BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ဖိလစ်ပိုင်မှာ ပြင်းအား ၇.၈ အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်၊

လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရ ဇွန် ၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းအနီး ပင်လယ်ပြင်ကို ဗဟိုပြုပြီး ယနေ့ ဇွန် ၈ ရက် နံနက်ပိုင်းက ပြင်းအား ၇.၈ အဆင့်ရှိ အင်အားပြင်းငလျင်ကြီး တခု လှုပ်ခတ်သွားခဲ့တာကြောင့် လူပေါင်း ၁၅ ဦးထက်မနည်း သေဆုံးပြီး အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် အာရှဒေသတွင်း နိုင်ငံအပြားမှာလည်း ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီ အင်အားပြင်းငလျင်ဟာ ဒေသစံတော်ချိန် တနင်္လာနေ့ နံနက် ၇ နာရီ ၄၀…

လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရ

ဇွန် ၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းအနီး ပင်လယ်ပြင်ကို ဗဟိုပြုပြီး ယနေ့ ဇွန် ၈ ရက် နံနက်ပိုင်းက ပြင်းအား ၇.၈ အဆင့်ရှိ အင်အားပြင်းငလျင်ကြီး တခု လှုပ်ခတ်သွားခဲ့တာကြောင့် လူပေါင်း ၁၅ ဦးထက်မနည်း သေဆုံးပြီး အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် အာရှဒေသတွင်း နိုင်ငံအပြားမှာလည်း ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။

အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီ အင်အားပြင်းငလျင်ဟာ ဒေသစံတော်ချိန် တနင်္လာနေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး၊ ငလျင်လှုပ်ပြီးနောက် တနာရီကျော်ကြာတဲ့အထိ နောက်ဆက်တွဲငလျင် တွေ ဆက်တိုက်လှုပ်ခတ်ခဲ့တယ်လို့ ဖိလစ်ပိုင် ငလျင်နှင့် မီးတောင်ဗေဒအဖွဲ့ (PHIVOLCS) က ဆိုပါတယ်။

ငလျင်ကြောင့် မင်ဒါနာအိုကျွန်းတောင်ပိုင်းက လူဦးရေ ၇ သိန်းကျော်ရှိတဲ့ ဂျင်နရယ်ဆန်းတိုးစ် မြို့မှာ အပြင်းထန်ဆုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့နေတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ မြို့တွင်းရှိ သုံးထပ်အဆင့်ရှိ တဲ့ Jollibee အမြန်စားသောက်ကုန်ဆိုင် အဆောက်အအုံတခုဟာ ဖုန်မှုန့်အလိပ်လိပ်နဲ့အတူ ဝုန်းကနဲ ပြိုကျပျက်စီးသွားခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် မြို့ရှိ စိန့်အဲလိဇဘတ်ဆေးရုံမှာလည်း ပြင်းထန်တဲ့ ပျက်စီးမှုတွေဖြစ်ပွားခဲ့တာကြောင့် လူနာတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ  က အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကို ချက်ချင်း အသင့်ပြင်စေခဲ့သလို၊ ငလျင်ဒဏ်သင့်ဒေသတွေရှိ စာသင်ကျောင်းတွေကို ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတက “ ကျွန်တော်တို့ ကလေးတွေရဲ့ ဘေးကင်းလုံခြုံရေးက ပထမဆုံးပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံတို့အပါအဝင် အာရှဒေသတွင်း အာဏာပိုင်တွေက ဆူနာမီ သတိပေးချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ ဖိလစ်ပိုင်အစိုးရက ကမ်းရိုးတန်းပြည်နယ် ၉ ခုက ပြည်သူတွေကို မြင့်မားတဲ့ကုန်းတွင်းပိုင်းဒေသတွေဆီ ချက်ချင်း ရွှေ့ပြောင်းကြဖို့ နှိုးဆော်ခဲ့ပါတယ်။

သမ္မတ မားကို့စ် ဂျူနီယာ ကလည်း “ ဆူနာမီသတိပေးချက်ကို ကျေးဇူးပြုပြီး လိုက်နာကြပါ။ မြင့်တဲ့နေရာတွေကို အခုပဲ ရွှေ့ကြပါ။ မစောင့်ပါနဲ့။ ခင်ဗျားတို့ရဲ့ အသက်ဟာ နောက်မှာကျန်ခဲ့မယ့် ဘယ်အရာထက်မဆို ပိုအရေးကြီးပါတယ်” လို့ ပြည်သူတွေကို အရေးပေါ် သတိပေးနှိုးဆော်ခဲ့ပါတယ်။

အမေရိကန်အခြေစိုက် ပစိဖိတ်ဆူနာမီသတိပေးစင်တာ (PTWC) က ဖိလစ်ပိုင်ကမ်းရိုးတန်းတွေမှာ ၃ မီတာ (၉.၈ ပေ) အထိမြင့်တဲ့ ဆူနာမီလှိုင်းလုံးကြီးတွေ ရိုက်ခတ်နိုင်ကြောင်းနဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာလည်း ၁ မီတာအထိ မြင့်တဲ့ လှိုင်းလုံးတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။

ဒီကနေ့ မွန်းတည့်ချိန်မှာတော့ ဆူနာမီအန္တရာယ် ကျော်လွန်သွားပြီဖြစ်ကြောင်း အဆိုပါစင်တာက ထုတ်ပြန်ခဲ့ပါတယ်။ ငလျင်ကြောင့် အမြင့်ဆုံးဆူနာမီလှိုင်းကို အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီမြောက်ပိုင်း ပြည်နယ်မှာ တွေ့ရှိခဲ့ရပြီး တနင်္လာနေ့နံနက်ပိုင်းက အမြင့် ၀.၈၃ မီတာ (၂.၇ ပေ) ရှိတဲ့ လှိုင်းလုံးတွေ ရိုက်ခတ်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ အင်ဒိုနီးရှားနဲ့ ဂူအမ်ကျွန်းတို့မှာ ဆူနာမီသတိပေးချက်တွေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်သော်လည်း၊ ဂျပန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတွေမှာတော့ လှိုင်းပြင်းထန်နိုင်တာကြောင့် မြစ်ဝတွေနဲ့ ကမ်းခြေဒေသတွေအနီးကို မသွားကြဖို့ သတိပေးချက် ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်ကြောင်း သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed