-

လူတွေဟာ တဖက်လူက ဘယ်သူဘယ်ဝါဆိုတာ မသိရင်တောင်မှ အမျိုးသမီးတွေနဲ့ စျေးနှုန်းညှိနှိုင်း ဆွေးနွေးရတာကို ပိုသဘောကျကြကြောင်း သုတေသနအသစ် ဖော်ပြ
ဇွန် ၂၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ညှိနှိုင်းဆွေးနွေးမှု (Negotiations) တွေဟာ လစာသတ်မှတ်တာ၊ ကုန်ပစ္စည်းစျေးနှုန်း သတ်မှတ်တာကစလို့ အိမ်တွင်းအလုပ်တွေ ခွဲဝေတာအဆုံး နေ့စဉ်လူနေမှုဘဝရဲ့ ကဏ္ဍတိုင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ တကယ်တော့ ကျား/မ ကွဲပြားမှုနဲ့ စျေးစကားပြောတာနဲ့ ပတ်သက်ပြီး ရှေးယခင်က အယူအဆတွေဟာ အမျိုးသမီးတွေအတွက် သိပ်ပြီးအဆင်မပြေလှပါဘူး။ အမျိုးသမီးတွေဟာ စျေးဆွေးနွေးရာမှာ နည်းနည်းပဲတောင်းဆိုလေ့ရှိပြီး ပိုဆိုးရွားတဲ့ ရလဒ်တွေကိုပဲ လက်ခံတတ်ကြတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် အခုထွက်ပေါက်လာတဲ့ သုတေသနအသစ်တွေကတော့ အဲ့ဒီအယူအဆကို ပြောင်းပြန်လှန်ပစ်လိုက်ပြီ ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေဟာ စီးပွားရေးအရ တူညီတဲ့ ရလဒ်တွေကို ရရှိအောင် စွမ်းဆောင်နိုင်ကြသော်လည်း၊ အမျိုးသမီးတွေနဲ့ ဆွေးနွေးရတဲ့အခါမှာတော့ တဖက်လူကို ပိုမိုစိတ်ကျေနပ်မှု ရရှိစေတာ…
-

ဘုံရန်သူ တူညီတဲ့ တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြားက ပဋိပက္ခတွေရဲ့ လာရာနဲ့ လားရာ
သဘောထားအမြင် ဆောင်းပါး | Burma Independent Voice ကျော့မောင် မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် ဆန့်ကျင်တဲ့ တော်လှန်ရေးမှာ ဘုံရန်သူတူညီပါလျက် ဘာကြောင့်များ စုစည်းညီညွတ်မှုအင်အားကို မတည်ဆောက်နိုင်ကြတာလဲ၊ ဘာကြောင့်များ မြန်မာစစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ အင်အားစုတွေအချင်းချင်းကြား ပဋိပက္ခတွေဖြစ်ပွားလာတာလဲ ဆိုတဲ့ ရိုးရှင်းတဲ့ မေးခွန်းတွေရှိပါတယ်။ ဒီမေးခွန်းတွေက သိပ်ရိုးရှင်းပေမယ့် ဒါဟာ ဒီကနေ့ လက်တွေ့ကြုံနေရတဲ့ ပြဿနာဖြစ်သလို ကျယ်ပြန့်တဲ့ နောက်ခံအကြောင်းအရင်းတွေလည်း ရှိနေပါတယ်။ အခုလက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်တွေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ကြားက ပဋိပက္ခဟာ ဒီပြဿနာတွေကို ပိုပြီးတော့ နက်နက်နဲနဲ အဖြေရှာဖို့ လိုအပ်လာစေပါတယ်။ PLA မတိုင်ခင်မှာ ကျောင်းသားတော်လှန်ရေးတပ်တော် SRF ၊ Sagaing PDF အစရှိတဲ့…
-

NUG လက်အောက် မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က PLA စခန်းတွေကို ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထုတ်ပြန်
ဇွန် ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထိုင်စခန်းတွေကို ဝင်ရောက်စီးနင်းတာ၊ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာနဲ့ နယ်မြေအတွင်းက ထွက်ခွာဖို့ ဖိအားပေးတာတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နိုင်ငံရေးဌာနကြီးက ဒီနေ့ ဇွန်လ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်အရ ဇွန်လ ၂၁ ရက် မွန်းလွဲပိုင်းကစလို့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့ဟာ အင်အား ၅၀၀ ခန့်နဲ့ တောင်သာမြို့နယ်အတွင်းရှိ PLA အထိုင်စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့ခဲ့ပြီး၊ ခရိုင်ကွပ်ကဲရေးရဲ့ အမိန့်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ PLA ထောက်ပို့ရဲဘော် ၂ ဦးကိုပါ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်…
-

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ နှင့် မြန်မာ့ပြည်တွင်းစစ် နောက်ကွယ်က လိင်အကြမ်းဖက်ခြင်း စစ်လက်နက်
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ ဆောင်းပါး | Burma Independent Voice ကျော့မောင် စစ်ပွဲတွေရဲ့ အရုပ်ဆိုးဆုံးနဲ့ ရေရှည်ဒဏ်ရာအနက်ရှိုင်းဆုံး ချန်ထားရစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေထဲမှာ “ စစ်မက်ကာလအတွင်း ဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အဓမ္မပြုကျင့်မှုတွေက ထိပ်ဆုံးက ပါဝင်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ ပြည်တွင်းစစ် သမိုင်းကြောင်းမှာ စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဆန်းစစ်ရာမှာ အရုပ်ဆိုးအကျည်းတန်ဆုံး အခန်းကဏ္ဍတခုကတော့ ရာဇဝတ်မှုတွေကို ရုပ်ပိုင်းဆိုင်ရာအရ ကျူးလွန်ရုံတင်မကဘဲ၊ ကျူးလွန်ခံရတဲ့ သားကောင်တွေကို လူ့အဆင့်အတန်းအောက် လျှော့ချမှု (Dehumanization) ဖြစ်ပါတယ်။ စာရေးဆရာမ ဒါရာကေး ကိုဟန် ရဲ့ “ Rape During Civil War” ဆိုတဲ့ သုတေသနစာအုပ်ကနေ ထောက်ပြထားတာကတော့ စစ်ပွဲအတွင်းမှာ အုပ်စုဖွဲ့…
-

တရုတ်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို အသိမှတ်ပြုဆက်ဆံနေချိန်မှာ NUG က အိမ်နီးခြင်းနိုင်ငံတွေ စစ်အုပ်စုကို အလေးပေးမဆက်ဆံဖို့ ထုတ်ပြန်ချက်ထုတ်
ဇွန် ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice တရုတ်အစိုးရက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတော်အဆင့် ဖိတ်ကြားပြီး အသိမှတ်ပြု ဆက်ဆံမှုတွေ ပြုလုပ်နေတဲ့အချိန်မှာပဲ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အလေးပေး ဆက်သွယ်ကူးလူး ဆက်ဆံတာတွေ မလုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၈ ရက်နေ့စွဲနဲ့ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ပြီး တိုက်တွန်းလာပါတယ်။ လက်ရှိအခြေအနေမှာ အတုအယောင်ရွေးကောက်ပွဲကို အခြေခံပြီး တရားဝင်မှုရရှိအောင် ကြိုးစားနေတဲ့ စစ်အုပ်စုကို အလေးပေးဆက်ဆံတာဟာ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ပြေလည်စေမှာမဟုတ်ဘဲ၊ စစ်အုပ်စုရဲ့ အကြမ်းဖက်ရက်စက်မှုတွေကို ပိုမိုဆိုးရွားစေဖို့ အားပေးသကဲ့သို့ ဖြစ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ ရေရှည်တည်ငြိမ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုံခြုံစိတ်ချရဖို့ဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီပြီး…
-

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မယိုင်မလဲ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီခရီးကြမ်း
ဆောင်းပါး | Burma Independent Voice မြန်မာနိုင်ငံရဲ့ ခေတ်သစ်နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်ရင် ဒီမိုကရေစီရေးအတွက် အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့ရတဲ့ ရှည်လျားလှတဲ့ ခရီးကြမ်းတခု ဖြစ်တာကို တွေ့ရမှာပါ။ ဒီနေ့အချိန်ထိလည်း စစ်အာဏာရှင်ချုပ်ငြိမ်းရေး ခရီးကြမ်းက မပြီးဆုံးသေးပါဘူး။ အဲ့ဒီခရီးကြမ်းရဲ့ ဗဟိုချက်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလျော့မပေး၊ မယိုင်မလဲဘဲ ကြံ့ကြံ့ခံရပ်တည်ခဲ့တဲ့ ဘဝဖြတ်သန်းမှုက ထင်ထင်ရှားရှား ရှိနေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေဟာ သူမအတွက်တင်မကဘဲ၊ တနိုင်ငံလုံးအတွက်ပါ ပိုပြီးခါးသီးတဲ့ နိုင်ငံရေးလှိုင်းတံပိုးတွေကို သယ်ဆောင်လာခဲ့ပါတယ်။ လူထုခေါင်းဆောင်တဦးရဲ့ မယိုင်လဲတဲ့ ရပ်တည်ချက်၊ ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ပတ်သက်လာရင် မပြောင်းလဲတဲ့ ယုံကြည်ချက်တွေဟာ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေအတွက် စံနမူနာတွေအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာတဲ့…
-

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ အနုနည်းရော အကြမ်းနည်းပါ ပေါင်းစပ်တော်လှန်ရမယ်လို့ NUG သမ္မတပြော
ဇွန် ၁၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက လက်ရှိစစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ဖို့ အကြမ်းမဖက်တော်လှန်ရေးနည်း တခုတည်းနဲ့ မလုံလောက်တော့ဘဲ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် အနုနည်းရော အကြမ်းနည်းပါ ပေါင်းစပ်ပြီး မဖြစ်ဖြစ်အောင် တော်လှန်ချေမှုန်းရမယ်လို့ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ “ ကျွန်တော်တို့အနေနဲ့ နွေဦးတော်လှန်ရေးကို နိုင်ငံရေးနည်း၊ လူထုနည်း တွေအပါအဝင် လက်နက်ကိုင်တော်လှန်ရေးနည်း တွေနဲ့ ဖြတ်သန်းနေရတာဟာ လိုအပ်လို့ လုပ်နေရတာပဲဖြစ်ပါတယ်။ လက်ရှိ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ဖို့အတွက် အကြမ်းမဖက်တော်လှန်ရေးနည်း တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ယူဆနိုင် ပါတယ်။…
-

တရုတ်အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ISP-Myanmar တည်ထောင်သူ ဦးမင်းဇင်ကို ချက်ချင်းလွှတ်ပေးဖို့ ARTICLE 19 တောင်းဆို
ဇွန် ၁၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်နိုင်ငံသားဖြစ်ပြီး မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ကို တည်ထောင်သူ ဦးမင်းဇင်ကို တရုတ်အစိုးရက ‘သူလျှိုလုပ်မှု၊ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမှု’ တွေနဲ့ စွပ်စွဲဖမ်းဆီးထားတာအပေါ် ARTICLE 19 အဖွဲ့က ပြင်းထန်စွာ စိုးရိမ်ပူပန်ကြောင်း ဖေါ်ပြလိုက်ပြီး သူ့ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ တရုတ်ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတခုရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့တဲ့ ဦးမင်းဇင်ဟာ ဇွန်လ ၃ ရက်နေ့က ယူနန်ပြည်နယ် လေဆိပ်ကို အရောက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကူမင်းမြို့မှာ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ကာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ဦးမင်းဇင် ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ သံတမန်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သတင်းထောက်တွေကို ပြောပြပြီးနောက်ပိုင်း…
-

UN Report Reveals Government Forces Now Main Perpetrators of Violations Against Children
June 18, 2026 | Burma Independent Voice State militaries and government forces have emerged as the primary perpetrators of rights violations against children in conflict zones globally, surpassing illegal armed groups to reach an unprecedented historic high in 2025, according to a newly released United Nations report. The United Nations verified a staggering total of…
-

ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုများမှာ အစိုးရတပ်ဖွဲ့များက အများဆုံးကျူးလွန်နေကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
ဇွန် ၁၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကမ္ဘာတဝန်းက စစ်မက်ဖြစ်ပွားရာ ပဋိပက္ခဇုန်တွေအတွင်း ကလေးသူငယ်တွေအပေါ် အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေမှာ ၂၀၂၅ ခုနှစ်အတွင်း သမိုင်းတလျှောက် စံချိန်တင်အဖြစ် တရားမဝင် လက်နက်ကိုင်အဖွဲ့များထက် ‘အစိုးရစစ်တပ်များနှင့် အစိုးရတပ်ဖွဲ့များ’ က အဓိကဦးဆောင်ပြီး အများဆုံး ကျူးလွန်ခဲ့ကြတယ်လို့ ကုလသမဂ္ဂ (UN) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ အရပ်ဒေသတွေမှာ ကလေးသူငယ်တွေအပေါ် မတရားအလွဲသုံးစားပြုမှု၊ အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၃၈,၅၅၈ ခု ရှိခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြု စိစစ်နိုင်ခဲ့ပြီး၊ အဲဒီအထဲမှာ ကလေးသူငယ်တွေကို သတ်ဖြတ်ခြင်းနဲ့ ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်အောင် ဒဏ်ရာရစေခြင်း ဖြစ်ရပ်တွေက အများဆုံး ဖြစ်ပါတယ်။ ကုလသမဂ္ဂက…

Latest News
About the Author
AF themes
Search the Archives
Access over the years of investigative journalism and breaking reports
You May Have Missed


















