-

ကုလအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) အစီရင်ခံစာပေါ် အခြေခံပြီး တရားရုံးက လူမျိုးတုန်းသတ်ဖြတ်မှု သတ်မှတ်နိုင်သလားလို့ မြန်မာရှေ့နေ မေးခွန်းထုတ်
ဇန်နဝါရီ ၂၉ ရက် | Burma Independent Voice အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေမှာ ကြားနေတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ဘက် ဒုတိယအကြိမ် အပြီးသတ်လျောက်လဲချက် ပေးတဲ့ ပထမနေ့မှာ မြန်မာစစ်တပ်ဘက်က ရှေ့နေ ခရစ္စတိုဖာ စတေကာက တရားရုံးအနေနဲ့ ကုလအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) အစီရင်ခံစာပေါ် အခြေခံပြီး လူမျိုးတုန်းသတ်ဖြတ်မှု သတ်မှတ်နိုင်သလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ မြန်မာစစ်တပ်ဘက်က အပြီးသတ်လျောက်လဲချက် ပထမနေ့ကို ဇန်နဝါရီလ ၂၈ ရက်နေ့က အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်ဘက်က ရှေ့နေ ခရစ္စတိုဖာ စတေကာက အခုလို မေးခွန်းထုတ်ပြောဆိုလိုက်တာဖြစ်ပါတယ်။ တရားရုံးအနေဖြင့် အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ၏ အစီရင်ခံစာများပေါ်တွင် အခြေခံ၍ လူမျိုးတုံးသတ်ဖြတ်မှုကို အတည်ပြု သတ်မှတ်နိုင်ပါသလား၊…
-

တရားသူကြီးတွေရဲ့ မေးမြန်းချက်ကို ဂမ်ဘီယာရှေ့နေ ပြန်လည်ရှင်းလင်း၊မြန်မာဘက်က အာဆာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာများက စစ်တပ်ရဲ့ အစီရင်ခံစာများသာဖြစ်တယ်လို့ပြော
[ ICJ Report ] ဇန်နဝါရီ ၂၇ ရက် | Burma Independent Voice သက်သေတဦးတည်းက ၂ ခါထွက်ဆိုခဲ့တယ်လို့ မြန်မာဘက်က ထောက်ပြချက်အပေါ် ပြန်လည်ဖြေကြားဖို့ တရားသူကြီး ကလိဗ်လင်း ရဲ့ မေးမြန်းချက်ကို ဂမ်ဘီယာဘက်က ပြန်လည်ချေပခဲ့ပါတယ်။ ဂမ်ဘီယာဘက်က လျောက်လဲချက်မှာတော့ ဒါဟာ သက်သေတစ်ဦးတည်းက မတူညီတဲ့ ထွက်ဆိုချက်နှစ်ခု ပေးတာမျိုးမဟုတ်ဘဲ၊ ထွက်ဆိုချက်တခုတည်းကိုပဲ နှစ်စောင် မိတ္တူဖြစ်သွားတာလို့ ပြောပါတယ်။ “သက်သေတဦးတည်းက ထွက်ဆိုချက် နှစ်ခါပေးထားတာမျိုး မဖြစ်စေဖို့အတွက်၊ ဂမ်ဘီယာအနေနဲ့ တရားရုံးကို တင်ပြတဲ့ သက်သေအားလုံးရဲ့ အမည်တွေကို သိရှိထားတဲ့အတွက် (IIMM သက်သေများမှလွဲ၍) သက်သေတဦးချင်းစီကို သေချာတိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်။ ကျွန်တော်တို့ အမှားတခု လုပ်မိခဲ့တာကတော့ သက်သေခံချက်တစ်ခုတည်းကိုပဲ မူလအစီရင်ခံစာ နဲ့ ပြန်လည်ချေပချက်…
-

အမှန်တရားနဲ့ တာဝန်ခံမှုရှိမှသာ မြန်မာ စစ်ခေါင်းဆောင်က တိုင်းပြည်ကို အင်အားသုံးပြီး အကြမ်းဖက်အုပ်ချုပ်နေတဲ့ သံသရာကနေ ရုန်းထွက်နိုင်မယ်လို့ ဂမ်ဘီယာ ကိုယ်စားလှယ် အပြီးသတ်လျောက်လဲချက်မှာပြော
[ICJ Report] ဇန်နဝါရီ ၂၇ ရက် | Burma Independent Voice မြန်မာစစ်တပ်ကိုယ်စားလှယ် ပြောခဲ့တဲ့ အမည်းစက်ဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းကသာ အစွန်းအထင်းကို ဖြစ်ပေါ်စေခဲ့တာဖြစ်ပြီး၊ အမှန်တရားနဲ့ တာဝန်ယူမှုရှိခြင်းအားဖြင့်သာ အဲဒီအစွန်းအထင်းကို ဖယ်ရှားနိုင်မှာဖြစ်တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ်ဒါ ဂျယ်လိုက ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက် အပြီးသတ်လျောက်လဲချက်ပေးရာမှာ ထည့်သွင်းပြောပါတယ်။ “ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်က ၎င်းရဲ့ အဖွင့်မိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ချက်ချတာဟာ ‘မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအပေါ်မှာ ဖျောက်ဖျက်လို့မရတဲ့ အစွန်းအထင်းတစ်ခု ဖြစ်သွားစေလိမ့်မယ်’ လို့ ပြောခဲ့ပါတယ်။ ဒါဟာ အကြောင်းအရာကို ပြောင်းပြန်လှန်ပြောနေတာပါ။ တကယ်တော့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းကသာ အစွန်းအထင်းကို…
-

အိုင်စီဂျေ တရားသူကြီးတွေရဲ့ မေးခွန်းတွေက ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဖက်စလုံးအတွက် အမှုအလှည့်အပြောင်း ဖြစ်လာနိုင်
ဇန်နဝါရီ ၂၂ ရက် | Burma Independent Voice ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က သည်ဟိဂ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ကြားနာပွဲမှာ တရားသူကြီး ကိုးဦးကနေပြီးတော့ မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံ နှစ်ဖက်စလုံးကို အမှုရဲ့ အချက်အလက်ဆိုင်ရာ ခိုင်မာမှုနဲ့ ပတ်သက်လို့ ဖိအားပေး မေးမြန်းခဲ့ကြပါတယ်။ အထူးသဖြင့် သက်သေအထောက်အထားတွေရဲ့ ယုံကြည်စိတ်ချရမှုနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစုံစမ်းစစ်ဆေးမှု အခြေအနေတွေကို အဓိကထား မေးမြန်းခဲ့တာဖြစ်ပါတယ်။ တရားသူကြီးတွေရဲ့ မေးခွန်းတွေကို ကြည့်ခြင်းအားဖြင့် ဒီအမှုအပေါ် တရားသူကြီးတွေအားလုံးရဲ့ အလေးအနက်ထားမှုကို ပေါ်လွင်စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ပထမဆုံးအနေနဲ့ တရားသူကြီး တွန်မ်ကာ က ဂမ်ဘီယာဘက်ကို မေးခွန်းစတင်မေးခဲ့ပါတယ်။ အဲဒါကတော့ ဂမ်ဘီယာဘက်က တင်သွင်းတဲ့…
-

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က “ ကုလားဆိုးသောင်းကျန်းသူ” ဟု အမုန်းစကား ထုတ်ပြော
ဇန်နဝါရီ ၂၁ ရက် | Burma Independent Voice ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ တရားရင်ဆိုင်နေရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးရေးခွဲခြားတဲ့ အမုန်းစကားဖြစ်တဲ့ “ကုလားဆိုးသောင်းကျန်းသူ” ဆိုတဲ့ အသုံးအနှုန်းကို စစ်ကောင်စီ ဝါဒဖြန့် သတင်းစာ မှာ ထုတ်ဖော်ပြောဆိုလာပါတယ်။ ဇန်နဝါရီ ၂၀ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) မှာရှိတဲ့ စစ်တပ်အရာရှိ မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာ စစ်ခေါင်းဆောင်က အခုလို ပြောဆိုခဲ့တာဖြစ်ပြီး စစ်တပ်ဟာ ပြည်ပရန်ကို ကာကွယ်ရာမှာ တရုတ်ကူမင်တန်ကျူးကျော်မှုတွေအပြင် “ ကုလားဆိုးသောင်းကျန်းသူ” တွေကိုပါ နှိမ်နင်းခဲ့ရတယ်လို့ ထည့်သွင်းပြောဆိုခဲ့တာပါ။ စစ်အုပ်စုဟာ ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အကျပ်တွေ့နေချိန်မှာတောင် သူတို့ရဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေမှာ အခုလို…
-

ဂမ်ဘီယာရဲ့ တင်ပြချက်တွေဟာ စိတ်ခံစားချက်ကို အရင်းခံပြီး ပြောနေတာဖြစ်သလို သက်သေအထောက်အထား မခိုင်လုံဘူးလို့ ကိုကိုလှိုင်က ICJ တရားရုံးမှာ ငြင်းဆို
ဇန်နဝါရီလ ၁၆ ရက် | Burma Independent Voice ရိုဟင်ဂျာတွေအပေါ် မျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ “ အခြေအမြစ်မရှိဘူး” လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ် ကိုကိုလှိုင်က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာဒီကနေ့ ကြားနာပွဲမှာ ငြင်းဆိုလိုက်ပါတယ်။ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ ဒီအမှုမှာ စစ်ကောင်စီဘက်က ခုခံချေပရာမှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးဟာ အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့ “ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေး” သာ ဖြစ်တယ်လို့ ကိုကိုလှိုင်က ဆိုပါတယ်။ “ ဒီအမှုကို သက်သေပြနိုင်တဲ့ အချက်အလက်တွေပေါ်မှာပဲ ဆုံးဖြတ်ရမှာပါ။ စိတ်ခံစားချက်ကို အရင်းခံပြီး ပြောနေတာဖြစ်သလို သက်သေအထောက်အထား မခိုင်လုံဘူး” လို့ သူက တရားရုံးမှာ…
-

အာဆာအဖွဲ့ကို ဖြိုခွဲဖို့ စစ်တပ်က မကြိုးစားခဲ့သလို အာဆာနဲ့ ပေါင်းပြီး အရက္ခတပ်တော်(AA) ကို စစ်တပ်က တိုက်ခဲ့တယ်လို့ ဂမ်ဘီယာရှေ့နေ တရားရုံးမှာပြော
[ ICJ Report ] ဇန်နဝါရီ ၂၇ ရက် | Burma Independent Voice မြန်စစ်တပ်ဟာ အာဆာအဖွဲ့ကို အပြီးသတ်ဖြိုခွဲဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့သလို မြန်မာစစ်တပ်နဲ့ အာဆာပေါင်းပြီး အာရက္ခတပ်တော်(AA) ကို တိုက်ခဲ့တယ်လို့ ဂမ်ဘီယာရှေ့နေ အာဆလန် ဆူလေမန်က တရားရုံးမှာ လျောက်လဲချက်ပေးရာမှာ ထည့်သွင်းပြောပါတယ်။ “ အာဏာပိုင်တွေဟာ ARSA ကို စောင့်ကြည့်နေပြီး အဖွဲ့ဝင်တွေကိုလည်း သိရှိနေတယ်ဆိုတာ လူသိရှင်ကြားပါပဲ။ သတင်းပေးတွေဆီကတဆင့် ARSA အဖွဲ့ဝင်တွေအကြောင်း သူတို့ သိရှိခဲ့ကြတာပါ။ အာဏာပိုင်တွေဟာ သတင်းပေးတွေဆီက အချက်အလက်တွေ ရရှိခဲ့ပေမဲ့ ARSA ကို ဖြိုခွဲဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ပါဘူး။ ဒါဟာ ကျွန်တော့်အတွက် အမြဲတမ်း နားမလည်နိုင်စရာ ဖြစ်ခဲ့ရပါတယ်။ သူတို့…
-

Top 5 Mechanical Keyboards Gamers Swear By
Set up DeepSeek AI locally on your Mac and run models offline—no cloud required!
-

The Classic PS Controller: Why It Still Rules
Set up a WordPress site instantly with InstaWP & TemplateSpare!
-

Next-Level Immersion: VR Is Changing the Game
Create a Hindi news website easily with WordPress—no coding needed!

Latest News
About the Author
AF themes
Search the Archives
Access over the years of investigative journalism and breaking reports
You May Have Missed


















