-

မင်းအောင်လှိုင်ရဲ့ အချက်အလက်အမှား အလိမ်အညာစကားများ နှင့် စိုးဝင်းအတွက် နှစ်သိမ့်ကောင်စီ
၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ကမ္ဘာ-မြန်မာမြင်ကွင်းကျယ် အစီစဉ်မှာတော့ မင်းအောင်လှိုင် စိတ်ကြိုက်သမ္မတလုပ်ပြီး ပြောတဲ့ စကား အချက်အလက်အမှားတွေ ဘယ်လောက်ပါသလဲ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီက စိုးဝင်းအတွက် နှစ်သိမ့်ဆုလား အီရန်စစ်ပွဲ နောက်ဆုံးရအခြေအနေ တွေကို ဆွေးနွေးတင်ဆက်ထားပါတယ်။ #burmaindependentvoice #atimewithkyawkyawthein #politicsnews #minaunghlaing BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided…
-

❝ ထောက်လှမ်းရေးသခင်က ဦးဆောင်သော အာဏာရှင်စနစ် – ရဲဝင်းဦး၏ အာဏာတက်လမ်းက မြန်မာနိုင်ငံအတွက် အမှောင်မိုက်ဆုံး အခန်းကဏ္ဍသစ်တခုကို ဘာကြောင့် ဖော်ညွှန်းနေသလဲ ❞
Progressive Grassroots Initiative မှ ရေးသားသည်။ စစ်ထောက်လှမ်းရေးအကြီးအကဲတဦး မြန်မာစစ်တပ်၏ အမြင့်ဆုံးရာထူးသို့ တက်လှမ်းလာခြင်းသည် စောင့်ကြည့်ထောက်လှမ်းမှုအပေါ် ပိုမိုအခြေခံသော အာဏာရှင်အုပ်ချုပ်ရေးစနစ်တခုဆီသို့ ဦးတည်သွားမည့် အပြောင်းအလဲတခုကို အချက်ပြနေသည်။ သမိုင်းစဉ်ဆက် ပုံစံမှ ခွဲထွက်ခြင်း မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အာဏာကို ရဲဝင်းဦးအား လွှဲပြောင်းပေးလိုက်သည်ဟူသော သတင်းသည် မြန်မာစစ်ခေါင်းဆောင်ပိုင်းအတွင်း သာမန်ရာထူးအပြောင်းအလဲမျှသာဟု ထင်ရနိုင်သည်။ သို့သော် အမှန်တကယ်တွင် ၎င်းသည် နိုင်ငံတွင်း အာဏာကျင့်သုံးပုံကို ပြောင်းလဲသွားစေနိုင်သော ပိုမိုနက်ရှိုင်းသည့် အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲတခုကို ညွှန်ပြနေသည်။ မြန်မာ့ခေတ်သစ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ထောက်လှမ်းရေးနောက်ခံရှိသူတဦးက တပ်မတော်ကို ဦးဆောင်မှု၌ ရှိနေခြင်းက ဖိနှိပ်မှု၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတော်ထိန်းချုပ်မှုတို့၏ အနာဂတ်လမ်းကြောင်းအပေါ် ကြီးမားသော မေးခွန်းများ ထွက်ပေါ်လာစေသည်။ သမိုင်းတလျှောက်တွင် မြန်မာစစ်ခေါင်းဆောင်များသည် ထောက်လှမ်းရေးယန္တရားကို သတိကြီးစွာဖြင့်သာ ဆက်ဆံလေ့ရှိသည်။ ဗိုလ်ချုပ်ကြီး…
-

ရေပြတ်လပ်မှု အန္တရာယ် ကမ္ဘာတဝှမ်းနဲ့ အမေရိကန်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေ သတိပေး
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက် | Burma Independent Voice ၊ သဘာ၀ပတ်ဝန်းကျင် တောင်ကိုရီးယားနိုင်ငံ Pusan အမျိုးသားတက္ကသိုလ်က ဦးဆောင်ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအသစ်အရ၊ နောက်လာမယ့် ဆယ်စုနှစ်အတွင်းမှာတင် ကမ္ဘာ့နေရာအတော်များများမှာ ရေပေးဝေမှု လုံးဝရပ်ဆိုင်းသွားမယ့် “ Day Zero” အခြေအနေတွေ စတင်ပေါ်ပေါက်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ရက်ပိုင်းတင်မကဘဲ လပိုင်း၊ နှစ်ပိုင်းအထိ ကြာမြင့်နိုင်တဲ့ ပြင်းထန်တဲ့ ရေရှားပါးမှု ဖြစ်ပါတယ်။ “ Day Zero Drought” ဆိုတာက ဒေသတွင်း ရေလိုအပ်ချက်က မိုးရေ၊ မြစ်ရေနဲ့ သိုလှောင်ထားတဲ့ ရေပမာဏထက် ကျော်လွန်သွားပြီး၊ နှစ်ရှည်လများ ရေပြတ်လပ်သွားတဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါဟာ ခေတ္တခဏ…
-

စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်တပ်ကို ပြောတဲ့ မိန့်ခွန်း အချက်အလက်အမှားတွေပြည့်နေ
မတ်လ ၂၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ၊ Fact Check အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ စစ်ရေးပြအခမ်းအနားမှာ မိန့်ခွန်းပြောကြားရာမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဥပဒေနဲ့အညီဖြစ်ကြောင်း ခုခံကာကွယ်ပြောဆိုသွားသလို၊ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာလည်း အောင်မြင်ကြောင်းနဲ့ တပ်မတော်ဟာ ဒီမိုကရေစီကို ဖော်ဆောင်နေတာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်အချို့ဟာ လက်တွေ့တွေနဲ့ လွဲမှားနေတာကို BIV က အချက်အလက် စစ်ဆေးထားပါတယ်။ စစ်ခေါင်းဆောင်ပြောဆိုချက် – တပ်မတော်အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို…
-

အကျဉ်းအကြပ်ထဲက လူ့မလိုင်အလွှာ မြန်မာသူဌေးသူကြွယ်များ
ဆောင်းပါး | Burma Independent Voice ရေးသားသူ – ကျော်ဘ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲတွေ၊ ပြဿနာတွေဟာ စီးပွားရေးကျဆင်းနေတယ် ဆိုတဲ့ လက္ခဏာ သင်္ကေတ တခု အဆင့် မဟုတ်တော့ပါဘူး။ နိုင်ငံတကာရေးရာတင်းမာမှုတွေ၊ ပြည်တွင်းပဋိပက္ခအခြေအနေ၊ မြန်မာစစ်တပ်ရဲ့မူဝါဒအမှားတွေ၊ ပြင်ပဖိအားတွေနဲ့ စျေးကွက်ပျက်စီးမှုတွေ အားလုံးပေါင်းစုပြီး နိုင်ငံရဲ့ ယန္တရားကြီးတခုလုံးက အလျင်အမြန် ယိုင်နဲ့ယိုယွင်းလာနေတဲ့ စနစ်ပြိုလဲမှု Structural Decay တခု ဖြစ်နေပါတယ်။ ဒီလို စနစ်ယိုယွင်းပျက်စီးမှုဟာ အောက်ခြေလူတန်းစားကိုသာမက ခေတ်အဆက်ဆက် စီးပွားရေးကျဆင်းတာကို မမှုခဲ့တဲ့ ရေပေါ်ဆီ အထက်တန်းလွှာကိုပါ ခုနောက်ပိုင်းမှာ တဖြည်းဖြည်း ရိုက်ခတ်လာနေပါတယ်။ အရင်က မြန်မာအထက်တန်းလွှာဆိုတာ ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ လူတန်းစားပါ။ သူတို့ဟာ ဘန်ကောက်မှာ ဆေးကု၊ စင်္ကာပူမှာ…
-

အမေ့လျော့ခံ မတ်လ ၂၇ ရက် ၊ လူထုနဲ့ ကင်းကွာလာတဲ့ တော်လှန်ရေးအလွှာများ
၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်ဟာ နွေဦးတော်လှန်ရေးအတွင်း အာဏာသိမ်းမှုဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးအတွက် တောင်းဆိုဆန္ဒပြကြတဲ့ ပြည်သူတွေ အများဆုံး သေဆုံးခဲ့ရတဲ့နေ့ဖြစ်ပါတယ်။ မတ်လ ၂၇ ရက်ဟာ နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုအသွင်သဏ္ဍန်ကို ထင်ရှားစေခဲ့တဲ့ “ သွေးစွန်းတဲ့ တော်လှန်ရေးနေ့” ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် တရက်တည်းမှာတင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းပြည်နယ် အပါအဝင် နိုင်ငံတဝန်းက မြို့ပေါင်း ၄၀ ကျော်မှာ ဆန္ဒပြပြည်သူတွေကို အာဏာသိမ်း စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ပြည်သူပေါင်း ၁၁၄ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီနေ့မှာ အသက် ၁၅ နှစ်အောက် ကလေးသူငယ် အနည်းဆုံး ၆…
-

ဗိုလ်ချုပ်ဂွန်မော်ရဲ့ ရှမ်းမြောက်ခရီးစဉ် ဘာထူးခြားလဲ၊ မှောင်ခိုစျေးကွက်နဲ့ သွင်းကုန်တွေကိစ္စ
၂၀၂၆ ခုနှစ် ဧပြီလ ၉ ရက် မြန်မာ့ရေးရာ တနေ့တာအစီစဉ်မှာတော့ ဗိုလ်ချုပ်ဂွန်မော်ရဲ့ ရှမ်းမြောက်ခရီးစဉ် ဘာထူးခြားလဲ၊ တယ်လီနောကို တရားစွဲတဲ့ အခြေအနေ မှောင်ခိုစျေးကွက်နဲ့ သွင်းကုန်တွေကိစ္စ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ဆက်ထားပါတယ်။ #burmaindependentvoice #atimewithkyawkyawthein #မြန်မာ့ရေးရာတနေ့တာ BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest…
-

ဗဟိုဘဏ် အုပ်ချုပ်ရေး အပြောင်းအလဲ “ပညာရှင်များ” ဖြင့် အကြပ်အတည်းကြားက ထွက်ပေါက်ကို ရှာဖွေခြင်း
ဧပြီ ၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကျော်ဘ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဦးဆောင်မှုအဖွဲ့သစ်ဟာ မြန်မာ့ဘဏ္ဍာရေးလောကအတွက် သိသာထင်ရှားတဲ့ “Reset” ခလုတ်တခုကို မင်းအောင်လှိုင်က နှိပ်လိုက်တဲ့ လက္ခဏာပါ။ သန်းသန်းဆွေ ဦးဆောင်တဲ့ ယခင်အဖွဲ့ကို အနားပေးပြီး ဒေါက်တာခင်နိုင်ဦး ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်တာဟာ စစ်ခေါင်းဆောင်တွေအနေနဲ့ စီးပွားရေး အကြပ်အတည်းနဲ့ နိုင်ငံတကာဖိအားကို ဖြေရှင်းရာမှာ အလုပ်မဖြစ်တဲ့သူကို ဖယ်ထုတ်ပြီး နည်းပညာပိုင်းဆိုင်ရာ (Technocratic) ချဉ်းကပ်မှုနဲ့ အစားထိုးလိုက်တာပါပဲ။ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို ၂၀၂၂ ကတည်းက နာမည်ပျက် ကြေငြာထားပြီး ပြုပြင်ပြောင်းလဲရေးကို…
-

၅ နှစ်ကျော်အတွင်း အရပ်သားနေအိမ် ၁ သိန်း ၂ သောင်းကျော်ကို အာဏာသိမ်းစစ်တပ် မီးရှို့ဖျက်ဆီး ၊စစ်ကိုင်းတိုင်း မှာ အဆိုးရွားဆုံးဖြစ်
ဧပြီလ ၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ စစ်တပ် လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁၂၅,၃၂၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲ့ဒီ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စာရင်းဇယားတွေအရ မီးရှို့ဖျက်ဆီးခံရမှု စုစုပေါင်းရဲ့ ၉၇ ရာခိုင်နှုန်း နေအိမ်ပေါင်း ၁၂၁,၄၈၅ လုံး ဟာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့…
-

စစ်တပ် တပ်စွဲထားတဲ့ လွိုင်ကော်ဘုရားကျောင်းကို စစ်တပ်စွန့်ခွါသွားပေမယ့် လွိုင်ကော်ဆရာတော် စစ်ဘေးရှောင်ပြည်သူတွေနဲ့သာ အီစတာပွဲတော်ကို ဖြတ်သန်း
ဧပြီလ ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကယားပြည်နယ်၊ လွိုင်ကော်မြို့က ကသီဒရယ်ဘုရားရှိခိုးကျောင်းတော်ကြီး Christ the King Cathedral မှာ စစ်တပ်က တပ်စွဲထားတာကနေ ပြန်လည်စွန့်ခွါသွားပေမယ့်လည်း လွိုင်ကော်ဂိုဏ်းအုပ် ဆရာတော် ချဲလ်ဆိုဘရွှေ ကတော့ ကျောင်းတော်ကြီးဆီ ပြန်သွားရောက်ခြင်းမရှိသေးဘဲ တောတောင်ထဲက ဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ အတူ အီစတာပွဲတော် ကို ဖြတ်သန်းနေတယ်လို့ ဗာတီကန်သတင်းမှာ ဖေါ်ပြပါတယ်။ အဲ့ဒီ ဘုရားကျောင်းတော်ကြီးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စစ်တပ်က သိမ်းပိုက်ပြီး စစ်ဆင်ရေးအခြေစိုက်စခန်းအဖြစ် အသုံးချခဲ့ခြင်း ဖြစ်ပါတယ်။ ဆရာတော်နဲ့ အတူ ဘုန်းတော်ကြီးတွေနဲ့ ဘာသာဝင်တွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။ အခုအခါမှာတော့ စစ်တပ်က ပြန်လည်ထွက်ခွာသွားတာကြောင့် ဘုန်းတော်ကြီးနှစ်ပါးက…

Latest News
About the Author
AF themes
Search the Archives
Access over the years of investigative journalism and breaking reports
You May Have Missed


















