BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

စိတ်ဖိစီးမှုနဲ့ အရက် စွဲလမ်းမှု တို့ကြားက ဆက်နွှယ်မှုကို သုတေသနအသစ်က ဖော်ထုတ်

၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက် | Burma Independent Voice

စိတ်ဖိစီးမှုတွေ ကြုံလာရတဲ့အခါ လူတွေဟာ ဘာကြောင့် အရက်သောက်တဲ့ အလေ့အထနောက်ကို ပါသွားတတ်ကြတာလဲ၊ တက္ကဆက် A&M တက္ကသိုလ်၊ ဆေးပညာကောလိပ်က ဒေါက်တာ ဂျွန်ဝမ် ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီမေးခွန်းအတွက် ဇီဝဗေဒဆိုင်ရာ အဖြေတခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဦးနှောက်ထဲက စိတ်ဖိစီးမှုကို တုံ့ပြန်တဲ့နေရာမှာ ဦးနှောက်ရဲ့ “ အရေးပေါ် ခေါင်းလောင်း လို့ခေါ်တဲ့ CeA ၊ ဦးနှောက်ရဲ့ “ စိုးရိမ်စိတ် စောင့်ကြည့်ရေး BNST နဲ့ အလေ့အထတွေကို ထိန်းချုပ်တဲ့နေရာ (Dorsal Striatum) ကြားမှာ တိုက်ရိုက်ဆက်သွယ်ထားတဲ့ လမ်းကြောင်းတခုရှိနေတာကို ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ဒီနေရာတွေဟာ CRF လို့ခေါ်တဲ့ ဓာတုပစ္စည်းကိုသုံးပြီး သတင်းစကား ပေးပို့ကြတာ ဖြစ်ပါတယ်။

CRF ဓာတုပစ္စည်းဟာ ဦးနှောက်ထဲက CINs လို့ခေါ်တဲ့ ဆဲလ်တွေဆီကို ရောက်သွားပါတယ်။ ဒီဆဲလ်တွေဟာ ဦးနှောက်ရဲ့ ယာဉ်ထိန်းရဲတွေလို အလုပ်လုပ်ပြီး အလေ့အထဟောင်းတွေထဲမှာပဲ နစ်မွန်းမနေဘဲ အခြေအနေအရ ဆုံးဖြတ်ချက်အသစ်တွေ ချနိုင်အောင် ကူညီပေးပါတယ်။

ပုံမှန်အားဖြင့် စိတ်ဖိစီးမှုဟာ ဦးနှောက်ကို ပိုပြီးစဉ်းစားချင့်ချိန်နိုင်အောင် ကူညီပေးပေမဲ့ အရက်ကတော့ ဒီစနစ်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။ အရက်ဟာ ဦးနှောက်ရဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ စွမ်းရည်ကို ပိတ်ပင်လိုက်တာကြောင့် လူတယောက်ဟာ စိတ်ဖိစီးလာတဲ့အခါ အလိုအလျောက် အလေ့အထဖြစ်တဲ့ “ အရက်သောက်ခြင်း” ဘက်ကိုပဲ ရောက်သွားစေတာ ဖြစ်ပါတယ်။

အရင်ကတော့ စိတ်ဖိစီးမှု ဖြစ်တာနဲ့ အကျင့်ဟောင်းတွေနောက် ပါသွားတာဟာ တိုက်ရိုက် မဆိုင်ဘူးလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခု သုတေသနအရ CeA နဲ့ BNST စိတ်ဖိစီးမှု နေရာတွေ ကနေ CRF ဆိုတဲ့ သူတို့ကြားက ဆက်သွယ်မှု ကို သုံးပြီး Dorsal Striatum (အလေ့အထ နေရာ) ဆီကို တိုက်ရိုက် သတင်းပို့လိုက်ပါတယ်။

အဲဒီအခါမှာ ဦးနှောက်က ဆင်ခြင်တုံတရားနဲ့ အသစ်အသစ်သော ဆုံးဖြတ်ချက်တွေ မချနိုင်တော့ဘဲ “ စိတ်ညစ်ရင် အရက်သောက်ရမယ်” ဆိုတဲ့ အရင်က မှတ်သားထားတဲ့ အကျင့်ဟောင်း လမ်းကြောင်းပေါ်ကို တန်းရောက်သွားတာ ဖြစ်ပါတယ်။

ဒီလမ်းကြောင်းကို ဖော်ထုတ်နိုင်ခြင်းဟာ အနာဂတ်မှာ အရက်စွဲရောဂါနဲ့ စိတ်ဖိစီးမှုကြောင့် အရက်ပြန်သောက်မိတာ တွေကို ကုသဖို့အတွက် လမ်းစတခု ဖြစ်လာပါတယ်။ ပညာရှင်တွေဟာ ဒီလမ်းကြောင်းကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မယ့် ကုထုံးတွေကို ဆက်လက်ရှာဖွေသွားမှာ ဖြစ်ပါတယ်။

ဒေါက်တာ ဂျွန်ဝမ်က “ ဒီရှာဖွေတွေ့ရှိချက်ဟာ စိတ်ဖိစီးမှုတွေက ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်ချတဲ့ ယန္တရားဆီ ဘယ်လိုရောက်သွားသလဲဆိုတာကို မြေပုံတခု ဖော်ထုတ်ပေးလိုက်တာ ဖြစ်သလို၊ အရက်က အဲဒီမြေပုံကို ဘယ်လိုနှောင့်ယှက်သလဲဆိုတာကိုလည်း သိရှိစေခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed