BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ပစ်ခတ်မှုများရှိပါက ချက်ချင်းတုံ့ပြန်သွားမည်ဟု ထိုင်းတပ်မတော် သတိပေး

မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဘက်က ရန်စပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး တင်းမာမှုတွေ မြင့်တက်လာအောင် ဝါဒဖြန့်မှုတွေ လုပ်ဆောင်နေတယ်လို့ ထိုင်းတပ်မတော်က စွပ်စွဲလိုက်ပါတယ်။ အကယ်၍ ကမ္ဘောဒီးယားဘက်က ပစ်ခတ်မှုတွေကြောင့် ထိုင်းပိုင်နက် ထိခိုက်မှုရှိလာရင် ချက်ချင်းတုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့လည်း သတိပေးလိုက်ပါတယ်။ ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း ဆူဗာရီ က ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆူရင်ပြည်နယ်၊ ချောင်ချွန်း နယ်စပ်ဂိတ်နဲ့ မျက်နှာချင်းဆိုင်ရှိ ကမ္ဘောဒီးယားဘက်ခြမ်းကနေ လက်နက်ငယ်နဲ့ ၁၁ ချက်ထက်မက ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့တာပါ။ ဗိုလ်ချုပ် ဝင်းထိုင်းရဲ့ အဆိုအရ ကမ္ဘောဒီးယားအစိုးရနဲ့ အဆင့်မြင့်အရာရှိကြီးတွေရဲ့ ထုတ်ပြန်ချက်တွေဟာ မြေပြင်က…

မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဘက်က ရန်စပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး တင်းမာမှုတွေ မြင့်တက်လာအောင် ဝါဒဖြန့်မှုတွေ လုပ်ဆောင်နေတယ်လို့ ထိုင်းတပ်မတော်က စွပ်စွဲလိုက်ပါတယ်။ အကယ်၍ ကမ္ဘောဒီးယားဘက်က ပစ်ခတ်မှုတွေကြောင့် ထိုင်းပိုင်နက် ထိခိုက်မှုရှိလာရင် ချက်ချင်းတုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့လည်း သတိပေးလိုက်ပါတယ်။

ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း ဆူဗာရီ က ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆူရင်ပြည်နယ်၊ ချောင်ချွန်း နယ်စပ်ဂိတ်နဲ့ မျက်နှာချင်းဆိုင်ရှိ ကမ္ဘောဒီးယားဘက်ခြမ်းကနေ လက်နက်ငယ်နဲ့ ၁၁ ချက်ထက်မက ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့တာပါ။

ဗိုလ်ချုပ် ဝင်းထိုင်းရဲ့ အဆိုအရ ကမ္ဘောဒီးယားအစိုးရနဲ့ အဆင့်မြင့်အရာရှိကြီးတွေရဲ့ ထုတ်ပြန်ချက်တွေဟာ မြေပြင်က တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်နဲ့ ထပ်တူမကျဘဲ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူထားပေမဲ့ နယ်စပ်တစ်လျှောက် သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေကို ဆက်တိုက်ကြားနေရဆဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ ထိခိုက်သေဆုံးမှု ဖြစ်စေဖို့ထက် နယ်စပ်မှာ တင်းမာမှုတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်အောင် တမင်ရည်ရွယ်ပြီး ရန်စနေတာဖြစ်တယ်လို့ ထိုင်းတပ်မတော်က ယူဆနေပါတယ်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနကတော့ အခုလို ထိုင်းဘက်က စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သတင်းအမှားတွေသာ ဖြစ်တယ်လို့ မေလ ၁၃ ရက်နေ့မှာ တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့ ထိုင်းဘက်ကတော့ ကမ္ဘောဒီးယားဟာ စစ်ရေးအရ တိုက်ရိုက်ရင်ဆိုင်တာထက် “ သတင်းအချက်အလက် စစ်ပွဲ” ကို ပိုပြီး အလေးပေးလုပ်ဆောင်နေတယ်လို့ ထောက်ပြထားပါတယ်။ နိုင်ငံခြားသတင်းထောက်တွေနဲ့ Influencer တွေကို နယ်စပ်အနီး ခေါ်ဆောင်လာပြီး ထိုင်းတပ်မတော်က သတိပေးပစ်ခတ်မှုတွေ လုပ်တဲ့အခါ ထိုင်းက အရင်စပစ်သယောင် ပုံဖျက်ဝါဒဖြန့်တာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ အကယ်၍ ထိုင်းပိုင်နက်ထဲကို ကျည်ရောက်လာရင်တော့ နယ်မြေခံ တပ်မှူးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ချက်ချင်း ပြန်လည်တုံ့ပြန်သွားမှာပါ” လို့ ဗိုလ်ချုပ် ဝင်းထိုင်းက အခိုင်အမာ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီရန်စပစ်ခတ်မှုတွေဟာ ဒေသခံတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်တာမျိုး မရှိသေးတာကြောင့် ပြည်သူတွေအနေနဲ့ သတင်းအမှားတွေကို သတိထားပြီး ပုံမှန်အတိုင်း နေထိုင်နိုင်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လနဲ့ ဒီဇင်ဘာလအတွင်းမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြတာပါ။ ဒါပေမဲ့ နယ်စပ်တူးမြောင်းကိစ္စနဲ့ ရှေးဟောင်းဘုရားကျောင်း နယ်မြေအငြင်းပွားမှုတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးဟာ လက်ရှိအချိန်အထိ ကျိုးလွယ်ပျက်လွယ်တဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed