BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

  • မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်နိုင်ခြေရှိပါသလား၊ တော်လှန်ရေးအင်အားစုများအတွက် အကြီးမားဆုံး အဟန့်အတားက ဘာလဲ
    ,

    မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်နိုင်ခြေရှိပါသလား၊ တော်လှန်ရေးအင်အားစုများအတွက် အကြီးမားဆုံး အဟန့်အတားက ဘာလဲ

    ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက် | Burma Independent Voice ၊ Report BIV News နှင့် A Time With Kyaw Kyaw Thein YouTube ချန်နယ်တို့ ပူးပေါင်းထုတ်လုပ်သည့် “မေးမြန်းဆွေးနွေးမြန်မာ့အရေး ” အစီအစဉ်သစ်တွင် Mosaic Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်ကိုကိုက မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေး အခင်းအကျင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် စစ်ကောင်စီ၏ ဆက်လက်လွှမ်းမိုးထားမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ရေရှည်မျှော်မှန်းချက်တစ်ရပ်ကို ရှင်းလင်းစွာ ဖော်ထုတ်ပြသနိုင်ရေး တော်လှန်ရေးအင်အားစုများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအပေါ် ဝေဖန်ဆန်းစစ်ချက်ဆွေးနွေးခဲ့သည်။ ဦးအောင်ကိုကို၏ ပြောကြားချက်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖော်ဆောင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ပဋိပက္ခကို…

    Continue Reading

  • ပန်းနာရင်ကြပ်ဝေဒနာရှိတဲ့ ကလေးငယ်များအတွက် အိမ်မွေးကြောင်များက ရောဂါအခြေအနေကို ပိုမိုဆိုးရွားမလာစေနိုင်ဘူးလို့ သုတေသနအသစ် ဖော်ပြ
    ,

    ပန်းနာရင်ကြပ်ဝေဒနာရှိတဲ့ ကလေးငယ်များအတွက် အိမ်မွေးကြောင်များက ရောဂါအခြေအနေကို ပိုမိုဆိုးရွားမလာစေနိုင်ဘူးလို့ သုတေသနအသစ် ဖော်ပြ

    ဇွန် ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ၊ သုတ ကလေးငယ်တွေမှာ ပန်းနာရင်ကြပ်ရောဂါ (Asthma) ရှိနေကြောင်း ဆေးစစ်တွေ့ရှိရပြီးနောက် ပထမဆုံးအကြိမ် ဆေးခန်းပြသတဲ့ကာလတွေမှာ မိဘအများစုဟာ အိမ်ကမွေးထားတဲ့ ကြောင်ကို တခြားသူထံ ပေးပစ်ဖို့ ဆုံးဖြတ်ချက်ချလေ့ ရှိကြပါတယ်။ ဆေးခန်းတွေမှာလည်း ဒီလိုသတိပေးချက်မျိုးကို နှစ်ပေါင်းများစွာကတည်းက ညွှန်းဆိုခဲ့ကြပေမယ့် ယခင်သုတေသနတွေဟာ အတိုင်းအတာ သေးငယ်လွန်းသလို၊ ဆေးဘက်ဆိုင်ရာ မှတ်တမ်းတွေထက် မိဘတွေရဲ့ အမှတ်သညာပေါ်မှာသာ အခြေခံခဲ့တာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ ပန်းနာရင်ကြပ် ဝေဒနာရှင်ကလေးငယ်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ နမူနာယူပြီး ကြောင်နဲ့အတူ နေထိုင်ခြင်းရဲ့ သက်ရောက်မှုကို ဘယ်တုန်းကမှ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ခဲ့ဖူးခြင်း မရှိပါဘူး။ အခုအခါမှာတော့ ဆွီဒင်နိုင်ငံရဲ့ က Karolinska Institute…

    Continue Reading

  • SpaceX ရှယ်ယာများ အဆမတန်မြင့်တက်လာပြီးနောက် အီလွန်မတ်စ်ခ် ကမ္ဘာ့ပထမဆုံး ထရီလီယံနာသူဌေးကြီး ဖြစ်လာ
    ,

    SpaceX ရှယ်ယာများ အဆမတန်မြင့်တက်လာပြီးနောက် အီလွန်မတ်စ်ခ် ကမ္ဘာ့ပထမဆုံး ထရီလီယံနာသူဌေးကြီး ဖြစ်လာ

    ဇွန် ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice သမိုင်းတလျှောက် အကြီးမားဆုံး IPO အဖြစ် မှတ်တမ်းဝင်သွားခဲ့တဲ့ အီလွန်မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီဟာ ပြီးခဲ့တဲ့သောကြာနေ့ ပွဲဦးထွက် ရှယ်ယာဈေးကွက်မှာ ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ပြီး ပိတ်သိမ်းနိုင်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့် အီလွန်မတ်စ်ခ်ဟာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ ဖြစ်လာခဲ့ပြီး၊ လူသားမျိုးနွယ်စုကို အင်္ဂါဂြိုဟ်ပေါ်ဆီ ခေါ်ဆောင်သွားမယ်လို့လည်း ကတိပြုလိုက်ပါတယ်။ ဒေါ်လာ ၇၅ ဘီလီယံကျော်အထိ ရန်ပုံငွေရှာဖွေနိုင်ခဲ့တဲ့ အဆိုပါ အကြီးစား အများပိုင်ကုမ္ပဏီအဖြစ် ရှယ်ယာထုတ်ရောင်းမှု (IPO) ဟာ လာမည့်လပိုင်းတွေအတွင်း ထွက်ပေါ်လာဖို့ရှိနေတဲ့ AI ကုမ္ပဏီတွေရဲ့ IPO လှိုင်းလုံးကြီးအတွက် အစပျိုးပေးလိုက်တာလည်း ဖြစ်ပါတယ်။ နယူးယောက် နာစ်ဒက် (Nasdaq) စတော့အိတ်ချိန်းမှာ…

    Continue Reading

  • လူရွေးချယ်မှုအမှားအယွင်းမရှိခဲ့သည့် ဩစတြေးလျအသင်း ကမ္ဘာ့ဖလားပွဲဦးထွက်တွင် တူရကီကို အနိုင်ရရှိ
    ,

    လူရွေးချယ်မှုအမှားအယွင်းမရှိခဲ့သည့် ဩစတြေးလျအသင်း ကမ္ဘာ့ဖလားပွဲဦးထွက်တွင် တူရကီကို အနိုင်ရရှိ

    ဇွန် ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (D) ရဲ့ ပွဲဦးထွက်ပွဲစဉ်အဖြစ် ယနေ့ကစားခဲ့တဲ့ပွဲမှာ ဩစတြေးလျအသင်းဟာ တူရကီအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ဩစတြေးလျနည်းပြ တိုနီ ပိုပိုဗစ်ရဲ့ သတ္တိရှိရှိ လူရွေးချယ်ခဲ့တဲ့ စွန့်စားမှုဟာ အရာထင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗန်ကူးဗားမြို့က BC Place အားကစားကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဩစတြေးလျအသင်းအတွက် အနိုင်ဂိုးတွေကို နေစတိုရီ အီရန်ကွန်ဒါ နဲ့ ကွန်နာ မက်ကော့ဖ် တို့က သွင်းယူပေးခဲ့ပြီး၊ လက်ရွေးစင်သက်တမ်းနုနယ်သေးတဲ့ ဂိုးသမား ပက်ထရစ် ဘိခ်ျ ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ဩစတြေးလျအသင်းအတွက် သမိုင်းဝင်နိုင်ပွဲတပွဲကို ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။…

    Continue Reading

  • အမေရိကန်-အီရန် သဘောတူညီချက် တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးမည်ဖြစ်ပြီး ဟော်မုဇ်ရေလက်ကြား ချက်ချင်းပြန်ဖွင့်မည်ဟု ထရမ့်ပြော
    ,

    အမေရိကန်-အီရန် သဘောတူညီချက် တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးမည်ဖြစ်ပြီး ဟော်မုဇ်ရေလက်ကြား ချက်ချင်းပြန်ဖွင့်မည်ဟု ထရမ့်ပြော

    ဇွန် ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်စေမည့် အီရန်နှင့် သဘောတူညီချက်တခုကို တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိပြီး၊ လက်မှတ်ရေးထိုးပြီးတာနဲ့တပြိုင်နက် မဟာဗျူဟာမြောက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်လည်ဖွင့်လှစ်ပေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ အီရန်ဘက်ကမူ သဘောတူညီချက်အတွက် အချိန်ဇယားကို ကွဲလွဲစွာ ပြောဆိုထားသော်လည်း သဘောတူညီချက်တခု ရရှိတော့မည့် အရိပ်အယောင်များကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ နှစ်ဖက်အဖွဲ့အစည်းများနှင့် ကြားဝင်စေ့စပ်ပေးသူများကလည်း သီတင်းပတ်ပေါင်းများစွာ ကြန့်ကြာနေခဲ့တဲ့ ဆွေးနွေးပွဲများမှာ အဆုံးသတ်ကို ရောက်ရှိတော့မည်လို့ အကောင်းမြင်လျက်ရှိပါတယ်။ အဓိက ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ဇ်ရှရစ်ဖ်ကလည်း “ သဘောတူညီချက်ရဖို့ အရင်ကထက် ပိုနီးစပ်နေပြီ” ဟု သူ့ရဲ့  X လူမှုကွန်ရက်စာမျက်နှာမှာ စနေနေ့က ရေးသားခဲ့ပြီး၊…

    Continue Reading

  • ဖီဖာ ရဲ့ မြန်မာနိုင်ငံအတွက် မီဒီယာမိတ်ဖက် Mytel TV360 Facebook စာမျက်နှာကို Meta က ဖယ်ရှား
    , ,

    ဖီဖာ ရဲ့ မြန်မာနိုင်ငံအတွက် မီဒီယာမိတ်ဖက် Mytel TV360 Facebook စာမျက်နှာကို Meta က ဖယ်ရှား

    ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာ စစ်တပ်ပိုင် ဆက်သွယ်ရေးအော်ပရေတာ Mytel ပိုင်ဆိုင်တဲ့ “ TV360” Facebook စာမျက်နှာကို သောကြာနေ့မှာ ဖယ်ရှားလိုက်ကြောင်း သိရပါတယ်။ အဲ့ဒီ စာမျက်နှာကို ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကို ကြော်ငြာဖို့အတွက် အသုံးပြုနေခဲ့ခြင်း ဖြစ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ကာ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ Mytel ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံမှ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယခုလုပ်ရပ်အပေါ် ဖီဖာအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး…

    Continue Reading

  • ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဗိုလ်မုန်တိုင်းကို လူမှုရေးဖေါက်ပြန်မှုကြောင့် အရေးယူတာလို့ NUG ထုတ်ပြန်
    ,

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဗိုလ်မုန်တိုင်းကို လူမှုရေးဖေါက်ပြန်မှုကြောင့် အရေးယူတာလို့ NUG ထုတ်ပြန်

    ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ ရဲဘော်မုန်တိုင်းကို တပ်တွင်းလူမှုရေးဖေါက်ပြန်မှု ကျူးလွန်ခဲ့တာကြောင့် ပြစ်ဒဏ်ချမှတ် အရေးယူခဲ့တာဖြစ်တယ်လို့ ဇွန်လ ၁၃ ရက်နေ့စွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ ရဲဘော်မုန်တိုင်းအနေနဲ့ တပ်ဖွဲ့အတွင်းရှိ ကာမပိုင်အမျိုးသမီးတဦးနဲ့ လူမှုရေးဖေါက်ပြန်မှု ကျူးလွန်ခဲ့တာကို ၂၀၂၄ ခုနှစ်အတွင်းမှာ သိရှိပေါ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီဖြစ်စဉ်ကြောင့် ရဲဘော်မုန်တိုင်းရဲ့ ဦးဆောင်မှုအပေါ် တပ်တွင်းမှာ အယုံအကြည်မဲ့လာကြပြီး စည်းလုံးမှု ပျက်ပြားလာတာကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ဦးဆောင်မှုနဲ့…

    Continue Reading

  • ၂၀၂၆ ကမ္ဘာ့ဖလားက ဟန်ပြပုံဖေါ်ထားတဲ့ အခြေအနေမဲ့ ရွှေ့ပြောင်းအခြေချ လူတန်းစားတွေရဲ့ မျှော်လင့်ချက်
    ,

    ၂၀၂၆ ကမ္ဘာ့ဖလားက ဟန်ပြပုံဖေါ်ထားတဲ့ အခြေအနေမဲ့ ရွှေ့ပြောင်းအခြေချ လူတန်းစားတွေရဲ့ မျှော်လင့်ချက်

    ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဆောင်းပါး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ကမ္ဘာ့ဘောလုံးလောကတခုလုံးကို အားလုံးပါဝင်နိုင်မှုနဲ့ ကွဲပြားစုံလင်မှုတွေကို အောင်ပွဲခံတဲ့ ပွဲတော်တခုအဖြစ် ပုံဖော်နေပါတယ်။ ဒါကို ငြိမ်းချမ်းရေးနဲ့ မျှော်လင့်ချက်တွေရဲ့ ရှေ့ပြေးနိမိတ်အဖြစ် ပြသနေရုံတင်မကဘဲ မြေထဲပင်လယ်ကို ဖြတ်ကူးဖို့ ကြိုးစားရင်း ရေနစ်သေဆုံးနေကြရတဲ့ အာဖရိကန် ရွှေ့ပြောင်းအခြေချသူတွေကို ကယ်တင်မယ့် အရာတခုလိုမျိုးတောင် ဟန်ဆောင်မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဟန်ပြပြောဆိုချက်တွေဟာ ဘောလုံးကစားပြီး အသက်မွေးဝမ်းကျောင်းပြုချင်တဲ့ အိပ်မက်တွေနဲ့ နည်းလမ်းမျိုးစုံသုံးကာ ဥရောပကို (အထူးသဖြင့် အနောက်အာဖရိကကနေ) ထွက်ခွာလာကြတဲ့ အခြေအနေမဲ့ ရွှေ့ပြောင်းအခြေချ လူတန်းစားတရပ် ရှိနေခြင်းဆိုတဲ့ အရှိတရားကို ဖုံးကွယ်မထားနိုင်ပါဘူး။…

    Continue Reading

  • အင်္ဂလန်အသင်း၏ လေ့ကျင့်ရေးပစ္စည်းများ ခိုးယူခံရမှုအပေါ် အမေရိကန်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ
    ,

    အင်္ဂလန်အသင်း၏ လေ့ကျင့်ရေးပစ္စည်းများ ခိုးယူခံရမှုအပေါ် အမေရိကန်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

    ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) အင်္ဂလန်လက်ရွေးစင်အသင်းဟာ ကန်းဆပ်စီးတီး ရှိ သူတို့ရဲ့ လေ့ကျင့်ရေးစခန်းသို့ စနေနေ့တွင် မရောက်ရှိမီ၊ အသင်း၏ ကမ္ဘာ့ဖလား ပြင်ဆင်မှုပစ္စည်းအချို့ ခိုးယူခံခဲ့ရမှုကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေရပါတယ်။ ဘီဘီစီ (BBC) ၏ ဖော်ပြချက်အရ အင်္ဂလန်အသင်း၏ လေ့ကျင့်ရေးအခြေစိုက်စခန်းဖြစ်သော Swope Soccer Village သို့ ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်များ ဖောက်ထွင်းခံခဲ့ရပြီးနောက်၊ ပျောက်ဆုံးသွားသည့် ပစ္စည်းများထဲတွင် ဘောလုံးများနှင့် ကစားသမားသုံး ဘောလုံးကန်ဖိနပ်များ ပါဝင်နေကြောင်း သိရပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကလည်း ဗြိတိန်သတင်းဌာန (Press Association) သို့ အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုခဲ့သော်လည်း၊…

    Continue Reading

  • ကမ္ဘာ့ဖလားအိမ်ရှင် အမေရိကန်အသင်း ပါရာဂွေးကို ၄-၁ ဂိုးဖြင့် အနိုင်ရ
    ,

    ကမ္ဘာ့ဖလားအိမ်ရှင် အမေရိကန်အသင်း ပါရာဂွေးကို ၄-၁ ဂိုးဖြင့် အနိုင်ရ

    ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) အမေရိကန်အသင်းဟာ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို ရေးစပ်နိုင်မှာမဟုတ်တော့ပါဘူး။ ဖိုလာရင် ဘာလိုဂွန် ရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ဂျီယို ရေနာ ရဲ့ လှပတဲ့ ကန်ချက်တွေကြောင့် အိမ်ရှင်အမေရိကန်အသင်းဟာ ဟောလိဝုဒ် အကျော်အမော်တွေ တက်ရောက်ခဲ့တဲ့ လော့စ်အိန်ဂျလိစ်ပွဲစဉ်မှာ ပါရာဂွေးအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး အဖွင့်လှခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မြေပေါ်မှာ ပထမဆုံးကျင်းပတဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ် ပထမပိုင်း ၇ မိနစ်မှာတင် ပါရာဂွေးနောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့လို့ အမေရိကန်တို့ ဦးဆောင်နိုင်ခဲ့ပြီး၊ ပထမပိုင်းအပြီးမှာတင် အိမ်ရှင်ပရိသတ်တွေအတွက် အိမ်မက်ဆန်ဆန် ၃ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မက္ကဆီကို၊ ကနေဒါတို့နဲ့အတူ…

    Continue Reading

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed