BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

, ,

၂၀၂၆ Esportsကမ္ဘာ့ဖလားပြိုင်ပွဲကို ရီယာ့ဒ်မြို့အစား ပါရီမြို့သို့ ပြောင်းရွှေ့ကျင်းပမည်

မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကမ္ဘာ့အကြီးဆုံး Esportsဂိမ်းပြိုင်ပွဲကြီးကို အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ အနှောင့်အယှက်များကြောင့် ဆော်ဒီအာရေဗျနိုင်ငံအစား ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ယခုနွေရာသီအတွင်း ပြောင်းရွှေ့ကျင်းပသွားမှာဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားလိုက်ပါတယ်။ လာမည့် ဇူလိုင် ၆ ရက်မှ ဩဂုတ် ၂၃ ရက်နေ့အထိ ကျင်းပမည့် ၂၀၂၆ Esports World Cup ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များသည် ဂိမ်းအမျိုးအစား ၂၄ ခု၌ အမေရိကန်ဒေါ်လာ ၇၅ သန်းကျော် ရှိမည့် စံချိန်တင်ဆုကြေးငွေများအတွက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကြီးကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံ၏ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (PIF) က ကျောထောက်နောက်ခံပြုပေးထားခြင်း…

မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ကမ္ဘာ့အကြီးဆုံး Esportsဂိမ်းပြိုင်ပွဲကြီးကို အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ အနှောင့်အယှက်များကြောင့် ဆော်ဒီအာရေဗျနိုင်ငံအစား ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ယခုနွေရာသီအတွင်း ပြောင်းရွှေ့ကျင်းပသွားမှာဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားလိုက်ပါတယ်။

လာမည့် ဇူလိုင် ၆ ရက်မှ ဩဂုတ် ၂၃ ရက်နေ့အထိ ကျင်းပမည့် ၂၀၂၆ Esports World Cup ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များသည် ဂိမ်းအမျိုးအစား ၂၄ ခု၌ အမေရိကန်ဒေါ်လာ ၇၅ သန်းကျော် ရှိမည့် စံချိန်တင်ဆုကြေးငွေများအတွက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲကြီးကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံ၏ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (PIF) က ကျောထောက်နောက်ခံပြုပေးထားခြင်း ဖြစ်ပါတယ်။ ပထမဆုံးနှစ်ပတ်လည်ပြိုင်ပွဲ ၂ ကြိမ်လုံးကို ကမ္ဘာ့အီးစပေါ့စ်လောကကို ဦးဆောင်ရန် ကြိုးပမ်းနေတဲ့ ဆော်ဒီ မှာသာ ကျင်းပခဲ့တာဖြစ်ပြီး၊ ယခုနှစ်အတွက်လည်း ရီယာ့ဒ်မြို့မှာပင် ဆက်လက်ကျင်းပရန် မူလက သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

“ဒါပေမယ့် ဒေသတွင်း ပဋိပက္ခတွေကြောင့် ပြိုင်ပွဲဝင်ကစားသမားတွေ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ဒီဒေသဆီကို ဘေးကင်းကင်းနဲ့ ခရီးသွားလာနိုင်ပါ့မလားဆိုတာ စိုးရိမ်စရာ ဖြစ်လာပါတယ်” ဟု ဆော်ဒီအခြေစိုက် Esports Foundation ၏ အကြီးအကဲ ရာ့ဖ် ရိုက်ချတ် က အေအက်ဖ်ပီ (AFP) သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ သူက ယခုကဲ့သို့ ပထဝီနိုင်ငံရေးအခြေအနေများကြောင့် ပြိုင်ပွဲကို နိုင်ငံတကာအဆင့်သို့ ကူးပြောင်းကျင်းပမည့် အစီအစဉ်ကို ပိုမိုမြန်ဆန်လာစေခဲ့ခြင်းဖြစ်ကြောင်း ဆိုပါတယ်။

ထို့အပြင် ပါရီမြို့၏ ဆွဲဆောင်မှုရှိခြင်းနှင့် ပြင်သစ်နိုင်ငံရှိ အီးစပေါ့စ်ပရိသတ်များ၏ အားပေးမှုများကြောင့်လည်း ပြိုင်ပွဲကို ပြင်သစ်သို့ ပြောင်းရွှေ့ကျင်းပရခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖက်ဒရေးရှင်းအဖွဲ့က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်  က ယခုကဲ့သို့ ပြောင်းရွှေ့ကျင်းပခွင့်ရခြင်းသည် “သမိုင်းဝင်ပထမဆုံးအကြိမ် ဖြစ်သလို ဂုဏ်ယူစရာတခုလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် “အခုလို ယုံကြည်စိတ်ချပေးတဲ့အတွက် ဆော်ဒီအာရေဗျနိုင်ငံကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၂၆ အီးစပေါ့စ်ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အဆင်သင့်ပါပဲ။ ကမ္ဘာကြီးကို နောက်တကြိမ် ပြန်လည်ကြိုဆိုခွင့်ရလို့ အလွန်ဂုဏ်ယူပါတယ်” ဟု သမ္မတ မက်ခရွန်က X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့ပါတယ်။

ယခုပြိုင်ပွဲကြီးသည် ကမ္ဘာတဝန်းရှိ ကလပ်အသင်းပေါင်း ၂၀၀ ကျော်မှ ပြိုင်ပွဲဝင် ၂,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်မှာဖြစ်ပြီး League of Legends၊ Dota 2၊ Counter-Strike 2၊ Mobile Legends နှင့် Pubg ကဲ့သို့သော လူကြိုက်များရေပန်းစားသည့် ဂိမ်းများဖြင့် ယှဉ်ပြိုင်ကြရမည် ဖြစ်ပါတယ်။

ပြင်သစ်အစိုးရ၏ အားကစား၊ ပုဂ္ဂလိကကဏ္ဍနှင့် လူငယ်ရေးရာအကြံပေး ဝီလျံ အယ်လ်မန် က ယခုပြိုင်ပွဲကြီးဟာ ပါရီဒေသ၏ ခရီးသွားလုပ်ငန်းအပေါ် “ကြီးမားသည့် သက်ရောက်မှု” ရှိလာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောပါတယ်။

Esports Foundation အဖွဲ့၏ ရေရှည်မျှော်မှန်းချက်မှာ ယခုပြိုင်ပွဲကြီးကို ကမ္ဘာ့အဓိကမြို့ကြီးများတွင် အလှည့်ကျကျင်းပသွားရန်ဖြစ်ပြီး၊ သူတို့၏ ၀က်ဆိုက်ဖော်ပြချက်အရ လာမည့် ၂၀၂၇ ခုနှစ်တွင်မူ ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့သို့ ပြန်လည်ရွှေ့ပြောင်း ကျင်းပရန် လျာထားကြောင်း သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed