BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

  • အီရန်နှင့် သဘောတူညီချက် ရရှိရန် ဖြစ်နိုင်ခြေရှိနေဆဲဟု အမေရိကန်ပြော၊ ထရမ့်ကမူ မျှော်လင့်ချက်များကို လျှော့ချထား
    ,

    အီရန်နှင့် သဘောတူညီချက် ရရှိရန် ဖြစ်နိုင်ခြေရှိနေဆဲဟု အမေရိကန်ပြော၊ ထရမ့်ကမူ မျှော်လင့်ချက်များကို လျှော့ချထား

    မေ ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူညီချက်အပေါ် အလွန်အမင်း မျှော်လင့်မထားကြရန် ထိန်းညှိပြောဆိုနေသော်လည်း၊ အီရန်နိုင်ငံနှင့် ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်တခုဟာ တနင်္လာနေ့တွင် ပေါ်ပေါက်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း ဒေသတွင်းသို့ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ပွဲ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိတွင် ကြားဝင်စေ့စပ်ပေးသူများက စစ်ပွဲအပြီးတိုင် အဆုံးသတ်ရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေကြပြီး၊ ဧပြီ ၈ ရက်နေ့ကတည်းက အမေရိကန်နှင့် အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေးကို…

    Continue Reading

  • ဝိတ်ချဆေး ထိုးဆေးတွေ ရပ်လိုက်ပြီးနောက် ကိုယ်အလေးချိန် ပြန်မတက်အောင် ကူညီပေးနိုင်မယ့် ဝိတ်ချသောက်ဆေးအသစ် ထွက်ပေါ်လာ

    ဝိတ်ချဆေး ထိုးဆေးတွေ ရပ်လိုက်ပြီးနောက် ကိုယ်အလေးချိန် ပြန်မတက်အောင် ကူညီပေးနိုင်မယ့် ဝိတ်ချသောက်ဆေးအသစ် ထွက်ပေါ်လာ

    မေ ၂၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) ဝိတ်ချဆေးထိုးဆေးတွေကို တနှစ်လောက် ထိုးပြီးတဲ့အခါ လူနာတော်တော်များများက ဆေး ဆက်မထိုးချင်ကြတော့ပါဘူး။ ဒါဟာ စိတ်မပါလို့ မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဗေဒ သဘာဝကြောင့် ဖြစ်ပါတယ်။ ဆေးထိုးတာ ရပ်လိုက်တာနဲ့ လူအများစုမှာ ကျသွားခဲ့တဲ့ ကိုယ်အလေးချိန်တွေ အကုန်နီးပါး ပြန်တက်လာတတ်တာကြောင့် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အပ်နဲ့ထိုးစရာမလို၊ ရေခဲသေတ္တာထဲ ထည့်သိမ်းစရာမလိုဘဲ နေ့တိုင်း သောက်ပေးရုံနဲ့ အရင်ကျထားတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပေးနိုင်မယ့် သောက်ဆေး ရှိမရှိဆိုတာကို ဘယ်သူမှ မစမ်းသပ်ဖူးသေးပါဘူး။ အခုတော့ New York က Weill Cornell Medicine က သုတေသနအဖွဲ့ဟာ “ orforglipron”…

    Continue Reading

  • အမေရိကန်နဲ့ အီရန်တို့အကြား စစ်ပွဲအဆုံးသတ်ဖို့ ဆွေးနွေးမှုတွေမှာ ‘သိသာထင်ရှားတဲ့ တိုးတက်မှုတွေ’ ရရှိနေပြီလို့ မာကို ရူဘီယို ပြော
    ,

    အမေရိကန်နဲ့ အီရန်တို့အကြား စစ်ပွဲအဆုံးသတ်ဖို့ ဆွေးနွေးမှုတွေမှာ ‘သိသာထင်ရှားတဲ့ တိုးတက်မှုတွေ’ ရရှိနေပြီလို့ မာကို ရူဘီယို ပြော

    မေ ၂၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် ဆင်နွှဲနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေမှာ “ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ” ရရှိနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားလိုက်ပါတယ်။ ဒါဟာ စစ်ပွဲအဆုံးသတ်ရေး နားလည်မှုစာချွန်လွှာအတွက် “ အတော်များများ ညှိနှိုင်းပြီးစီးနေပြီ” ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ရူဘီယိုက အခုလို ထပ်မံအတည်ပြုပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ရူဘီယိုက နယူးဒေလီမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း – အခု ထွက်ပေါ်လာတော့မယ့် သဘောတူညီချက်ဟာ ဟော်မုဇ်ရေလက်ကြား နဲ့…

    Continue Reading

  • ဦးမင်းကိုနိုင် ၂၀၂၆ ပြည်သူ့ဂုဏ်ရည်ဆု ရရှိ
    ,

    ဦးမင်းကိုနိုင် ၂၀၂၆ ပြည်သူ့ဂုဏ်ရည်ဆု ရရှိ

    မေလ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် (ဦး) မင်းကိုနိုင်ဟာ ၂၀၂၆ ခုနှစ်အတွက် ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။ ၂၀၂၆ ခုနှစ် မေလ ၂၃ ရက်မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်မှာ ကျင်းပတဲ့ (၁၇) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုပွဲ အခမ်းအနားမှာ အခုလို ရွေးချယ်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆုကို အမေရိကန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းက ၂၀၀၉ ခုနှစ်တွင် ပြည်သူ့ဂုဏ်ရည်အသင်းကို စတင်ဖွဲ့စည်းပြီး ၂၀၁၀ ခုနှစ်ကနေ စတင်ပြီး နှစ်စဉ် ချီးမြှင့်လာခဲ့တာဖြစ်ပြီး ဒီဆုဟာ မြန်မာပြည်သူတွေအတွက် လူမှုအကျိုးပြုလုပ်ငန်း၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊…

    Continue Reading

  • စိတ်ကျရောဂါအတွက် သုံးနိုင်မယ့် ကမ္ဘာဦးစိတ္တဇ ဆေးဝါးအသစ်ကို သိပ္ပံပညာရှင်တွေ ဖော်ထုတ်နိုင်ခဲ့

    စိတ်ကျရောဂါအတွက် သုံးနိုင်မယ့် ကမ္ဘာဦးစိတ္တဇ ဆေးဝါးအသစ်ကို သိပ္ပံပညာရှင်တွေ ဖော်ထုတ်နိုင်ခဲ့

    မေ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) စိတ်ပူပန်မှုနဲ့ စိတ်ကျရောဂါတွေကို ကုသရာမှာ ဦးနှောက်ရဲ့ ဆဲလ်အသစ်ဖြစ်ထွန်းမှုကို လှုံ့ဆော်ပေးနိုင်တဲ့ စိတ္တဇဆေးဝါး (Psychedelic-like drugs) တွေဟာ အစွမ်းထက်တယ်ဆိုပေမယ့်၊ လူကို ယောင်ချာချာနဲ့ စိတ်အာရုံမှားတာမျိုး (Trip ဖြစ်တာ) တွေကို ဖြစ်စေတတ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ကယ်လီဖိုးနီးယားတက္ကသိုလ် (UC Davis) က သုတေသီတွေဟာ စိတ်အာရုံမှားယွင်းမှု လုံးဝမဖြစ်စေဘဲ စိတ်ကျရောဂါကို ထိရောက်စွာ ကုသပေးနိုင်မယ့် ကမ္ဘာဦးဆေးဝါးအမျိုးအစားသစ် တခုကို လုံးဝပုံစံအသစ်နဲ့ ဖော်ထုတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ယခင်က ဒီလိုဆေးဝါးတွေကို ရှာဖွေရာမှာ သိပ္ပံပညာရှင်တွေဟာ ရှိပြီးသား ဆေးမော်လီကျူးတွေ (ဥပမာ- LSD သို့မဟုတ် Psilocybin)…

    Continue Reading

  • မြန်မာနဲ့ ကမ္ဘောဒီးယားကို ဗဟိုပြုပြီး ကြီးထွားလာနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှု ရာဇဝတ်ကွန်ရက်ဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်နွှယ်နေတယ်လို့ဆို
    , ,

    မြန်မာနဲ့ ကမ္ဘောဒီးယားကို ဗဟိုပြုပြီး ကြီးထွားလာနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှု ရာဇဝတ်ကွန်ရက်ဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်နွှယ်နေတယ်လို့ဆို

    မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) အရှေ့တောင်အာရှဒေသတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (Cyber Fraud) တွေနဲ့ လူကုန်ကူးမှုတွေရဲ့ အဓိကဗဟိုချက်တွေအဖြစ် မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ ဖြစ်လာနေတယ်လို့ အမေရိကန်အောက်လွှတ်တော် တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ အထူးကော်မတီက အစီရင်ခံစာထုတ်ပြန်ရာ ထည့်သွင်းဖေါ်ပြထားပါတယ်။ ဒါဟာ တစ်ခုချင်းစီဖြစ်ပွားနေတဲ့ ရာဇဝတ်မှုမျိုးမဟုတ်ဘဲ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေ၊ ဒေသတွင်း အဂတိလိုက်စားမှုတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီ (CCP) နဲ့ ဆက်နွှယ်နေတဲ့ ကွန်ရက်တွေ ပေါင်းစပ်လှုပ်ရှားနေတဲ့ စနစ်တခု ဖြစ်နေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေဟာ အမေရိကန်နိုင်ငံသားတွေကို အဓိကပစ်မှတ်ထားပြီး နည်းပညာသုံး ငွေကြေးလိမ်လည်မှု နည်းလမ်းမျိုးစုံနဲ့…

    Continue Reading

  • မယ်ဟောင်ဆောင် နယ်စပ်ဖြတ်ကျော်ဂိတ်တွင် မြန်မာနိုင်ငံသို့ ကုန်စည်တင်ပို့မှုများ ဆိုင်းငံ့ထားရ
    ,

    မယ်ဟောင်ဆောင် နယ်စပ်ဖြတ်ကျော်ဂိတ်တွင် မြန်မာနိုင်ငံသို့ ကုန်စည်တင်ပို့မှုများ ဆိုင်းငံ့ထားရ

    မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း (Precursor chemicals) များ လွှဲပြောင်းသယ်ယူမှုကို တားဆီးနှိမ်နင်းရန် ကြိုးပမ်းမှုအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် Huai Phueng နယ်စပ်ဂိတ်တွင် ကန့်သတ်ချက်များ တင်းကျပ်လိုက်ပြီး၊ ခြေလျင်ခရီးသွားလာခွင့်ကိုသာ ခွင့်ပြုထားကာ ကုန်စည်တင်ပို့မှုများနှင့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ် သွားလာမှုများကို ဆိုင်းငံ့ထားကြောင်း သိရပါတယ်။ သောကြာနေ့တွင် မယ်ဟောင်ဆောင်ခရိုင်၊ Huay Pha တိုက်နယ်၊ Ban Huai Phueng ကျေးရွာမှ နယ်စပ်ကုန်သည် ၂၀ ကျော်သည် ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်မှုများကို ဆန္ဒပြရန်အတွက် ဟွေ့ဖာတိုက်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ စုဝေးရောက်ရှိလာခဲ့ကြပါတယ်။ ကုန်သည်များက မြန်မာနိုင်ငံသို့ ကုန်စည်သယ်ယူပို့ဆောင်ရေး ဆိုင်းငံ့ထားခြင်းကြောင့်…

    Continue Reading

  • ၂၀၂၆ Esportsကမ္ဘာ့ဖလားပြိုင်ပွဲကို ရီယာ့ဒ်မြို့အစား ပါရီမြို့သို့ ပြောင်းရွှေ့ကျင်းပမည်
    , ,

    ၂၀၂၆ Esportsကမ္ဘာ့ဖလားပြိုင်ပွဲကို ရီယာ့ဒ်မြို့အစား ပါရီမြို့သို့ ပြောင်းရွှေ့ကျင်းပမည်

    မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကမ္ဘာ့အကြီးဆုံး Esportsဂိမ်းပြိုင်ပွဲကြီးကို အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ အနှောင့်အယှက်များကြောင့် ဆော်ဒီအာရေဗျနိုင်ငံအစား ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ယခုနွေရာသီအတွင်း ပြောင်းရွှေ့ကျင်းပသွားမှာဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားလိုက်ပါတယ်။ လာမည့် ဇူလိုင် ၆ ရက်မှ ဩဂုတ် ၂၃ ရက်နေ့အထိ ကျင်းပမည့် ၂၀၂၆ Esports World Cup ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များသည် ဂိမ်းအမျိုးအစား ၂၄ ခု၌ အမေရိကန်ဒေါ်လာ ၇၅ သန်းကျော် ရှိမည့် စံချိန်တင်ဆုကြေးငွေများအတွက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကြီးကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံ၏ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (PIF) က ကျောထောက်နောက်ခံပြုပေးထားခြင်း…

    Continue Reading

  • အမေရိကန်ရဲ့ ရန်ပုံငွေဖြတ်တောက်မှုတွေကြောင့် လူသေဆုံးမှုများပြားနေတဲ့ အီဘိုလာဗိုင်းရပ်စ် တုံ့ပြန်ရေးလုပ်ငန်းတွေ ကြန့်ကြာနေရဟု ကယ်ဆယ်ရေးသမားများ ပြောကြား
    ,

    အမေရိကန်ရဲ့ ရန်ပုံငွေဖြတ်တောက်မှုတွေကြောင့် လူသေဆုံးမှုများပြားနေတဲ့ အီဘိုလာဗိုင်းရပ်စ် တုံ့ပြန်ရေးလုပ်ငန်းတွေ ကြန့်ကြာနေရဟု ကယ်ဆယ်ရေးသမားများ ပြောကြား

    မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ရဲ့ အရှေ့မြောက်ပိုင်းဒေသမှာ ပြင်းထန်တဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အရှိန်အဟုန်နဲ့ ဖြစ်ပွားနေချိန်မှာပဲ၊ အဆိုပါ ကပ်ရောဂါမတိုင်ခင်က ဖြစ်ပျက်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ ကမ္ဘာ့ကျန်းမာရေးအကူအညီ ရန်ပုံငွေဖြတ်တောက်မှုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ထုတ်ပယ်ခဲ့မှုတွေနဲ့ ဆေးဝါးပစ္စည်း ပြတ်လပ်မှုတွေအပေါ် ရှေ့တန်းက ကယ်ဆယ်ရေးသမားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဝေဖန်ထောက်ပြနေကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ သံသယဖြစ်ဖွယ် လူနာပေါင်း ၆၀၀ နီးပါးရှိနေပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း၊ ကွန်ဂိုနိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု ပမာဏဟာ အခုထက် အဆမတန် ပိုမိုကြီးမားနိုင်ကြောင်း သတိပေးထားပါတယ်။ ဒါ့အပြင် အခုကူးစက်နေတဲ့…

    Continue Reading

  • စိတ်ဒဏ်ရာတွေက ထပ်တလဲလဲသုံးစွဲ ရိုးအီနေသော အကြောင်းအရာများ ဖြစ်လာသောအခါ
    ,

    စိတ်ဒဏ်ရာတွေက ထပ်တလဲလဲသုံးစွဲ ရိုးအီနေသော အကြောင်းအရာများ ဖြစ်လာသောအခါ

    ဆောင်းပါး ၊ Cathy Otten လူသားတွေရဲ့ ဆင်းရဲဒုက္ခတွေကို မှတ်တမ်းတင်ရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ သတင်းစာပညာ (Humanitarian Journalism) ဆိုတာ ကိုယ်ကျင့်တရားဆိုင်ရာ မြင့်မြတ်တဲ့ ခေါ်သံတခု ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့လုပ်ငန်းခွင်မှာတော့ ဒါဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ အလွန်ဝေဝါးပြီး ရုန်းကန်ရတဲ့ ကိစ္စတခု ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ နွေဦးရာသီတုန်းက ကျွန်မဟာ ကျွန်မရဲ့ ဇာတိမြို့ဖြစ်တဲ့ မန်ချက်စတာမြို့က မြို့တော်ခန်းမအပြင်ဘက်မှာ တဲထိုးနေထိုင်နေတဲ့ အီရီထရီးယားနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်တဦးနဲ့ စကားပြောဖို့ ကြိုးစားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာ ဒုက္ခသည်တွေ အိုးမဲ့အိမ်မဲ့ဖြစ်မှု သိသိသာသာ မြင့်တက်လာရတဲ့ အကြောင်းရင်းကို နားလည်နိုင်ဖို့ ဂျာနယ်လစ်တဦးအနေနဲ့ ရောက်ရှိနေခဲ့တာပါ။ ကျွန်မဟာ ယခင်က အီရတ်နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ နိုင်ငံခြားသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး၊ ကျွန်မ နေရပ်ပြန်ရောက်ပြီးတဲ့နောက်ပိုင်းမှာ အဲဒီနိုင်ငံတွေက ဒုက္ခသည်…

    Continue Reading

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed