BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ချဲလ်ဆီးအသင်းက ဇာဗီ အလွန်ဆို ကို ၄ နှစ်စာချုပ်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်

မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice လန်ဒန်အခြေစိုက် ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ ကံကြမ္မာကို အလှည့်အပြောင်းလုပ်ပေးဖို့အတွက် စပိန်လူမျိုးနည်းပြ ဇာဗီ အလွန်ဆို ) ကို ၄ နှစ်စာချုပ်နဲ့ နည်းပြသစ်အဖြစ် ဒီနေ့တနင်္ဂနွေနေ့မှာ ခန့်အပ်လိုက်ပါတယ်။  The Blues တို့ဟာ ပြီးခဲ့တဲ့ မနေ့က ကစားခဲ့တဲ့ FA ဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့သလို၊ ရာသီကုန်ဖို့ ၂ ပွဲအလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၉ နေရာမှာပဲ ရောက်ရှိနေတာ ဖြစ်ပါတယ်။ အလွန်ဆို ဟာ ၂၀၂၃/၂၄ ရာသီတုန်းက လေဗာကူဆင်အသင်းကို ဂျာမနီလိဂ်နဲ့ ပြည်တွင်းဖလားတို့မှာ ရှုံးပွဲမရှိ  အောင်ပွဲရအောင် လမ်းပြပေးနိုင်ခဲ့တာကြောင့် ဥရောပရဲ့…

မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

လန်ဒန်အခြေစိုက် ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ ကံကြမ္မာကို အလှည့်အပြောင်းလုပ်ပေးဖို့အတွက် စပိန်လူမျိုးနည်းပြ ဇာဗီ အလွန်ဆို ) ကို ၄ နှစ်စာချုပ်နဲ့ နည်းပြသစ်အဖြစ် ဒီနေ့တနင်္ဂနွေနေ့မှာ ခန့်အပ်လိုက်ပါတယ်။

 The Blues တို့ဟာ ပြီးခဲ့တဲ့ မနေ့က ကစားခဲ့တဲ့ FA ဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့သလို၊ ရာသီကုန်ဖို့ ၂ ပွဲအလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၉ နေရာမှာပဲ ရောက်ရှိနေတာ ဖြစ်ပါတယ်။

အလွန်ဆို ဟာ ၂၀၂၃/၂၄ ရာသီတုန်းက လေဗာကူဆင်အသင်းကို ဂျာမနီလိဂ်နဲ့ ပြည်တွင်းဖလားတို့မှာ ရှုံးပွဲမရှိ  အောင်ပွဲရအောင် လမ်းပြပေးနိုင်ခဲ့တာကြောင့် ဥရောပရဲ့ တောက်ပဆုံး နည်းပြတစ်ဦးအဖြစ် နာမည်ကြီးလာခဲ့သူပါ။

ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့နှစ်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြခုံမှာတော့ ၇ လပဲ ခံခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာပဲ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ “ ဇာဗီ အလွန်ဆို ကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ရလို့ ချဲလ်ဆီးဘောလုံးကလပ်အနေနဲ့ ဝမ်းမြောက်မိပါတယ်။ စပိန်လူမျိုးနည်းပြဟာ စတမ်းဖို့ဒ်ဘရစ်ချ် မှာ ၄ နှစ်စာချုပ်အတွက် သဘောတူညီခဲ့ပြီးနောက် လာမယ့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ စတင်တာဝန်ယူသွားမှာ ဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။

အလွန်ဆို အနေနဲ့ ချဲလ်ဆီးအသင်းကို အဓိကဆုဖလားကြီးတွေအတွက် ပြန်လည်တိုက်ပွဲဝင်နိုင်မယ့် အသင်းဖြစ်အောင် လုပ်ရမယ့် ကြီးမားတဲ့ တာဝန်နဲ့ ရင်ဆိုင်နေရတာပါ။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ကလပ်ဖလား  နဲ့ ကွန်ဖရင့်လိဂ် တို့ကို ရရှိခဲ့ပေမဲ့လည်း၊ ၂၀၂၂ ခုနှစ် ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက်ကနေ အမေရိကန်လုပ်ငန်းစု BlueCo က အသင်းကို လွှဲပြောင်းရယူပြီးနောက်ပိုင်း ကစားသမားတွေအတွက် ပေါင် ၁ ဘီလီယံကျော် (ဒေါ်လာ ၁.၃၅ ဘီလီယံ) အထိ အသုံးချခဲ့တာနဲ့စာရင် ဆုဖလားရရှိမှုက နည်းပါးလွန်းနေပါသေးတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဝင်ဘလေကွင်းမှာ ရှုံးနိမ့်ခဲ့မှုကြောင့် သူတို့ဟာ အခုဆိုရင် ပြည်တွင်းဖလား မရရှိခဲ့တာ ၈ ရာသီအထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းက လူငယ်ခြေတက်တွေကို သိမ်းကျုံးဝယ်ယူတတ်တဲ့ မူဝါဒကြောင့် ပရိသတ်တွေဟာ BlueCo ပိုင်ရှင်တွေကို စဉ်ဆက်မပြတ် ဆန္ဒပြနေကြတာပါ။ အဲဒီမူဝါဒကြောင့် အင်္ဂလန်လက်ရွေးစင် ကိုးလ် ပါလ်မာ  လိုမျိုး သိသာထင်ရှားတဲ့ အောင်မြင်မှုတချို့ ရခဲ့ပေမဲ့လည်း၊ ကစားသမားအဖွဲ့ရော နည်းပြအဖွဲ့မှာပါ အတွေ့အကြုံနည်းပါးမှုကြောင့် အသင်းရဲ့ စွမ်းဆောင်ရည် ပုံမှန်မရှိဖြစ်နေရတာလို့ အပြစ်တင်ခံနေရပါတယ်။

အလွန်ဆို ဟာ သောမတ်စ် တူဟယ်လ်၊ ဂရေဟမ် ပေါ့တာ၊ မော်ရီစီယို ပိုချက်တီနို၊ အန်ဇို မာရက်စကာ နဲ့ လီယမ် ရိုဆီနီယာ တို့ပြီးနောက် ပြီးခဲ့တဲ့ ၄ နှစ်အတွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၆ ဦးမြောက် အမြဲတမ်းနည်းပြ ဖြစ်လာခဲ့တာပါ။

အသက် ၄၄ နှစ်အရွယ် အလွန်ဆို အနေနဲ့ မက်ဒရစ်မှာ ရုန်းကန်ခဲ့ရတဲ့ ကာလတိုလေးအပြီး သူ့ရဲ့အရည်အချင်းကို အခုအသင်းမှာ သက်သေပြရမှာ ဖြစ်ပါတယ်။

ဝေဖန်မှုတွေ အများကြီး ကြုံတွေ့နေရတဲ့ ချဲလ်ဆီးပိုင်ရှင်တွေအတွက်တော့ အလွန်ဆို ကို ခေါ်ယူနိုင်ခဲ့တာဟာ အောင်မြင်မှုတစ်ခုလို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ လီဗာပူးပရိသတ် အများအပြားဟာလည်း ဖိအားတွေရင်ဆိုင်နေရတဲ့ အာနေ ဆလော့ခ် ရဲ့ နေရာမှာ အစားထိုးဖို့အတွက်၊ ၂၀၀၄ ကနေ ၂၀၀၉ အထိ ကစားသမားဘဝနဲ့ ၅ နှစ်ကြာ တောက်ပခဲ့ဖူးတဲ့ အလွန်ဆို ကို အန်ဖီးလ်ကွင်းဆီ ပြန်လာစေချင်လွန်းလို့ အသည်းအသန် မျှော်လင့်နေခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed