BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

နိုင်ငံတော်သမ္မတ မိသားစုထံပြန်ရောက်ရှိတဲ့အတွက် SCEF ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့၊ စစ်အုပ်စုက သမ္မတ ဦးဝင်းမြင့်ကို တိုးမြှင့်စောင့်ကြည့်နေ

ဧပြီ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အာဏာသိမ်းချိန်ကစပြီး စစ်အုပ်စုရဲ့ ၅ နှစ်ကျော် ဖမ်းဆီးအကျဉ်းချခံခဲ့ရပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတဲ့အပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ – SCEF အနေဖြင့် မိသားစု၊ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးနဲ့ ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဝမ်းမြောက်ကြောင်း သဝဏ်လွှာမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေနဲ့ နိုင်ငံ့အကျိုး၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးကို ဘေးအန္တရာယ်ကင်းစွာ ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ဖို့ ဆုတောင်းထားသလို မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုအားလုံးနဲ့အတူ အစွမ်းကုန် ဆက်လက်ကြိုးပမ်း…

ဧပြီ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အာဏာသိမ်းချိန်ကစပြီး စစ်အုပ်စုရဲ့ ၅ နှစ်ကျော် ဖမ်းဆီးအကျဉ်းချခံခဲ့ရပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတဲ့အပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ – SCEF အနေဖြင့် မိသားစု၊ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးနဲ့ ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဝမ်းမြောက်ကြောင်း သဝဏ်လွှာမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေနဲ့ နိုင်ငံ့အကျိုး၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးကို ဘေးအန္တရာယ်ကင်းစွာ ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ဖို့ ဆုတောင်းထားသလို မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုအားလုံးနဲ့အတူ အစွမ်းကုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ လည်း ဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာပြီးနောက်ပိုင်း သွားရောက်တွေ့ဆုံကြတဲ့သူတွေကို စစ်အုပ်စုက တင်းတင်းကြပ်ကြပ်စစ်ဆေးတာ၊ စောင့်ကြည့်တာတွေ ပြုလုပ်နေပြီး၊ သမ္မဦးဝင်းမြင့်ရဲ့ နေအိမ်အနီးမှာလည်း လုံခြုံရေးတိုးမြှင့်ချထားပြီး စောင့်ကြည့်တာတွေကို ပြုလုပ်နေပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို သွားရောက်တွေ့ဆုံသူတွေထဲမှာ အငြိမ်းစားသမ္မတ ဦးထင်ကျော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုအလုပ်အမှုဆောင်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်တို့ပါဝင်ခဲ့ပြီး စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒေါက်တာမျိုးညွန့်ကို ဧပြီလ ၁၈ရက်နေ့က ခေါ်ယူစစ်ဆေးပြီးနောက်တစ်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသားအချို့ မိသားစုနဲ့ ပြန်ဆုံရတာကို ဝမ်းမြောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအသစ်တည်ဆောက်ဖို့နဲ့ ပဋိပက္ခကာလအတွင်းမတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ – SCEF က ချမှတ်ထားတဲ့ သဘောထား ၆ ရပ်အတိုင်း ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမယ်လို့ ယခုလ ဧပြီလ ၁၈ ရက်နေ့က သဘောထား ထုတ်ပြန် ဖော်ပြထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed