒီအချက်တွေထဲမှာ  ယူကရိန်းအနေနဲ့ နေတိုး (NATO) အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုတွေကို စွန့်လွှတ်ရမှာဖြစ်ပြီး၊ ခရိုင်းမီးယား (Crimea) ဒေသကို ရုရှားပိုင်နက်အဖြစ် တရားဝင် အသိအမှတ်ပြုရမယ် ဆိုတဲ့ အချက်တွေ ပါဝင်နေပါတယ်။ “ ယူကရိန်းဘက်က ဒီအချက်တွေကို သဘောတူရင် စစ်ပွဲက ချက်ချင်း ပြီးသွားလိမ့်မယ်” လို့ ပူတင်က ဆိုပါတယ်။

ကရင်မ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် ကတော့ ပူတင်အနေနဲ့ ဇလန်းစကီးရဲ့ စာကို မဖတ်ရသေးဘူးလို့ ဆိုပြီး ဇလန်းစကီးအနေနဲ့ မော်စကိုမြို့ကို ဘယ်အချိန်မဆို လာချင်ရင် လာလို့ရပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ အမေရိကန်က ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပျက်ပြားခဲ့ပြီးနောက် ထရမ့်အစိုးရအဖွဲ့ဟာ ကြားဝင်စေ့စပ်ပေးတဲ့ အခန်းကဏ္ဍကနေ နောက်ဆုတ်သွားခဲ့သလို ကိဗ်အတွက် တိုက်ရိုက်စစ်ရေးကူညီမှုတွေကိုလည်း ဖြတ်တောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီကမ်းလှမ်းမှုနဲ့ပတ်သက်ပြီး သမ္မတ ထရမ့်ကတော့ သူတို့နှစ်ယောက် တွေ့ဆုံမယ်ဆိုရင် အလွန်ကောင်းမှာပါ။ သူတို့ တွေ့ဆုံပြီး စစ်ပွဲကို အပြတ် ရှင်းလိုက်သင့်တယ်” လို့ ကြာသပတေးနေ့မှာပဲ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed