BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ရန်ကုန်ရှိ စားသောက်ဆိုင်များတွင် Live Band ဖျော်ဖြေမှု ရုတ်တရက် အပိတ်ခံရ၊ ဂီတသမားများ အခက်တွေ့

မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တွေမှာ Live Band တေးဂီတ ဖျော်ဖြေမှုတွေကို ဒီကနေ့ညကစပြီး ရုတ်တရက် ပိတ်ပင်လိုက်တာကြောင့် ဂီတအသိုင်းအဝိုင်းနဲ့ လူမှုကွန်ရက် အသုံးပြုသူတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဒီကနေ့ ညနေပိုင်းမှာပဲ ရန်ကုန်မြို့နယ်အသီးသီးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆိုင်တွေအထိ ကိုယ်တိုင်လာရောက်ပြီး ဒီကန့်သတ်ချက်ကို အကြောင်းကြားခဲ့တာပါ။ ဆိုင်ပိုင်ရှင်တွေကိုတော့ တိုက်ရိုက် တေးဂီတဖျော်ဖြေမှုအားလုံး ချက်ချင်းရပ်နားဖို့နဲ့ အသံသွင်းထားတဲ့ နောက်ခံတေးဂီတတွေကိုပဲ ဖွင့်ခွင့်ပြုတော့မယ်လို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဖျော်ဖြေရေးလိုင်စင်တွေနဲ့ ပတ်သက်ပြီး ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ အခုလို ကန့်သတ်ချက်အသစ်တွေ ရှိလာဖို့ ရှိနေပါတယ်။ အရင်ကတည်းက Live Band လိုင်စင်ရှိထားတဲ့ ဆိုင်တွေအနေနဲ့ ပါမစ်အသစ်…

မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တွေမှာ Live Band တေးဂီတ ဖျော်ဖြေမှုတွေကို ဒီကနေ့ညကစပြီး ရုတ်တရက် ပိတ်ပင်လိုက်တာကြောင့် ဂီတအသိုင်းအဝိုင်းနဲ့ လူမှုကွန်ရက် အသုံးပြုသူတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ဒီကနေ့ ညနေပိုင်းမှာပဲ ရန်ကုန်မြို့နယ်အသီးသီးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆိုင်တွေအထိ ကိုယ်တိုင်လာရောက်ပြီး ဒီကန့်သတ်ချက်ကို အကြောင်းကြားခဲ့တာပါ။ ဆိုင်ပိုင်ရှင်တွေကိုတော့ တိုက်ရိုက် တေးဂီတဖျော်ဖြေမှုအားလုံး ချက်ချင်းရပ်နားဖို့နဲ့ အသံသွင်းထားတဲ့ နောက်ခံတေးဂီတတွေကိုပဲ ဖွင့်ခွင့်ပြုတော့မယ်လို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဖျော်ဖြေရေးလိုင်စင်တွေနဲ့ ပတ်သက်ပြီး ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ အခုလို ကန့်သတ်ချက်အသစ်တွေ ရှိလာဖို့ ရှိနေပါတယ်။ အရင်ကတည်းက Live Band လိုင်စင်ရှိထားတဲ့ ဆိုင်တွေအနေနဲ့ ပါမစ်အသစ် ပြန်လျှောက်ရမှာဖြစ်သလို သတ်မှတ်ချက်အသစ်တွေနဲ့ ညီမှသာ ဆက်လုပ်ခွင့်ရမှာပါ။ ဆိုင်အသစ်တွေကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို Live Band တင်ဆက်ခွင့်ကို လုံးဝ ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် ပိတ်လိုက်တာကြောင့် ညစဉ်ဖျော်ဖြေမှုကရတဲ့ ဝင်ငွေကိုပဲ အဓိကအားထားနေရတဲ့ အဆိုတော်တွေနဲ့ ဂီတသမားတွေမှာတော့ စားဝတ်နေရေးအတွက် ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားခဲ့ပါတယ်။ ဆိုင်ပိုင်ရှင်တွေကလည်း ဖျော်ဖြေမှုမရှိရင် လာရောက်သူတွေ နည်းသွားနိုင်တာကြောင့် လုပ်ငန်းလည်ပတ်ဖို့အတွက် စိုးရိမ်နေကြတာပါ။

“ ကျွန်တော်တို့အတွက်ကတော့ ဒါက လက်လုပ်လက်စား အလုပ်မျိုးပါ။ အခုလို ရုတ်တရက်ကြီး ပိတ်လိုက်တော့ နောက်ဘာဆက်လုပ်ရမလဲဆိုတာ လုံးဝကို စဉ်းစားမရတော့ဘူး” လို့ ရန်ကုန်အခြေစိုက် Live Band အဖွဲ့ဝင်တဦးက BIV ကို ပြောပါတယ်။

အခု ပိတ်ပင်မှုဟာ ယာယီအစီအစဉ်လား ဒါမှမဟုတ် ရေရှည်မူဝါဒလားဆိုတာကို အာဏာပိုင်တွေဘက်က တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဂီတသမားတွေနဲ့ ဆိုင်ပိုင်ရှင်တွေကတော့ လက်ရှိအခြေအနေကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed