-

ကမ္ဘာ့ဖလား ဒုတိယမြောက်ပွဲစဉ်မှာ အရှအသင်း တောင်ကိုရီးယား ချက်ကို အနိုင်ရ
ဇွန် ၁၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) မက္ကဆီကိုနိုင်ငံ၊ ဂွါဒါလဟာရာမြို့မှာ ကြာသပတေးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုဒုတိယမြောက် ပွဲစဉ်မှာ တောင်ကိုရီးယားအသင်းက ချက်အသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားပါတယ်။ အဲ့ဒီ ပွဲစဉ်မှာ တောင်ကိုရီးယားကစားသမား Hwang In-beom က တဂိုးသွင်းယူပေးခဲ့တဲ့အပြင် အနိုင်ဂိုးအတွက်ပါ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲစဉ်ရဲ့ ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကိုပါ ခံခဲ့ရပါတယ်။ ပွဲကစားချိန် ၅၉ မိနစ်မှာတော့ ချက်အသင်းရဲ့ အသင်းခေါင်းဆောင် လာဒီဆလပ် ကရေချီ က ပင်နယ်တီဧရိယာထဲကို လှမ်းပစ်ပေးတဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူပြီး ချက်အသင်းအတွက် ဦးဆောင်ဂိုးကို…
-

မက္ကဆီကိုစီးတီးမြို့က ကမ္ဘာ့ဖလားဖွင့်ပွဲနေ့ ကွင်းပြင်ပမှာ အစိုးရ ဆန္ဒပြပွဲတွေနဲ့ ပဋိပက္ခတွေဖြစ်ပွား
ဇွန် ၁၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice မက္ကဆီကိုစီးတီးမြို့က အက်စတီကာ အားကစားကွင်း (Estadio Azteca) မှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ဖွင့်ပွဲ ကျင်းပနေစဉ်မှာပဲ ကွင်းပြင်ပမှာတော့ ဆန္ဒပြပွဲနဲ့ ပဋိပက္ခတွေဖြစ်ပွားပြီး ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ ဖြစ်စဉ်အတွင်း နှလုံးရပ်သွားတဲ့ အမျိုးသားတဦး သေဆုံးသွားခဲ့ပြီဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် မက္ကဆီကိုစီးတီး မြို့ပြလုံခြုံရေးဝန်ကြီးဌာန (SSC) ကတော့ ဒီသတင်းဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုပါတယ်။ အားကစားကွင်းအတွင်းမှာ ကမ္ဘာကျော် ပေါ့ပ်စတား ရှာကီရာ နဲ့ အခြားအနုပညာရှင်တွေရဲ့ ဖွင့်ပွဲအခမ်းအနား ဖျော်ဖြေမှုတွေကို အနှောင့်အယှက်မရှိ ကျင်းပနိုင်ခဲ့ပေမယ့်၊ ကွင်းအပြင်ဘက်မှာတော့ အစိုးရဆန့်ကျင်ရေး…
-

ISP Myanmar တည်ထောင်သူ ကိုမင်းဇင်ကို တရုတ်က ဖမ်းပြီး နိုင်ငံတော်လုံခြုရေးထိခိုက်အောင်လုပ်တယ်လို့ စွပ်စွဲ
ဇွန် ၁၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ISP Myanmar တည်ထောာင်သူတဦးဖြစ်တဲ့ ကိုမင်းဇင်ကို တရုတ်လုံခြုံရေးအရာရှိတွေက ဖမ်းဆီးလိုက်ပြီး နိုင်ငံတော်လုံခြုံရေးကို ထိခိုက်အောင်လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်ထားတယ်လို့ The New York Time သတင်းက ဖေါ်ပြပါတယ်။ ကိုမင်းဇင်ဟာ အမေရိကန်နိုင်ငံသားတဦးဖြစ်ပြီး အမေရိကန်အခြေစိုက် ကာလီဖိုးနီးယားတက္ကသိုလ် ဘာကလေ (U.C. Berkeley) က ပါရဂူဘွဲ့သင်တန်းသားတဦးဖြစ်သလို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်ပါတယ်။ သူဟာ ဇွန်လ ၃ ရက်နေ့က မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းမှာရှိနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကိုမင်းဇင်တည်ထောင်ထားတဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု…
-

ပြောရေးဆိုခွင့်ရှိသူအသစ် နှင့် အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ လူရွေးချယ်ခြင်း နည်းဗျူဟာ
ဇွန် ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice သုံးသပ်ချက်ဆောင်းပါးဝေယမုံ အာဏာသိမ်းစစ် ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကတော့လက်ရှိမှာ မြန်မာ့မီဒီယာတွေရဲ့ စာမျက်နှာတွေပေါ်ရောက်ရှိလာပြီး အများပြည်သူရဲ့ စိတ်ဝင်စားမှုကို ခံနေရဆဲ ဖြစ်ပါတယ်။ ယခင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ရာထူးကရပ်ဆိုင်းလိုက်ပြီးတဲ့ နောက်မှာတော့ ပြောရေးဆိုခွင့်ရှိသူအသစ် ဘယ်သူဖြစ်လာမလဲဆိုတာကို အများစုက စိတ်ဝင်စားမှုရှိ နေကြတာကတော့ မငြင်းနိုင်ပါဘူး။ နိုင်ငံတကာမှာတော့ ပြောရေးဆိုခွင့်ရှိသူဆိုတာက ပြည်သူနဲ့ မီဒီယာနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရတဲ့ ထိလွယ်ရှလွယ်အဖြစ်ဆုံး အလုပ်ဖြစ်တဲ့အတွက် နိုင်ငံ့ခေါင်းဆောင်တော်တော်များများက ပြောရေးဆိုခွင့်ရှိသူကို လွယ်လင့်တကူ လက်သင့်ရာ မရွေးချယ်ကြပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သမိုင်းမှာလည်း အစိုးရတွေက ပြောရေးဆိုခွင့်ရှိသူတွေကို ပြည်သူနဲ့ဆက်ဆံရေး ကောင်းမွန်တယ်လို့ ထင်ရနိုင်ခြေရှိတဲ့၊ စကားပြောကျွမ်းကျင်လိမ္မာတဲ့ အမျိုးသားတွေကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။…
-

ရွှေ့ပြောင်းအခြေချမှုတွေက ကမ္ဘာ့ဖလားအောင်မြင်မှုအတွက် ဘယ်လိုမျိုး အကျိုးသက်ရောက်နေသလဲ
ဇွန် ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဆောင်းပါး လူ့ယဉ်ကျေးမှု သမိုင်းတလျှောက်မှာ ရွှေ့ပြောင်းအခြေချမှု (Migration) ဆိုတာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို ပေါင်းစည်းပေးပြီး ကမ္ဘာ့လူ့အဖွဲ့အစည်းကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် မောင်းနှင်ပေးခဲ့တဲ့ အဓိကသော့ချက်တခု ဖြစ်ပါတယ်။ လူတွေဟာ စစ်မက်ဘေး၊ စီးပွားရေးနဲ့ လူမှုရေး အခွင့်အလမ်းအမျိုးမျိုးကြောင့် နယ်မြေဒေသတစ်ခုကနေ တခုကို ရွှေ့ပြောင်းနေထိုင်ကြရင်း အသိပညာ၊ အရည်အချင်းနဲ့ မတူညီတဲ့ ရှုထောင့်အမြင်သစ်တွေကို သယ်ဆောင်လာကြပါတယ်။ ဒီလို မျိုးဆက်အလိုက် ရွှေ့ပြောင်းအခြေချမှုတွေကနေ ဖြစ်တည်လာတဲ့ လူဦးရေစုံလင်ကွဲပြားမှုဟာ အနုပညာ၊ သိပ္ပံပညာနဲ့ လူမှုစီးပွားကဏ္ဍတွေကိုတင်မကဘဲ ကမ္ဘာ့အခင်းအကျင်းကိုပါ ပိုမိုကြွယ်ဝအားကောင်းလာစေတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းရဲ့ အောင်မြင်မှုကို ခန့်မှန်းနိုင်ခဲ့သူ အလွန်နည်းပါးလိမ့်မယ်။ ပြိုင်ပွဲမစတင်မီအချိန်က…
-

ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်က အရပ်သား ၂၈ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် နိုင်ငံတကာက ထိရောက်စွာ အရေးယူဖို့ Fortify Rights တိုက်တွန်း
ဇွန် ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ပဲခူးတိုင်းဒေသကြီးထဲက အရပ်သားပြည်သူတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းတခုကို မြန်မာစစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင်၊ မြေပြင်မှာပါ အရပ်သားတွေကို ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ပြီး လွတ်မြောက်လာသူတွေကိုပါ မတရားဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တခု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ အဲ့ဒီ လေကြောင်းနဲ့ မြေပြင်ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းထဲမှာ ခိုလှုံနေကြတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၂၈ ဦး သေဆုံးခဲ့ရပြီး၊ ယခုလုပ်ရပ်တွေဟာ ထင်ရှားတဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ Fortify Rights ရဲ့ စုံစမ်းစစ်ဆေးမှုအသစ်မှာ ဖော်ပြထားပါတယ်။ Fortify Rights အဖွဲ့ရဲ့ မှတ်တမ်းတင်ချက်တွေအရ…
-

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မကြာမီ တွေ့ဆုံရန် စီစဉ်နေကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးပြော
ဇွန် ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အာဆီယံအလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရိုဟာ မြန်မာ့အရေး ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်ဖို့နဲ့ မြေပြင်အခြေအနေများကို လေ့လာသိရှိနိုင်ဖို့ အတွက် လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ အစီစဉ်ရှိတယ်လို့ ရိုက်တာသတင်းကဖေါ်ပြပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နစ်ကေး က ကြီးမှူးကျင်းပသည့် ဖိုရမ်တခုမှာ ဝန်ကြီး လာဇာရို က “ အခြေအနေမှန်တွေကို သိရှိနိုင်ဖို့နဲ့ ကျွန်မတို့ဘက်က ဘယ်လိုမျိုး အမှန်တကယ် ကူညီပေးနိုင်မလဲဆိုတာ ရှာဖွေဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၆…
-

ဖိလစ်ပိုင်မှာ ပြင်းအား ၇.၈ အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်၊
လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရ ဇွန် ၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းအနီး ပင်လယ်ပြင်ကို ဗဟိုပြုပြီး ယနေ့ ဇွန် ၈ ရက် နံနက်ပိုင်းက ပြင်းအား ၇.၈ အဆင့်ရှိ အင်အားပြင်းငလျင်ကြီး တခု လှုပ်ခတ်သွားခဲ့တာကြောင့် လူပေါင်း ၁၅ ဦးထက်မနည်း သေဆုံးပြီး အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် အာရှဒေသတွင်း နိုင်ငံအပြားမှာလည်း ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီ အင်အားပြင်းငလျင်ဟာ ဒေသစံတော်ချိန် တနင်္လာနေ့ နံနက် ၇ နာရီ ၄၀…
-

စစ်ပွဲရပ်ဖို့လူချင်းတွေ့ရအောင်လို့ ရုရှားသမ္မတပူတင်ကိုယူကရိန်းသမ္မတဇလန်းစကီးစာပို့ ကမ်းလှမ်း
ဇွန် ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ရုရှားနဲ့ ယူကရိန်းခေါင်းဆောင် နှစ်ဦးစလုံးဟာ သူတို့ကိုယ်စီမှာ ယုံကြည်မှုအပြည့်ရှိနေကြပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အရိပ်အယောင်တွေ ပြသလာကြပါတယ်။ ဒါပေမယ့်လည်း ရုရှားသမ္မတ ပူတင်ဘက်က သူ့ရဲ့ တောင်းဆိုချက်တွေကို လျှော့ပေးမယ့် အလားအလာ မရှိသေးသလို၊ ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း ယူကရိန်းနိုင်ငံရဲ့ “ ရှင်သန်ရပ်တည်ရေး” အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ရုရှားသမ္မတ ပူတင်ထံသို့ အိတ်ဖွင့်ပေးစာတစောင် တိုက်ရိုက်ပေးပို့ခဲ့ပြီး၊ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် နှစ်ဦးတည်း “ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု ကတဆင့် မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ကမ်းလှမ်းလိုက်ပါတယ်။ ယူကရိန်းသမ္မတရုံးရဲ့…
-

အောက်လွှတ်တော်က သမ္မတ ထရမ့်ရဲ့ အီရန်စစ်ပွဲဆိုင်ရာ အာဏာကို ကန့်သတ်ရန် ဆုံးဖြတ်ချက် ချမှတ် ရီပတ်ဘလစ်ကန်အမတ် ၄ ဦးက ဒီမိုကရက်တွေနဲ့ ပူးပေါင်းမဲပေး
ဇွန် ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက် တစ်စုံတစ်ရာမပါဘဲ အီရန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်နေတဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ကန့်သတ်ထိန်းချုပ်ဖို့အတွက် အမေရိကန် အောက်လွှတ်တော် ကနေ ရုပ်သိမ်းလွှာတစ်ရပ်ကို ဗုဒ္ဓဟူးနေ့ (ဇွန် ၃ ရက်) က အောင်မြင်စွာ မဲခွဲအတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီမဲခွဲမှုမှာတော့ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီက အမတ် ၄ ဦးဟာ ပါတီခလုတ်ကိုကျော်ပြီး ဒီမိုကရက်အမတ်တွေနဲ့ ပူးပေါင်းမဲပေးခဲ့ကြတာကြောင့် ထောက်ခံမဲ ၂၁၅ မဲ၊ ကန့်ကွက်မဲ ၂၀၈ မဲနဲ့ ဒီဥပဒေကြမ်းဟာ အောက်လွှတ်တော်မှာ ကပ်သီးကပ်သတ် အောင်ပွဲခံသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဥပဒေတခုအဖြစ် တရားဝင်…

Latest News
About the Author
AF themes
Search the Archives
Access over the years of investigative journalism and breaking reports
You May Have Missed


















