BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ဂျပန်ကာကွယ်ရေးဝန်ကြီးက လုံခြုံရေးအစည်းအဝေးတွင် တရုတ်နိုင်ငံအား သွယ်ဝိုက်၍ ပြင်းပြင်းထန်ထန် ဝေဖန်

မေ ၃၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) ဂျပန်ကာကွယ်ရေးဝန်ကြီးသည် ယနေ့တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံအား အမည်မဖော်ဘဲ သွယ်ဝိုက်၍ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ တိုကျို၏ ပိုမိုအားကောင်းလာတဲ့ လုံခြုံရေးရပ်တည်ချက်အပေါ် ပေကျင်းဘက်က မည်မျှပင် ဝေဖန်နေပါစေ သူတို့ရဲ့ စစ်အင်အားကို ဆက်လက်တိုးမြှင့်သွားမည်ဟု ကတိပြုခဲ့ပါတယ်။ ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ ၏ ဦးဆောင်မှုအောက်တွင် ဂျပန်နိုင်ငံဟာ ပိုမိုတက်ကြွသော ကာကွယ်ရေးမူဝါဒဘက်သို့ ကူးပြောင်းခြင်းကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီး၊ ဒုတိယကမ္ဘာစစ်အပြီးကတည်းက ကျင့်သုံးလာခဲ့သည့် စစ်မလိုလားသော ငြိမ်းချမ်းရေးဝါဒ အမြင်ကို အမေရိကန်၏ တွန်းအားပေးမှုဖြင့် စွန့်လွှတ်လာခဲ့တာ ဖြစ်ပါတယ်။ ယခုကဲ့သို့ ပြောင်းလဲမှုဟာ ပေကျင်းအစိုးရ၏ မကြာခဏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရပြီး၊ ပေကျင်းက တိုကျိုအနေဖြင့် ဒေသတွင်းကို…

မေ ၃၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)

ဂျပန်ကာကွယ်ရေးဝန်ကြီးသည် ယနေ့တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံအား အမည်မဖော်ဘဲ သွယ်ဝိုက်၍ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ တိုကျို၏ ပိုမိုအားကောင်းလာတဲ့ လုံခြုံရေးရပ်တည်ချက်အပေါ် ပေကျင်းဘက်က မည်မျှပင် ဝေဖန်နေပါစေ သူတို့ရဲ့ စစ်အင်အားကို ဆက်လက်တိုးမြှင့်သွားမည်ဟု ကတိပြုခဲ့ပါတယ်။

ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ ၏ ဦးဆောင်မှုအောက်တွင် ဂျပန်နိုင်ငံဟာ ပိုမိုတက်ကြွသော ကာကွယ်ရေးမူဝါဒဘက်သို့ ကူးပြောင်းခြင်းကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီး၊ ဒုတိယကမ္ဘာစစ်အပြီးကတည်းက ကျင့်သုံးလာခဲ့သည့် စစ်မလိုလားသော ငြိမ်းချမ်းရေးဝါဒ အမြင်ကို အမေရိကန်၏ တွန်းအားပေးမှုဖြင့် စွန့်လွှတ်လာခဲ့တာ ဖြစ်ပါတယ်။

ယခုကဲ့သို့ ပြောင်းလဲမှုဟာ ပေကျင်းအစိုးရ၏ မကြာခဏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရပြီး၊ ပေကျင်းက တိုကျိုအနေဖြင့် ဒေသတွင်းကို မတည်မငြိမ်ဖြစ်စေနိုင်သည့် “ စစ်ဝါဒအသစ်” ဟူသော မဆင်မခြင်မူဝါဒကို လျှောက်လှမ်းနေသည်ဟု စွပ်စွဲခဲ့ပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီ က ယနေ့တနင်္ဂနွေနေ့တွင် ပြန်လည်တုံ့ပြန်ရာ၌ အဆိုပါစွပ်စွဲချက်သည် “ အမှန်တရားနှင့် လုံးဝဝေးကွာနေသည်” ဟု ဆိုပါတယ်။

“ အသေအချာ စဉ်းစားကြည့်ပါ။ နျူကလီးယားလက်နက်တွေနဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် အမြောက်အမြား ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံ ရှိနေပါတယ်။ ဂျပန်မှာတော့ အဲဒီလိုလက်နက်မျိုး တစ်ခုမှမရှိပါဘူး။ ဒါပေမယ့် ဂျပန်ကိုကျတော့ ‘စစ်ဝါဒအသစ်’ လို့ တံဆိပ်ကပ်နေကြတယ်။ ဒါဟာ မထူးဆန်းဘူးလား” ဟု စင်ကာပူတွင် ကျင်းပသည့် နှစ်ပတ်လည် IISS ရှန်ဂရီလာဆွေးနွေးပွဲ (Shangri-La Dialogue) တွင် ကိုအီဇူမီ က တရုတ်နိုင်ငံအမည်ကို တိုက်ရိုက်မဖော်ပြဘဲ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံသည် နျူကလီးယားထိပ်ဖူး ရာပေါင်းများစွာကို ပိုင်ဆိုင်ထားသည်ဟု ယူဆရပြီး မကြာသေးမီနှစ်များအတွင်း သူတို့၏ စစ်အင်အားကို လျင်မြန်စွာ မြှင့်တင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာလက ဝန်ကြီးချုပ် တာကာအီချီ က တရုတ်နိုင်ငံအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို အဓမ္မသိမ်းပိုက်ရန် ကြိုးပမ်းလာပါက ဂျပန်အနေဖြင့် စစ်ရေးအရ ကြားဝင်စွက်ဖက်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပြီးနောက်ပိုင်း အာရှအင်အားကြီး ပြိုင်ဘက်နှစ်နိုင်ငံအကြား သံတမန်ရေးရာ အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။

ကိုအီဇူမီ က တရုတ်နိုင်ငံသည် “ လုံလောက်တဲ့ ပွင့်လင်းမြင်သာမှုမရှိဘဲ” သူတို့၏ စစ်ရေးစွမ်းရည်ကို တိုးချဲ့နေပြီး၊ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုများဟာ “ ဂျပန်နိုင်ငံအတွက် အလေးအနက် စိုးရိမ်ပူပန်စရာ ကိစ္စရပ်တစ်ခု” ဖြစ်ကြောင်း ဆိုပါတယ်။

တိုကျိုအနေဖြင့် သူ၏ ကာကွယ်ရေးစွမ်းရည်ကို “ အဆင့်မြင့် ပွင့်လင်းမြင်သာမှုဖြင့် ပုံမှန်တည်ဆောက်သွားမည်ဖြစ်ပြီး စဉ်ဆက်မပြတ် မွမ်းမံပြင်ဆင်သွားမည်” ဟု ဆိုကာ ယင်းတွင် အတုမဲ့ဉာဏ်ရည် (AI)၊ မောင်းသူမဲ့စနစ်များအပြင် ဆိုက်ဘာနှင့် အာကာသ ကာကွယ်ရေးကဏ္ဍများ ပါဝင်မည်ဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

“ ဂျပန်ရဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့နိုင်ငံဆိုတဲ့ အတိတ်သမိုင်းကို ဒေသတွင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုထားပြီးသားပါ။ ဒီအမှန်တရားကို မဟုတ်မမှန် စွပ်စွဲချက်တွေနဲ့ တုန်လှုပ်အောင် လုပ်လို့ရမှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အရှိတရား ဖြစ်နေလို့ပါပဲ” ဟု သူက ဆိုပါတယ်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရို (Gilberto Teodoro) နှင့် တွေ့ဆုံစဉ်အတွင်း ဂျပန်နိုင်ငံ၏ ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အာဘူကူမာအဆင့် ဖျက်သင်္ဘောများ (Abukuma-class destroyers) နှင့် TC-90 လေယာဉ်များကို ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် ရည်မှန်းထားကြောင်း နှစ်နိုင်ငံစလုံးက အတည်ပြုခဲ့သည်ဟု ဖိလစ်ပိုင်ဘက်က ထုတ်ပြန်ထားပါတယ်။

မနီလာအစိုးရဟာ ဂျပန်ဘက်က သက်တမ်းကုန်၍ အနားပေးတော့မည့် အာဘူကူမာအဆင့် စစ်သင်္ဘောများကို လိုချင်နေသည်မှာ ကြာပြီဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကလည်း သင်္ဘောများကို စစ်ဆေးရန် စစ်ဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါသေးတယ်။

တရုတ်နိုင်ငံ၏ ရေတပ်အင်အားချဲ့ထွင်မှုအပေါ် စိုးရိမ်မှုများရှိနေသည့် အရိပ်အောက်တွင် နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လာခဲ့ကြပြီး၊ သတင်းအချက်အလက် မျှဝေရေးနှင့် ပွင့်လင်းသော ပင်လယ်ရေကြောင်း နယ်နိမိတ် ဆွေးနွေးပွဲများ ပြုလုပ်ရန် ကြေညာခဲ့ကြရာ ယင်းအပေါ် ပေကျင်းဘက်က သူတို့၏ နယ်နိမိတ်ပိုင်ဆိုင်မှု အခိုင်အမာဆိုချက်များကို “ တရားမဝင်” ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

တီအိုဒိုရို က တောင်တရုတ်ပင်လယ်အတွင်း ပေကျင်း၏ လှုပ်ရှားမှုများကို အထူးပစ်မှတ်ထား ဝေဖန်ခဲ့ပြီး မနီလာအနေဖြင့် “ ကျွန်ုပ်တို့၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကို အပေးအယူလုပ် (စနစ်တကျ စတေး) သွားမည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်မပြုသောကြောင့် ဖြစ်သည်” ဟု ဆိုပါတယ်။

“ အဲဒီလိုလုပ်တာဟာ ပြည်သူတွေက ကျွန်တော်တို့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ပေးအပ်ထားတဲ့ ဒီမိုကရေစီနည်းကျ လွတ်လပ်တဲ့ လုပ်ပိုင်ခွင့်အာဏာကို ဖျက်ဆီးရာ ရောက်ပါလိမ့်မယ်။ ဒါဟာ အထက်ကနေ အမိန့်ပေးညွှန်ကြားတဲ့ အာဏာရှင်စနစ်အချို့နဲ့ မတူပါဘူး” လို့ သူက ဆိုပါတယ်။

ပေကျင်းအစိုးရသည် သူတို့ရဲ့ အခိုင်အမာဆိုချက်များတွင် ဥပဒေကြောင်းအရ အခြေအမြစ်မရှိကြောင်း နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက် ရှိနေသည့်တိုင် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို သူတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

တီအိုဒိုရို က ယခုကဲ့သို့ ပြောကြားနေစဉ်မှာပင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကွပ်ကဲမှုဌာနချုပ်က သူတို့အနေဖြင့် ဖိလစ်ပိုင်နှင့် နှစ်ပေါင်းများစွာ နယ်မြေအငြင်းပွားနေသည့် စကာဘိုရော့သောင်ပြင် (Scarborough Shoal) ဝန်းကျင်ရှိ ရေပြင်နှင့် ဝေဟင်နယ်မြေများတွင် “ စစ်ဆင်ရေးအသင့်အနေအထား ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း” အွန်လိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ကင်းလှည့်မှုများသည် “ တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေဖြစ်သော” သောင်ပြင်ဝန်းကျင်တွင် “ အခွင့်အရေးချိုးဖောက်မှုများနှင့် ရန်စသည့် လုပ်ရပ်မျိုးစုံကို ရင်ဆိုင်ဖြေရှင်းရန် ထိရောက်သော တုံ့ပြန်မှုတစ်ရပ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ရှန်ဂရီလာဆွေးနွေးပွဲသည် အာရှဒေသ၏ အဆင့်မြင့်ဆုံး ကာကွယ်ရေးဖိုရမ်တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံကျော်မှ လုံခြုံရေးအရာရှိများနှင့် ကျွမ်းကျင်သူများ တက်ရောက်ကြတာ ဖြစ်ပါတယ်။

ဂျပန်နှင့် သူ၏မဟာမိတ် အမေရိကန်တို့နှင့် မတူဘဲ တရုတ်နိုင်ငံသည် သူတို့ရဲ့ ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန် (Dong Jun) အပါအဝင် ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့ခြင်းမရှိဘဲ ကိုယ်စားလှယ်အဖွဲ့ကိုသာ နှစ်နှစ်ဆက်တိုက် စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ဝန်ကြီး ကိုအီဇူမီ ကမူ “ ဒီတစ်ကြိမ်မှာ တွေ့ဆုံဆွေးနွေးခွင့် မရရှိခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်ရမိကြောင်း” ပြောကြားခဲ့ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed