ဩဂုတ် ၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ MRTV သတင်းဌာနက ထုတ်ပြန်လာပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ ဒီကနေ့ ဩဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာ လာရောက်တွေ့ဆုံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။



လူမြင်ကွင်းကနေ ပျောက်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက တွေ့ဆုံခွင့်တောင်းထားတဲ့အပေါ် အာဏာသိမ်းစစ်တပ်က လက်ခံခြင်းမရှိသေးပေမယ့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူနဲ့ တွေ့ဆုံခွင့်ပေးခဲ့တာလို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

