BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ခွေးလေးများနှင့် ကစားခြင်းက စိတ်အပန်းပြေစေရုံသာမက ဦးနှောက်၏ အာရုံစူးစိုက်မှုကိုပါ မြှင့်တင်ပေးနိုင်

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ခွေးလေးတွေနဲ့ အချိန်ဖြုန်းတာဟာ စိတ်ချမ်းသာရုံတင်မကဘဲ လူတဦးချင်းစီရဲ့ ဦးနှောက်လှိုင်း လှုပ်ရှားမှုတွေကိုပါ တိုင်းတာလို့ရတဲ့အထိ ပြောင်းလဲစေနိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံ ကွန်ကွတ်တက္ကသိုလ် (Konkuk University) ရဲ့ သုတေသနအသစ်တခုက ဖော်ပြလိုက်ပါတယ်။ ဒီတွေ့ရှိချက်ဟာ နောင်အနာဂတ်မှာ တိရစ္ဆာန်တွေကို အသုံးပြုပြီး ကုသတဲ့ (Animal-assisted therapy) နည်းလမ်းတွေအတွက် အလွန်အရေးကြီးတဲ့ အထောက်အထားတခု ဖြစ်လာပါတယ်။သုတေသနပညာရှင် အွန်ယူးယူ ဦးဆောင်တဲ့ အဖွဲ့ဟာ အသက် ၂၈ နှစ်ဝန်းကျင်ရှိတဲ့ လူကြီး ၃၀ ဦးကို ခွေးလေးတွေနဲ့ နည်းလမ်း ၈ မျိုး အသုံးပြုပြီး ထိတွေ့ဆက်ဆံခိုင်းခဲ့ပါတယ်။ ခွေးနဲ့ စတင်တွေ့ဆုံခြင်း၊ ကစားခြင်း၊ မုန့်ကျွေးခြင်း၊ နှိပ်ပေးခြင်း၊…

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ခွေးလေးတွေနဲ့ အချိန်ဖြုန်းတာဟာ စိတ်ချမ်းသာရုံတင်မကဘဲ လူတဦးချင်းစီရဲ့ ဦးနှောက်လှိုင်း လှုပ်ရှားမှုတွေကိုပါ တိုင်းတာလို့ရတဲ့အထိ ပြောင်းလဲစေနိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံ ကွန်ကွတ်တက္ကသိုလ် (Konkuk University) ရဲ့ သုတေသနအသစ်တခုက ဖော်ပြလိုက်ပါတယ်။

ဒီတွေ့ရှိချက်ဟာ နောင်အနာဂတ်မှာ တိရစ္ဆာန်တွေကို အသုံးပြုပြီး ကုသတဲ့ (Animal-assisted therapy) နည်းလမ်းတွေအတွက် အလွန်အရေးကြီးတဲ့ အထောက်အထားတခု ဖြစ်လာပါတယ်။
သုတေသနပညာရှင် အွန်ယူးယူ ဦးဆောင်တဲ့ အဖွဲ့ဟာ အသက် ၂၈ နှစ်ဝန်းကျင်ရှိတဲ့ လူကြီး ၃၀ ဦးကို ခွေးလေးတွေနဲ့ နည်းလမ်း ၈ မျိုး အသုံးပြုပြီး ထိတွေ့ဆက်ဆံခိုင်းခဲ့ပါတယ်။

ခွေးနဲ့ စတင်တွေ့ဆုံခြင်း၊ ကစားခြင်း၊ မုန့်ကျွေးခြင်း၊ နှိပ်ပေးခြင်း၊ အမွေးဖြီးပေးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ပွေ့ဖက်ခြင်းနဲ့ လမ်းလျှောက်ခြင်း စတာတွေကို ၃ မိနစ်စီ ပြုလုပ်ခိုင်းပြီး ဦးနှောက်လှိုင်း (EEG) တိုင်းတာတဲ့ စက်တွေနဲ့ စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

ခွေးလေးတွေနဲ့ ကစားတာ ဒါမှမဟုတ် လမ်းလျှောက်ထွက်တာဟာ ဦးနှောက်ထဲက အယ်လ်ဖာ (Alpha-band) လှိုင်းတွေကို မြင့်တက်စေတာ တွေ့ရပါတယ်။ အယ်လ်ဖာလှိုင်း မြင့်တက်ခြင်းဟာ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ကို အေးအေးချမ်းချမ်းနဲ့ နိုးကြားနေစေတာကြောင့် မှတ်ဉာဏ်ကောင်းမွန်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ဖို့အတွက် အလွန်အထောက်အကူပြုပါတယ်။

ခွေးလေးတွေကို အမွေးဖြီးပေးတာ ဒါမှမဟုတ် အသာအယာ နှိပ်ပေးတာမျိုးလိုမျိုး ပိုပြီး အာရုံစိုက်ရတဲ့ အလုပ်တွေ လုပ်တဲ့အခါမှာတော့ ဘီတာ (Beta-band) လှိုင်းတွေ မြင့်တက်လာတာကို တွေ့ရပါတယ်။ ဘီတာလှိုင်းဟာ လူတဦးရဲ့ အာရုံစူးစိုက်မှုနဲ့ သတိရှိမှုကို ဖော်ပြတာဖြစ်လို့ ခွေးလေးတွေကို ဂရုစိုက်ပေးခြင်းဟာ ဦးနှောက်ရဲ့ သိမြင်နားလည်မှု စွမ်းရည် (Cognitive function) ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

သုတေသနမှာ ပါဝင်သူတွေဟာ ခွေးလေးတွေနဲ့ အချိန်ဖြုန်းပြီးနောက်မှာ ပင်ပန်းနွမ်းနယ်မှု၊ စိတ်ဓာတ်ကျမှုနဲ့ စိတ်ဖိစီးမှုတွေ သိသိသာသာ လျော့ကျသွားတယ်လို့ ပြောကြားခဲ့ကြပါတယ်။ ဒါဟာ စက်နဲ့တိုင်းတာလို့ရတဲ့ ဦးနှောက်လှိုင်း အချက်အလက်တွေနဲ့လည်း ကိုက်ညီနေပါတယ်။

ဒီတွေ့ရှိချက်ဟာ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ တခြားသော ကုသရေးဌာနတွေမှာ လူနာတွေရဲ့ လိုအပ်ချက်အလိုက် (စိတ်အပန်းပြေဖို့လား ဒါမှမဟုတ် အာရုံစူးစိုက်မှုကောင်းဖို့လား ဆိုတာပေါ် မူတည်ပြီး) ခွေးလေးတွေနဲ့ ဘယ်လို လှုပ်ရှားမှုမျိုး လုပ်သင့်သလဲဆိုတာကို ရွေးချယ်နိုင်ဖို့ လမ်းပြပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဒီသုတေသနကို PLoS ONE သိပ္ပံဂျာနယ်မှာ ဖော်ပြထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed