BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ဝါရှင်တန်ဒီစီ သတင်းထောက်များ ညစာစားပွဲမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား ၊ ထရန့်ကို လုံခြုံရေးအဖွဲ့က အလျင်အမြန် ခေါ်ဆောင်သွားခဲ့ရ

ဧပြီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက် (စနေနေ့) ညပိုင်းက ဝါရှင်တန်ဒီစီရှိ Washington Hilton ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော်သတင်းထောက်များ ညစာစားပွဲအတွင်း သေနတ်ပစ်ခတ်မှု တခု ဖြစ်ပွားခဲ့ပါတယ်။ ညစာစားပွဲမှာ သမ္မတ ဒေါ်နယ်ထရန့် ရောက်ရှိနေချိန် မှာ ဟိုတယ်ရဲ့ လုံခြုံရေးစစ်ဆေးရေးဂိတ် သတ္တုရှာဖွေစက်အနီးမှာ သေနတ်သံ ၅ ချက်မှ ၈ ချက်ခန့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအဖွဲ့ဝင်တွေက သမ္မတကို ချက်ချင်းဝိုင်းရံကာ စင်မြင့်ပေါ်ကနေ အလျင်အမြန် ခေါ်ဆောင်သွားခဲ့တာကို တွေ့မြင်ရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားချိန်မှာ သမ္မတနဲ့အတူ တက်ရောက်နေတဲ့ ဒုသမ္မတ JD Vance နဲ့ အစိုးရအဖွဲ့ဝင်…

ဧပြီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက် (စနေနေ့) ညပိုင်းက ဝါရှင်တန်ဒီစီရှိ Washington Hilton ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော်သတင်းထောက်များ ညစာစားပွဲအတွင်း သေနတ်ပစ်ခတ်မှု တခု ဖြစ်ပွားခဲ့ပါတယ်။

ညစာစားပွဲမှာ သမ္မတ ဒေါ်နယ်ထရန့် ရောက်ရှိနေချိန် မှာ ဟိုတယ်ရဲ့ လုံခြုံရေးစစ်ဆေးရေးဂိတ် သတ္တုရှာဖွေစက်အနီးမှာ သေနတ်သံ ၅ ချက်မှ ၈ ချက်ခန့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအဖွဲ့ဝင်တွေက သမ္မတကို ချက်ချင်းဝိုင်းရံကာ စင်မြင့်ပေါ်ကနေ အလျင်အမြန် ခေါ်ဆောင်သွားခဲ့တာကို တွေ့မြင်ရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားချိန်မှာ သမ္မတနဲ့အတူ တက်ရောက်နေတဲ့ ဒုသမ္မတ JD Vance နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ကိုလည်း ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

CNN သတင်းဌာနရဲ့ အဆိုအရ သမ္မတ ထရန့်နဲ့ ဒုသမ္မတ JD Vance တို့ ဘေးကင်းလုံခြုံတဲ့ နေရာကို ရောက်ရှိနေပြီဖြစ်ပြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေလည်း ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး CNN ရဲ့ သတင်းထောက် Wolf Blitzer က “ ပစ်ခတ်သူဟာ အလွန်ပြင်းထန်တဲ့ လက်နက်ကိုင်ဆောင်ထားသူ ဖြစ်ပါတယ်။ ကျွန်တော်ဟာ အဲ့ဒီလူ ပစ်ခတ်နေချိန်မှာ သူနဲ့ ခြေလှမ်းအနည်းငယ်အကွာမှာပဲ ရှိနေခဲ့တာပါ ” လို့ မျက်မြင်တွေ့ရှိချက်ကို ပြောကြားခဲ့ပါတယ်။

အမေရိကန်လျှို့ဝှက်လုံခြုံရေးဌာန (Secret Service) ကတော့ ပစ်ခတ်သူတဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ကြောင်း X လူမှုကွန်ရက်ကနေ တရားဝင် ထုတ်ပြန်ထားပါတယ်။

ဒေါ်နယ်ထရန့်ကလည်း သူရဲ့ Truth Social အကောင့်ကနေတဆင့် “ ပစ်ခတ်သူကို ဖမ်းဆီးရမိလိုက်ပြီဖြစ်ကြောင်း ” နဲ့ လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ “ လျင်မြန်ပြီး ရဲရင့်တဲ့ ” တုံ့ပြန်ဆောင်ရွက်မှုတွေကို ချီးကျူးစကား ဆိုခဲ့ပါတယ်။ သမ္မတဟာ လက်ရှိမှာ အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး၊ မကြာခင်မှာပဲ သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်သွားဖို့ ရှိနေပါတယ်။

ဒီဖြစ်ရပ်ဟာ ၂၀၂၄ ခုနှစ်က ဒေါ်နယ်ထရန့်အပေါ် လုပ်ကြံဖို့ ကြိုးပမ်းမှုအပြီး နောက်ထပ် တကျော့ပြန် ဖြစ်ရပ်တခု ဖြစ်လာခဲ့တာဖြစ်ပြီး၊ ၁၉၈၁ ခုနှစ်က သမ္မတ Ronald Reagan လုပ်ကြံဖို့ ကြိုးပမ်းခံရတဲ့ နေရာဖြစ်တဲ့ Washington Hilton ဟိုတယ်မှာပဲ ဖြစ်ပွားခဲ့တာကြောင့် သမိုင်းဝင် ထိတ်လန့်မှုကို ပြန်လည်သတိရစေခဲ့ပါတယ်။

အချို့ကတော့ ဒီဖြစ်ရပ်ကို လီဆည်ဇာတ်တိုက် သရုပ်ဆောင်ချက်အဖြစ် ရှုမြင်ကြပေမယ့် အခမ်းအနားကို ချက်ချင်း ရပ်နားခဲ့ရပြီး ဧည့်သည် ၂,၆၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဒီဖြစ်စဉ်ဟာ အမေရိကန်နိုင်ငံအတွင်း နိုင်ငံရေးအမြင် ကွဲပြားမှုတွေ ပြင်းထန်နေခြင်းရဲ့ ပြယုဒ်တခု ဖြစ်လာခဲ့ပြီး၊ လာမယ့် Mid-Term ကာလ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ လုံခြုံရေး တင်းကျပ်မှုတွေ ပိုမိုရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed