BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် နေတိုးနှင့် ဥရောပကို အမေရိကန် ကာကွယ်ရေးဝန်ကြီး သတိပေး

မေ ၃၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် ဟာ  နေတိုး (NATO) နှင့် ဥရောပမဟာမိတ်များကို ယနေ့စနေနေ့တွင် ထပ်မံဝေဖန်လိုက်ပြီး၊ ကာကွယ်ရေးအသုံးစရိတ်ကို လုံလောက်အောင် တိုးမြှင့်ခြင်းမရှိတဲ့ နိုင်ငံများဟာ “ အမေရိကန် ရဲ့ လုပ်ငန်းဆောင်ရွက်မှုပုံစံ သိသိသာသာ ပြောင်းလဲသွားခြင်းနှင့် ရင်ဆိုင်ရလိမ့်မည်” ဟု ပြောကြားခဲ့ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ပြီးခဲ့သည့်နှစ်က ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ကို ဂျီဒီပီ (GDP) ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ကတိပြုခဲ့ကြသော်လည်း၊ ကြိုးပမ်းမှုများ ရှိနေသည့်တိုင် နိုင်ငံအများအပြားက အဆိုပါ ရည်မှန်းချက်သို့ ရောက်ရှိရန် မဖြစ်နိုင်ကြောင်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။ “…

မေ ၃၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် ဟာ  နေတိုး (NATO) နှင့် ဥရောပမဟာမိတ်များကို ယနေ့စနေနေ့တွင် ထပ်မံဝေဖန်လိုက်ပြီး၊ ကာကွယ်ရေးအသုံးစရိတ်ကို လုံလောက်အောင် တိုးမြှင့်ခြင်းမရှိတဲ့ နိုင်ငံများဟာ “ အမေရိကန် ရဲ့ လုပ်ငန်းဆောင်ရွက်မှုပုံစံ သိသိသာသာ ပြောင်းလဲသွားခြင်းနှင့် ရင်ဆိုင်ရလိမ့်မည်” ဟု ပြောကြားခဲ့ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ပြီးခဲ့သည့်နှစ်က ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ကို ဂျီဒီပီ (GDP) ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ကတိပြုခဲ့ကြသော်လည်း၊ ကြိုးပမ်းမှုများ ရှိနေသည့်တိုင် နိုင်ငံအများအပြားက အဆိုပါ ရည်မှန်းချက်သို့ ရောက်ရှိရန် မဖြစ်နိုင်ကြောင်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။

“ ဥရောပမဟာမိတ်တွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးအတွက် ပိုမိုသုံးစွဲဖို့ ယဉ်ကျေးပျူငှာစွာ တောင်းဆိုချက်တွေဟာ အချိန်အတော်ကြာအောင် လျစ်လျူရှုခြင်း ခံခဲ့ရပါတယ်” ဟု ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲက စင်ကာပူတွင် ကျင်းပနေတဲ့ ကာကွယ်ရေးထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရှန်ဂရီလာဆွေးနွေးပွဲ မှာပြောကြားတဲ့ မိန့်ခွန်းမှာ ဟက်ဂ်ဆက်သ် က “ အခုတော့ သူတို့တွေ နောက်ကျမှ လိုက်မှီအောင် ပြန်ကြိုးစားနေကြပါပြီ” ဟု ဆိုပါတယ်။

“ ကျွန်ုပ်တို့ရဲ့ စုပေါင်းကာကွယ်ရေးအတွက် တာဝန်ယူဖို့ ငြင်းဆန်တဲ့ မဟာမိတ်တွေဟာ ကျွန်ုပ်တို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုပုံစံ သိသိသာသာ ပြောင်းလဲသွားခြင်းနဲ့ ရင်ဆိုင်ရမှာပါ”

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကလည်း ဝါရှင်တန်အနေဖြင့် အခြားသော ခြိမ်းခြောက်မှုများကို အာရုံစိုက်နေပြီး ဥရောပနိုင်ငံများက သူတို့ရဲ့ကာကွယ်ရေး ကို တိုးမြှင့်နေချိန်မှာ နေတိုးအဖွဲ့အတွင်းရှိ အမေရိကန်စစ်တပ်အင်အားကို ဥရောပ၌ လျှော့ချသွားရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ယခုလအစောပိုင်းတွင် ပြောကြားခဲ့ဖူးပါတယ်။

အာရှဒေသနှင့် ပတ်သက်၍လည်း ဟက်ဂ်ဆက်သ် က ဤဒေသ၏ လုံခြုံရေးဟာ “ အမေရိကန်၏ စစ်အင်အားအပေါ်တွင်သာ အချိုးမညီမျှစွာ မှီခိုနေရပြီး၊ ကျွန်ုပ်တို့၏ မဟာမိတ်များနှင့် မိတ်ဖက်အများစုကမူ သူတို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်များကို အားနည်းသွားအောင် ခွင့်ပြုထားခဲ့ကြသည်” ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံအများအပြားသည် လက်ရှိတွင် အမှန်တကယ်ပင် အရှိန်မြှင့်လုပ်ဆောင်နေကြပြီဖြစ်ကြောင်း ဟက်ဂ်ဆက်သ် က ဆိုပြီး၊ တောင်ကိုရီးယားနိုင်ငံကို အထူးနမူနာအဖြစ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ တောင်ကိုရီးယားဟာ သူတို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးအတွက် အစဉ်တစိုက် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ စစ်ပွဲကို စာအုပ်ကြီးအတိုင်း လေ့ကျင့်ခန်းတစ်ခုလို သဘောထားဖို့ အခွင့်အရေး မရှိလို့ပါပဲ။ သူတို့ဟာ ရှေ့တန်းမျက်နှာစာမှာ ရှင်သန်နေကြရတာဖြစ်လို့ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းရည်ကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်”

သူက ယခုကဲ့သို့ လုပ်ဆောင်ခြင်းဟာ “ ခြိမ်းခြောက်မှု အခြေအနေကို ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်မှုကို ထင်ဟပ်စေခြင်း သက်သက်သာဖြစ်တယ်” ဟု ဆိုပါတယ်။

ထို့ပြင် ဟက်ဂ်ဆက်သ် သည် သြစတြေးလျ၊ ဖိလစ်ပိုင် နှင့် ဂျပန် အပါအဝင် အခြားသော နိုင်ငံများ၏ အသုံးစရိတ်ဆိုင်ရာ မူဝါဒများကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။

“ လူတိုင်းက ဒီကိစ္စမှာ ပါဝင်ပတ်သက်မှု (တာဝန်ယူမှု) မရှိရင် ခိုင်မာတဲ့ မဟာမိတ်အဖွဲ့ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ အလကား လိုက်ပါစီးနင်းတာမျိုး မရှိရပါဘူး” ဟု ဟက်ဂ်ဆက်သ် က ဆိုပါတယ်။

နယူးဇီလန်ကိုယ်စားလှယ်တစ်ဦးက သူတို့ကျွန်းနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် အစီအစဉ်ကို “ အလကား လိုက်ပါစီးနင်းခြင်း” ဟု သတ်မှတ်ပါသလားဟု မေးမြန်းရာတွင် ဟက်ဂ်ဆက်သ် က သဘောတူညီခဲ့ပါတယ်။

“ ရိုးရိုးသားသား ပြောရရင် ၂ ရာခိုင်နှုန်းဆိုတာ မလုံလောက်ပါဘူး၊ ဒါကြောင့် ၂ ရာခိုင်နှုန်းဆိုတာ အလကား လိုက်ပါစီးနင်းတာပါပဲ။ ကျွန်တော့်အနေနဲ့ နယူးဇီလန်အပေါ် တစ်စုံတစ်ရာ အငြိုးအတေး မရှိပါဘူး၊ (ဒါပေမယ့်) မိတ်ဖက်တွေအနေနဲ့ ပိုပြီးတာဝန်ယူလာဖို့ ကျွန်တော် လိုလားပါတယ်” ဟု ဟက်ဂ်ဆက်သ် က တုံ့ပြန်ပြောကြားခဲ့ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed