BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

  • အာဏာသိမ်းစစ်တပ်ကို အပြီးတိုင်း တော်လှန်သွားမယ်ဆိုတဲ့ PSLF/TNLA က စစ်တပ်ရဲ့အမည်ပြောင်းအစိုးရကို ကြိုဆိုကြောင်းပြောလာ
    ,

    အာဏာသိမ်းစစ်တပ်ကို အပြီးတိုင်း တော်လှန်သွားမယ်ဆိုတဲ့ PSLF/TNLA က စစ်တပ်ရဲ့အမည်ပြောင်းအစိုးရကို ကြိုဆိုကြောင်းပြောလာ

    ဧပြီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ အမည်ပြောင်းအစိုးရကို ကြိုဆိုတယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီးပြောဆိုလိုက်ပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်အတွင်း တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ (၉) ကြိမ်မြောက် ဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်တွေကို PSLF/TNLA အနေနဲ့ ဆက်လက်ထိန်းသိမ်း လိုက်နာသွားမယ်လို့ထည့်သွင်းပြောဆိုထားသလို နိုင်ငံရေးပြဿနာတွေကို လက်နက်ကိုင်နည်းလမ်းထက် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ဖို့အတွက် အရပ်သားအစိုးရသစ်နဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ဆိုထားပါတယ်။ လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ…

    Continue Reading

  • အာဏာသိမ်းစစ်အုပ်စုရဲ့ “ တရားဝင်မှု”  အတုအယောင်နဲ့ သတင်းမီဒီယာတွေရဲ့ ပဲ့တင်ထပ်သံ
    ,

    အာဏာသိမ်းစစ်အုပ်စုရဲ့ “ တရားဝင်မှု” အတုအယောင်နဲ့ သတင်းမီဒီယာတွေရဲ့ ပဲ့တင်ထပ်သံ

    ကျော့မောင် အတွေးအမြင်ဆောင်းပါး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၅ နှစ်အလွန် စစ်တပ်က စိတ်ကြိုက်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကနေ အာဏာသိမ်းစစ်ခေါင်းဆောင်ကပဲ ဦးဆောင်တဲ့ စစ်အစိုးရဟာ အရပ်သားအစိုးရပုံရိပ်သဏ္ဍန် ပုံဖေါ်ဖန်တီးနေပါတယ်။ လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့အစိုးရဟာ မြန်မာပြည်သူလူထုကို ကိုယ်စားပြုမှုမရှိဘဲ၊ ပြည်သူတွေကို ဖိနှိပ်အုပ်ချုပ် နှိပ်စက်ပြီး အကြောက်တရားအောက်ကနေ သူတို့ရဲ့ တရားဝင်မှုကို ဖန်တီးရယူနေတယ်ဆိုတာ အထင်အရှားပါပဲ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတရာထူးရယူပြီး ဒါဟာ ပြည်သူပေးအပ်တဲ့ ကိုယ်စားပြုမှု ဖြစ်သဖွယ် ပြောဆိုနေပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရရဲ့ လုပ်နည်းလုပ်ဟန်၊ ပြည်သူလူထုအပေါ်သဘောထား၊ နိုင်ငံရေးစိတ်စေတနာတွေဟာ အာဏာစသိမ်းခဲ့တဲ့ အချိန်တုန်းကနဲ့ ဘာမှမကွာခြားပါဘူး။ သေချာတာတခုကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အစိုးရဟာ ပြည်သူလူထုရဲ့ ကိုယ်စားပြုမှုအရဆိုရင် လုံး၀တရားမဝင်မှုမရှိတဲ့ အာဏာသိမ်းအစိုးရသာဖြစ်ပါတယ်။…

    Continue Reading

  • မြောက်ဥက္ကလာပမှာ လျှပ်စစ်မီး အဆမတန် ဖြတ်တောက်ခံနေရမှုကြောင့် ပြည်သူများ စိတ်ပျက်ဒေါသထွက်နေ၊ တရားဝင်ထုတ်ပြန်ချိန်ထက် ပိုမိုဖြတ်တောက်နေဟုဆို
    ,

    မြောက်ဥက္ကလာပမှာ လျှပ်စစ်မီး အဆမတန် ဖြတ်တောက်ခံနေရမှုကြောင့် ပြည်သူများ စိတ်ပျက်ဒေါသထွက်နေ၊ တရားဝင်ထုတ်ပြန်ချိန်ထက် ပိုမိုဖြတ်တောက်နေဟုဆို

    ဧပြီ ၁၂ ရက် | Burma Independent Voice ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ လျှပ်စစ်မီးတွေကို ကြေညာထားတဲ့ အချိန်ထက် ပိုမိုဖြတ်တောက်နေတာကြောင့် ဒေသခံပြည်သူတွေ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပြီး စိတ်ပျက်ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။ မြောက်ဥက္ကလာပ EPC ဘက်က ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ အရေးပေါ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကြောင့် မီးဖြတ်မယ်လို့ တရားဝင် အသိပေးပန်ကြားထားပေမဲ့ လက်တွေ့မှာတော့ ညဘက်တွေမှာပါ မီးမလာတာ၊ လာရမယ့်အချိန်မှာ မလာတာမျိုးတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ တခြားမြို့နယ်တွေမှာ ည ၉ နာရီကနေ ၁ နာရီအထိ မီးမှန်နေပေမဲ့ ကျွန်တော်တို့ မြောက်ဥက္ကလာမှာတော့ အမြဲလိုလို…

    Continue Reading

  • ရခိုင်ပြည်လွတ်မြောက်ရေး ၂၀၂၇ မကုန်ခင်မှာ မြို့အားလုံးသိမ်းမယ်လို့ အေအေခေါင်းဆောင်ပြော
    ,

    ရခိုင်ပြည်လွတ်မြောက်ရေး ၂၀၂၇ မကုန်ခင်မှာ မြို့အားလုံးသိမ်းမယ်လို့ အေအေခေါင်းဆောင်ပြော

    ဧပြီလ ၁၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ရခိုင်ပြည်နယ်တခုလုံးလွတ်မြောက်ရေးအတွက် ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ် မကုန်ခင်မှာ မြို့အားလုံးကို သိမ်းပိုက်နိုင်ရေးဆိုတဲ့ ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်သွားကြမယ်လို့ အာရက္ခတပ်တော် (AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခတပ်တော် (AA) တည်ထောင်တဲ့ ၁၇ နှစ်ပြည့် သဝဏ်လွှာမှာ ထည့်သွင်းပြောပါတယ်။ လက်ကျန်အဆုံးအဖြတ်တိုက်ပွဲတွေကို ၂၀၂၆ နဲ့ ၂၀၂၇ မကုန်ခင်မှာ လက်စသိမ်းအောင်ပွဲခံနိုင်ဖို့ ယုံကြည်ချက်နဲ့ ဆက်လက် လုပ်ဆောင်သွားဖြစ်သလို၊ အဲ့ဒီကာလအထိရောက်လို့ မဖြစ်နိုင်သေးဘူးဆိုရင်လည်း မိုးအဆုံးမြေအဆုံးအထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း အေအေခေါင်းဆောင်က ပြောပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားရတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တချောင်းစီအတွက် တရားမျှတမှုရရှိအောင်ကြိုးစားဖို့လည်း အေအေတပ်မှူးချုပ်က ထည့်သွင်းပြောဆိုခဲ့သလို၊ နိုင်ငံတကာတရားစီရင်ရေးထက် ပိုပြီးလက်တွေ့ကျတဲ့ ကိုယ့်အင်အားကို…

    Continue Reading

  • ရိုဟင်ဂျာအရပ်သားတွေကို AA က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ သက်သေအထောက်အထားအသစ်တွေထွက်ပေါ်လာတယ်လို့ Fortify Rights ပြော
    ,

    ရိုဟင်ဂျာအရပ်သားတွေကို AA က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ သက်သေအထောက်အထားအသစ်တွေထွက်ပေါ်လာတယ်လို့ Fortify Rights ပြော

    ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် | Burma Independent Voice ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာအရပ်သားတွေအပေါ်မှာ အာရက္ခတပ်တော်(AA)က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ သက်သေအထောက်အထားသစ်တွေကို အခြေခံပြီိးနိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို တိုးချဲ့ဆောင်ရွက် သင့်တယ်လို့ Fortify Rights အဖွဲ့က ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ထန်ရှောက်ခန် ကျေးရွာအနီးမှာ AA က ကျေးရွာသားတွေကို ဘေးလွတ်ရာသို့ တိမ်းရှောင်ဖို့ အမိန့်ပေးခဲ့ပြီးနောက်၊ တိမ်းရှောင်လာသတဲ့ ရိုဟင်ဂျာအရပ်သား ရာပေါင်းများစွာကို လမ်းခုလတ်မှာ တားဆီးပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ Fortify Rights ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။…

    Continue Reading

  • ရက္ခိုင့်တပ်တော် (AA) ၁၇ နှစ်ပြည့်သို့ မဟာမိတ်ညီနောင်များ ဂုဏ်ပြုသဝဏ်လွှာပေးပို့ တော်လှန်ရေးအောင်တဲ့အထိ အတူလက်တွဲမယ်လို့ ပြော
    ,

    ရက္ခိုင့်တပ်တော် (AA) ၁၇ နှစ်ပြည့်သို့ မဟာမိတ်ညီနောင်များ ဂုဏ်ပြုသဝဏ်လွှာပေးပို့ တော်လှန်ရေးအောင်တဲ့အထိ အတူလက်တွဲမယ်လို့ ပြော

    ဧပြီ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်ပြည့်မြောက်တဲ့ ဒီနေ့ ၂၀၂၆ ဧပြီ ၁၀ ရက်မှာ မဟာမိတ်ညီနောင်တွေဖြစ်တဲ့ PSLF/TNLA နဲ့ MNTJP/MNDAA တို့က ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ကြပြီး တော်လှန်ရေးခရီးလမ်းဆုံးအထိ အတူတကွလက်တွဲသွားမယ် ပြောပါတယ်။ AA ဟာ ရခိုင်ပြည်နယ်အတွက်တင်မကဘဲ မြန်မာပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် အခက်အခဲတွေကြားကနေ ကူညီဖြည့်ဆည်းပေးနေတာကို ဝမ်းမြောက်စွာ တွေ့မြင်ရတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ “ ရည်မှန်းချက်တူရင် မဟာမိတ်ပဲ” ဆိုတဲ့အတိုင်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် တော်လှန်ရေးခရီးလမ်းဆုံးအထိ အတူတူလက်တွဲသွားမယ်လို့ ညီနောင်မဟာမိတ်တွေက သဝဏ်လွှာအတွင်းထည့်သွင်းပြောပါတယ်။ လက်ရှိအချိန်မှာ အာရက္ခတပ်တော်ဟာ တော်လှန်ရေး လောကဓံကို ကြံ့ကြံ့ခံပြီး…

    Continue Reading

  • “အူယားဖားယား ငွေမည်းဥပဒေနဲ့ ဗျာများနေတဲ့ သန်းသန်းဆွေ”ကမ္ဘာ့ဘဏ္ဍာရေးစနစ်ရဲ့ ဖိအား၊ စစ်ခေါင်းဆောင်တွေရဲ့ ရုန်းကန်မှုနဲ့ တော်လှန်ရေးအစိုးရရဲ့ မဟာဗျုဟာလိုအပ်ချက်
    ,

    “အူယားဖားယား ငွေမည်းဥပဒေနဲ့ ဗျာများနေတဲ့ သန်းသန်းဆွေ”ကမ္ဘာ့ဘဏ္ဍာရေးစနစ်ရဲ့ ဖိအား၊ စစ်ခေါင်းဆောင်တွေရဲ့ ရုန်းကန်မှုနဲ့ တော်လှန်ရေးအစိုးရရဲ့ မဟာဗျုဟာလိုအပ်ချက်

    ဆောင်းပါး | Burma Independent Voice ကျော်ဘ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်က ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ဒီဥပဒေဟာ ဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ် ဥပဒေဟောင်းကို ပယ်ဖျက်အစားထိုးလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံအပေါ် စည်းကမ်းတင်းကျပ်လာတာကို ဖြေလျှော့ဖို့နဲ့ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ရှောင်ရှားဖို့ ဒီဥပဒေကို ရေးကြီးသုတ်ပြာ ရေးဆွဲအတည်ပြုလိုက်ရ ဖြစ်ပါတယ်။ နစ်မြုပ်နေတဲ့ လှေတစီးရဲ့ ဝမ်းဗိုက်ထဲက ရေတွေကို လှေထိုးသားတွေက အူယားဖားယား ခပ်ထုပ်နေကြရတာနဲ့ တူပါတယ်။ ဒီဥပဒေရဲ့ ရည်ရွယ်ချက်ထဲမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့အချက်ကို ထည့်သွင်းရေးဆွဲထားတာဟာ စစ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေးကွန်ယက်မှာ…

    Continue Reading

  • Artemis 2 အာကာသယာဉ် လကမ္ဘာကိုပတ်ပြီး သမိုင်းဝင် စံချိန်သစ်တင်၊ လူသားတို့ ကမ္ဘာနှင့် အဝေးဆုံးသို့ ရောက်ရှိ
    , ,

    Artemis 2 အာကာသယာဉ် လကမ္ဘာကိုပတ်ပြီး သမိုင်းဝင် စံချိန်သစ်တင်၊ လူသားတို့ ကမ္ဘာနှင့် အဝေးဆုံးသို့ ရောက်ရှိ

    ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် | Burma Independent Voice နာဆာရဲ့ Artemis 2 အာကာသယာဉ်ဟာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့မှာ လကမ္ဘာရဲ့ တစ်ဖက်ခြမ်းကို ပတ်ရုံသာမက၊ လူသားမျိုးနွယ်သမိုင်းမှာ ကမ္ဘာမြေနဲ့ အဝေးဆုံးနေရာအထိ ရောက်ရှိသွားတဲ့ စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။ Artemis 2 အာကာသယာဉ်ဟာ ကမ္ဘာမြေကနေ မိုင်ပေါင်း ၂၅၂,၇၅၆ (ကီလိုမီတာ ၄၀၆,၇၇၁) အကွာအဝေးအထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ၁၉၇၀ ပြည့်နှစ်က Apollo 13 ခရီးစဉ် တင်ခဲ့တဲ့ စံချိန်ဟောင်းကို ကျော်လွန်သွားတာ ဖြစ်ပါတယ်။ အာကာသယာဉ်မှူး လေးဦးဟာ လမျက်နှာပြင်ကနေ ၄,၀၆၇ မိုင် (၆,၅၄၅ ကီလိုမီတာ) အကွာအဝေးကနေ…

    Continue Reading

  • အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတအဖြစ်ပထမဆုံးမိန့်ခွန်းကို အချက်အလက်အမှားများဖြင့် စတင်ပြော

    အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတအဖြစ်ပထမဆုံးမိန့်ခွန်းကို အချက်အလက်အမှားများဖြင့် စတင်ပြော

    ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်Burma Independent Voice ၊ Fact Check စစ်တပ် စိတ်ကြိုက်လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲကနေ ပေါ်လာပြီး စစ်တပ်ကြီးစိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ အဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာ အချက်အလက်အမှားတွေနဲ့ စတင်ပြောကြားခဲ့တာကို တွေ့ရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုချက်တွေကို BIV က အချက်အလက်စစ်ဆေးထားပါတယ်။ စစ်ခေါင်းဆောင်ပြောဆိုချက် – ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အဲ့ဒီအချိန်က အာဏာရပါတီဟာ အလွန်အရုပ်ဆိုးအကျည်းတန်တဲ့ မဲမသာမှုတွေကို ပြုလုပ်ခဲ့တာကြောင့် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ တရားမျှတပြီး မှန်ကန်တဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ပျက်ယွင်းစေတဲ့ မရိုးသားတဲ့ နိုင်ငံရေး တရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။ စိစစ်ချက်…

    Continue Reading

  • အရှိန်ရလာနေတဲ့စောင့်ကြည့်ဖမ်းဆီးရေးနဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုတွေ
    ,

    အရှိန်ရလာနေတဲ့စောင့်ကြည့်ဖမ်းဆီးရေးနဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုတွေ

    အရှိန်ရလာနေတဲ့စောင့်ကြည့်ဖမ်းဆီးရေးနဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုတွေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြေး ၄ ပြေး တားဆီးဖို့ အကြောင်းပြချက်နဲ့ ခရီးသွားပြည်သူတွေအပေါ် စိစစ်မှုတွေ စစ်အာဏာပိုင်တွေက ဒီနေ့ ၂၀၂၆ ဧပြီ ၁၀ ရက်မှာ တိုးမြှင့်ဆောင်ရွက်လိုက်ပါတယ်။ အရင်ကတည်းက လုံခြုံရေးအရ စစ်ဆေးမှုတွေ ရှိနေပြီးဖြစ်ပေမယ့် အခုတော့ လက်မှတ်ကောင်တာ Check-In နေရာတွေမှာ လေကြောင်းရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် တိုက်ရိုက်ပါဝင်စစ်ဆေးနေကြတာပါ။ လေကြောင်းလိုင်းတွေကိုလဲ ခရီးသည်စာရင်းမှာ မှတ်ပုံတင်နံပါတ် ပြည့်ပြည့်စုံစုံ ထည့်သွင်းဖို့နဲ့ Check-in ဝင်တဲ့ အချိန်မှာ မှတ်ပုံတင်ကတ်များကို တိတိကျကျ စိစစ်ဖို့  ညွှန်ကြားထားပါတယ်။ ဒီနေ့ စီမံချက်ရဲ့  ရည်ရွယ်ချက်က “ပြေး (၄) ပြေး” ဆိုတဲ့ “စစ်ပြေး၊ ရဲပြေး၊ ထောင်ပြေးနဲ့ တရားခံပြေး” တွေကို  ခရီးသွားလာချိန်မှာ ဖမ်းဆီးနိုင်ဖို့ ဖြစ်တယ်လို့…

    Continue Reading

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed