BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားဆဲဖြစ်တယ်လို့ NUCC ထုတ်ပြန်

ဧပြီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီးထောင်ချခံထားရတာကနေ ပြန်လွတ်မြောက်လာတဲ့ သမ္မတဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းကျ အပ်နှင်းထားတဲ့ တာဝန်တွေကို ထမ်းဆောင်နေစဉ်မှာ အကြမ်းဖက်စစ်အုပ်စုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ကာ မတရားဖမ်းဆီးချုပ်နှောင်ခဲ့တာဖြစ်တယ်လို့ NUCC က ဆိုပါတယ်။

“ ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနဲ့ ကျန်းမာစွာဖြင့် မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို NUCC အနေနဲ့ ပြည်သူလူထုနဲ့ထပ်တူ များစွာဝမ်းမြောက်ရပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက တရားဝင် ဆက်လက်အသိအမှတ်ပြုထားဆဲ ဖြစ်ပါတယ်။ ” လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် NUCC အနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ အလေးအနက် ပြောကြားထားပါတယ်။

စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ပြည်သူတရပ်လုံး၊ တော်လှန်ရေးအင်အားစုအားလုံးနဲ့အတူ လက်တွဲပြီး နွေဦးတော်လှန်ရေး အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed