BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ခွေးနဲ့ ကြောင်အစာတွေမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းများ ပါဝင်နေမှုကို သိပ္ပံပညာရှင်များ သတိပေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် | Burma Independent Voice

ဂျပန်နိုင်ငံ၊ Ehime တက္ကသိုလ်က သုတေသီ ကေအီ နိုမီယာမား ဦးဆောင်တဲ့အဖွဲ့ဟာ ဂျပန်မှာ ရောင်းချနေတဲ့ အိမ်မွေးတိရစ္ဆာန်အစာ အမျိုးအစား ၁၀၀ ကို စစ်ဆေးခဲ့ရာမှာ ခန္ဓာကိုယ်ထဲမှာ နှစ်ရှည်လများ စုပုံနေတတ်တဲ့ PFAS လို့ခေါ်တဲ့ ကျေဖျက်ရခက်တဲ့ ဖလိုရင်းဓာတ်ပေါင်းစု ဓာတုပစ္စည်းတွေ ပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။

ဒီရှာဖွေတွေ့ရှိချက်အရ အိမ်မွေးတိရစ္ဆာန်တွေဟာ နေ့စဉ်စားနေကျ အစာတွေကတဆင့် ဒီဓာတုပစ္စည်းတွေကို အမြဲတမ်း ထိတွေ့နေရသလို ဖြစ်နေပါတယ်။ အထူးသဖြင့် ကြောင်အစာတွေမှာ အဆိပ်အတောက် ပါဝင်မှု ပိုမိုမြင့်မားနေတာကို တွေ့ရပါတယ်။

ငါး၊ ပင်လယ်စာ ဒါမှမဟုတ် ငါးဘေးထွက်ပစ္စည်းတွေပါတဲ့ အစာတွေမှာ PFAS ပါဝင်မှု အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ ရေထဲက သတ္တဝါလေးတွေကတဆင့် အဆိပ်အတောက်တွေ တဆင့်ပြီးတဆင့် စုပုံလာတာကြောင့် ဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိချက်က ဆိုပါတယ်။
တရုတ်နိုင်ငံထုတ် ကြောင်အစာခြောက် တ မျိုးမှာ PFAS ပါဝင်မှု ၁၆ ppb အထိ အမြင့်ဆုံး တွေ့ရှိခဲ့ရသလို၊ ထိုင်းနဲ့ ဂျပန်နိုင်ငံထုတ် အစာတွေမှာလည်း ဒေသအလိုက် မတူညီတဲ့ Chemical fingerprints တွေကို တွေ့ရှိရပါတယ်။

ဒီ PFAS ဓာတုပစ္စည်းတွေဟာ ခန္ဓာကိုယ်ထဲရောက်ရင် အလွယ်တကူ မပျက်စီးဘဲ သွေးနဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ စုပုံနေတတ်ပါတယ်။ အရင်က သုတေသနတွေအရ ကြောင်တွေရဲ့ သွေးထဲမှာ PFAS တွေ့ရှိမှုဟာ သိုင်းရွိုက် (Thyroid) နဲ့ အသည်းရောဂါတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

သုတေသီ နိုမီယာမားက “ အိမ်မွေးတိရစ္ဆာန်တွေဟာ အိမ်တွင်းပတ်ဝန်းကျင်မှာ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ဖို့ အားနည်းချက် အရှိဆုံးဖြစ်ပြီး သူတို့မှာ ဒီလိုတွေ့ရတာဟာ လူတွေအတွက်ပါ သတိပေးခေါင်းလောင်းသံ ဖြစ်နိုင်တယ်” လို့ ဆိုပါတယ်။

လက်ရှိမှာ ဂျပန်အပါအဝင် နိုင်ငံအများအပြားမှာ အိမ်မွေးတိရစ္ဆာန်အစာ ဘေးကင်းရေးဥပဒေတွေ ရှိပေမဲ့ PFAS နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက် တိတိကျကျ မရှိသေးပါဘူး။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေအနေနဲ့ အစာဝယ်ယူရာမှာ အသားတံဆိပ်ထက် ပါဝင်ပစ္စည်း ကို ပိုမိုသတိထား ကြည့်ရှုဖို့ လိုအပ်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed