မတရားဖမ်းဆီးထောင်ချခံထားရတဲ့ သမ္မတ ဦးဝင်းမြင့် ပြန်လွတ်
စစ်အာဏာသိမ်းချိန်မှာ မတရားဖမ်းဆီးထောင်ချခံထားရတဲ့ သမ္မတ ဦးဝင်းမြင့် ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖေါ်ပြလာပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖမ်းဆီးထောင်ချထားတဲ့ အကျဉ်းသား/သူ ၄၃၅၅ ဦးကို ပြန်လွှတ်ပေးရာမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လည်း ပါဝင်လာတာဖြစ်ပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ စစ်အာဏာသိမ်းချိန်မှာ သမ္မတ အဖြစ်ကနေ နုတ်ထွက်ကြောင်း စစ်တပ်က အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့ပေမယ့် ပြည်သူလူထုက ပေးအပ်ထားတဲ့ သမ္မတ တာဝန်ကို မစွန့်လွှတ်ခဲ့ဘဲဖမ်းဆီးထောင်ချတာကိုသာ ခံခဲ့သူပါတယ်။
အခုချိန်မှာတော့ သမ္မတဦးဝင်းမြင့်ဟာ နေအိမ်ကို ပြန်လည်ရောက်ရှိပြီး မိသားစုဆုံဆည်းနေပြီဖြစ်တယ်လို့ ဓါတ်ပုံတွေအရ သိရပါတယ်။

