BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ထရမ့်ခရီးစဉ်အပြီး မကြာမီမှာပင် ပူတင် တရုတ်နိုင်ငံသို့ မေလ ၁၉-၂၀ ရက်တွင် သွားရောက်မည်

မေလ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပေကျင်းခရီးစဉ် ပြီးဆုံးသွားခဲ့ပြီးနောက် မကြာမီမှာပဲ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်ဟာ လာမယ့် မေလ ၁၉ ရက်နေ့မှာ တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ကြောင်း ကရင်မလင်နန်းတော်က စနေနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီခရီးစဉ်အတွင်း ရုရှားသမ္မတဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး မော်စကိုနဲ့ ပေကျင်းအကြား “ ဘက်စုံမိတ်ဖက်ဖြစ်မှုနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာအောင် ဘယ်လိုလုပ်ဆောင်မလဲ” ဆိုတာကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ ကရင်မလင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပူတင်နဲ့ ရှီကျင့်ဖျင်တို့ဟာ “ အဓိကကျတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြမှာဖြစ်ပြီး” ဆွေးနွေးပွဲအပြီးမှာတော့ ပူးတွဲကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားဖို့ ရှိနေပါတယ်။ ခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပူတင်ဟာ တရုတ်ဝန်ကြီးချုပ် လီချန် နဲ့လည်း တွေ့ဆုံကာ စီးပွားရေးနဲ့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

အခုလို ပူတင်ရဲ့ တရုတ်ခရီးစဉ် ထွက်ပေါ်လာတာဟာ သမ္မတ ထရမ့်ရဲ့ သမိုင်းဝင် ပေကျင်းခရီးစဉ် သောကြာနေ့က ပြီးဆုံးသွားခဲ့ပြီးနောက် ရက်ပိုင်းအလိုမှာပဲ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ ခရီးစဉ်အတွင်း ခမ်းနားထည်ဝါတဲ့ ကြိုဆိုဧည့်ခံမှုတွေ ရှိခဲ့ပေမဲ့ ယူကရိန်း-ရုရှား ပဋိပက္ခအပါအဝင် မဖြေရှင်းနိုင်သေးတဲ့ ကုန်သွယ်ရေးနဲ့ ဘထုအဆောက်အအုံဆိုင်ရာ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဆွေးနွေးပွဲတွေလုပ်ကြဖို့ ပုံမှန်တိုက်တွန်းလေ့ရှိပြီး မိမိကိုယ်ကို ကြားနေနိုင်ငံအဖြစ် ပုံဖော်ထားကာ ရုရှားရဲ့ ကျူးကျော်မှုကိုလည်း ဘယ်တုန်းကမှ ပြစ်တင်ရှုတ်ချခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းတွေအတွက် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းတွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပေကျင်းဘက်က ငြင်းဆိုထားပြီး၊ အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းကို လက်နက်တွေ တပ်ဆင်ပေးနေတာကြောင့်သာ ပဋိပက္ခတွေ ပိုမိုကြာရှည်နေရတာဖြစ်တယ်လို့ တုံ့ပြန်ပြစ်တင်လေ့ ရှိပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံဟာ ရုရှားရဲ့ ရုပ်ကြွင်းလောင်စာတွေကို ကမ္ဘာပေါ်မှာ အများဆုံး ဝယ်ယူနေတဲ့နိုင်ငံ ဖြစ်တာကြောင့် အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရင်ဆိုင်နေရတဲ့ ရုရှားအတွက် အဓိက စီးပွားရေးမဟာမိတ် ဖြစ်လာခဲ့ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed