BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ရှာကီရာ၊ မက်ဒေါနားနှင့် BTS တို့ ဖျော်ဖြေမည်

မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကမ္ဘာ့အကြီးမားဆုံး အားကစားပွဲတော်ဖြစ်တဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ကျင်းပဖို့ လပိုင်းအလိုမှာပဲ နယူးဂျာစီပြည်နယ်၊ MetLife ကွင်းကြီးမှာ ကျင်းပမယ့် ဗိုလ်လုပွဲအတွက် ထူးခြားတဲ့ ဖျော်ဖြေရေးအစီအစဉ်တစ်ခုကို ဖီဖာ က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲရဲ့ ပထမပိုင်းပွဲနားချိန် မှာ ဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဒီအစီအစဉ်ကို Coldplay အဖွဲ့ရဲ့ အဆိုတော် ခရစ်မာတင် က စီစဉ်ညွှန်ကြားသွားမှာပါ။ ဒီဖျော်ဖြေပွဲမှာ ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ ရှာကီရာ ၊ မက်ဒေါနား  နဲ့ ကိုရီးယားနာမည်ကျော် BTS အဖွဲ့တို့က ပူးတွဲတင်ဆက်သွားကြမှာ ဖြစ်ပါတယ်။ ရှာကီရာဟာ ဒီကမ္ဘာ့ဖလားအတွက် တရားဝင်သီချင်းဖြစ်တဲ့…

မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ကမ္ဘာ့အကြီးမားဆုံး အားကစားပွဲတော်ဖြစ်တဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ကျင်းပဖို့ လပိုင်းအလိုမှာပဲ နယူးဂျာစီပြည်နယ်၊ MetLife ကွင်းကြီးမှာ ကျင်းပမယ့် ဗိုလ်လုပွဲအတွက် ထူးခြားတဲ့ ဖျော်ဖြေရေးအစီအစဉ်တစ်ခုကို ဖီဖာ က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲရဲ့ ပထမပိုင်းပွဲနားချိန် မှာ ဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဒီအစီအစဉ်ကို Coldplay အဖွဲ့ရဲ့ အဆိုတော် ခရစ်မာတင် က စီစဉ်ညွှန်ကြားသွားမှာပါ။ ဒီဖျော်ဖြေပွဲမှာ ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ ရှာကီရာ မက်ဒေါနား  နဲ့ ကိုရီးယားနာမည်ကျော် BTS အဖွဲ့တို့က ပူးတွဲတင်ဆက်သွားကြမှာ ဖြစ်ပါတယ်။ ရှာကီရာဟာ ဒီကမ္ဘာ့ဖလားအတွက် တရားဝင်သီချင်းဖြစ်တဲ့ “ Dai Dai” ကိုလည်း ဒီနေ့နှောင်းပိုင်းမှာ ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။

ဒီဖျော်ဖြေပွဲကနေ ရရှိတဲ့ ရန်ပုံငွေတွေကို ကမ္ဘာတစ်ဝှမ်းက ကလေးငယ်တွေ အရည်အသွေးမီ ပညာသင်ကြားခွင့်နဲ့ ဘောလုံးအားကစား လေ့ကျင့်ခွင့်ရရှိစေဖို့အတွက် “ FIFA Global Citizen Education Fund” ဆီကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဇွန်လ ၁၁ ရက်မှာ မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမှာ အိမ်ရှင် မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ ဖွင့်ပွဲပွဲစဉ်အဖြစ် ကစားပါမယ်။ တစ်ချိန်တည်းမှာပဲ ဂွါဒါလာဟာရာမြို့မှာ တောင်ကိုရီးယားနဲ့ ခရိုအေးရှားတို့ ယှဉ်ပြိုင်ကြပါမယ်။

ဇွန်လ ၁၂ ရက်မှာကနေဒါအသင်းက တိုရွန်တိုမြို့မှာ ဘော့စနီးယားနဲ့ ကစားမှာဖြစ်သလို၊ အမေရိကန်အသင်းကတော့ လော့စ်အိန်ဂျလိစ်မြို့မှာ ပါရာဂွေးနဲ့ စတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပမယ့် ဖွင့်ပွဲအခမ်းအနားမှာတော့ ကေတီပယ်ရီ၊ Future၊ Anitta၊ LISA၊ Rema နဲ့ Tyla တို့က ဖျော်ဖြေသွားကြမှာပါ။ ဒါ့အပြင် ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေမှာလည်း သီးခြားဖွင့်ပွဲအခမ်းအနားတွေနဲ့အတူ နာမည်ကျော် အနုပညာရှင်များစွာ ပါဝင်ဆင်နွှဲသွားဖို့ ရှိနေပါတယ်။

ဒီတစ်ကြိမ် ကမ္ဘာ့ဖလားဟာ မြောက်အမေရိကတိုက်က နိုင်ငံ ၃ နိုင်ငံ (အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ) မှာ ပူးတွဲကျင်းပတာဖြစ်ပြီး အိမ်ရှင်မြို့ပေါင်း ၁၆ မြို့မှာ ပွဲစဉ်ပေါင်း ၁၀၀ ကျော်ကို တစ်လကြာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ အားကစားပွဲသာမက ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေကြောင့်လည်း ယခင်နှစ်တွေထက် ပိုမိုထူးခြားတဲ့ ကမ္ဘာ့ဖလားပွဲတော်ကြီး ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed