-

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ထောင် ပြောင်းလိုက်တာကို ထိုင်းအစိုးရ ကြိုဆို ၊ အာဆီယံနဲ့ မြန်မာကြား တဆင့်ချင်း ထိတွေ့ဆက်ဆံမှုကို ထောက်ခံ
မေ ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ထောင် ပြောင်းရွှေ့လိုက်တဲ့အပေါ် ထိုင်းအစိုးရက ကြိုဆိုလိုက်ပြီး ဒါဟာ ကောင်းမွန်တဲ့ တိုးတက်မှုတခုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အာဆီယံနဲ့ မြန်မာနိုင်ငံကြားမှာလည်း တဆင့်ချင်း ပြန်လည်ထိတွေ့ဆက်ဆံသွားဖို့ ထောက်ခံတယ်လို့ ဆိုပါတယ်။ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါ သနဒိရက် က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလိုက်တာဟာ တိုးတက်မှုတခုကို ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အာဆီယံအဖွဲ့အတွင်းမှာ “ သင့်တော်တဲ့ တဆင့်ချင်း ထိတွေ့ဆက်ဆံမှုတွေ” ဖြစ်လာအောင် ထိုင်းနိုင်ငံက ကူညီပေးဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ…
-

ဟော်မုဇ်ရေလက်ကြားက သင်္ဘောတွေကို လမ်းပြပေးမယ့် ထရမ့်ရဲ့ “ Project Freedom” အစီအစဉ် ဈေးကွက်ကို မလှုပ်ခတ်နိုင်ဘဲ ရေနံဈေး ဆက်ငြိမ်နေ
မေ ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ Project Freedom” ဆိုတဲ့ အစီအစဉ်နဲ့ ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို လမ်းပြပေးမယ်လို့ ကြေညာလိုက်ပေမယ့် ကမ္ဘာ့ရေနံဈေးကွက်မှာတော့ ဘာမှထူးမခြားနားဘဲ ဈေးနှုန်းတွေ တန့်နေပါတယ်။ ဒီနေ့ (တနင်္လာနေ့) မနက်ပိုင်း ဈေးကွက်ဖွင့်ချိန်မှာ နိုင်ငံတကာစံနှုန်းဖြစ်တဲ့ ဘရန့် (Brent) ရေနံစိမ်းဈေးဟာ တစ်စည်ကို ၁၀၈.၁၁ ဒေါ်လာမှာပဲ ရှိနေပြီး ဈေးနှုန်းအတက်အကျ မရှိသလောက်ပါပဲ။ ရေနံကုန်သည်တွေကတော့ သမိုင်းမှာ အကြီးမားဆုံးဖြစ်နေတဲ့ ဒီစွမ်းအင်ပြတ်တောက်မှု ပြဿနာကို သမ္မတထရမ့်ရဲ့ အစီအစဉ်က တကယ်ဖြေရှင်းနိုင်ပါ့မလားဆိုတာ သံသယရှိနေကြပါတယ်။ သမ္မတထရမ့်က ပိတ်မိနေတဲ့ သင်္ဘောတွေကို ကူညီပေးမယ်လို့ တနင်္ဂနွေနေ့က ပြောခဲ့ပေမယ့် အမေရိကန်…
-

မြို့ပြငှက်တွေက အမျိုးသားတွေထက် အမျိုးသမီးတွေကို ပိုကြောက်နေကြတယ်လို့ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ
မေ ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice မြို့ပြပန်းခြံတွေထဲက ငှက်တွေဟာ သူတို့ဆီကို အမျိုးသားတဦး လမ်းလျှောက်လာတာထက် အမျိုးသမီးတဦး လမ်းလျှောက်လာတာကို ပိုပြီး စောစောစီးစီး ထွက်ပြေးတတ်ကြတယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါဟာ လူတွေ သတိမထားမိတဲ့ အချက်အလက်တွေကို တောရိုင်းတိရစ္ဆာန်တွေက ဘယ်လိုမျိုး အတိအကျ သိမြင်နေသလဲဆိုတာကို ပြသနေတာပါ။ အီတလီနိုင်ငံ၊ တူရင်တက္ကသိုလ် (UniTo) က ဒေါက်တာ Federico Morelli ဦးဆောင်တဲ့ အဖွဲ့ဟာ ဥရောပ ၅ နိုင်ငံက မြို့ပြပန်းခြံတွေမှာ ငှက်အမျိုးအစား ၇၇ မျိုး၊ အကြိမ်ပေါင်း ၂,၇၀၀ ကျော် စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်သူ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ အရပ်အမောင်း…
-

ချင်းမိုင်မှာလုပ်ခလစာမပေးလို့အလုပ်ရှင်ကိုသတ်ခဲ့တယ်လို့မြန်မာလုပ်သား၄ဦးဝန်ခံ
မေ ၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ချင်းမိုင်ခရိုင်၊ မယ်ရမ် (Mae Rim) မြို့နယ်က အလုပ်သမားစခန်းတခုမှာ သူတို့ရဲ့ အလုပ်ရှင်ကို သတ်ဖြတ်ခဲ့တဲ့ မြန်မာလုပ်သား ၄ ဦးကို မေလ ၂ ရက် (မနေ့က) မွန်းလွဲပိုင်းမှာ ချင်းရိုင်ခရိုင်၊ ဝပ်ရွန်ခွန် (Wat Rong Khun) ဘုရားအနီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့ကို မယ်ရမ်ရဲစခန်းဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ စု၊ ယောင်း၊ ဒမ် နဲ့ ဘော့စ် လို့ခေါ်တဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ဓားနဲ့ ဝိုင်းဝန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ သူတို့ဟာ မေလ ၁ ရက်နေ့ မနက်အစောပိုင်း…
-

ဥရောပနဲ့ အာဖရိကကြားက ဂျီဘရော်လ်တာ ရေလက်ကြား တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ သတိပေး
ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အတ္တလန္တိတ်သမုဒ္ဒရာနဲ့ မြေထဲပင်လယ်ကို ဆက်သွယ်ပေးထားပြီး စပိန်နဲ့ မော်ရိုကိုနိုင်ငံတို့ကို ပိုင်းခြားထားတဲ့ ဂျီဘရော်လ်တာ ရေလက်ကြား (Strait of Gibraltar) ဟာ ကမ္ဘာ့မြေမျက်နှာပြင် အောက်က ကျောက်ဖျာချပ်တွေ ရွှေ့လျားမှုကြောင့် တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး ပျောက်ကွယ်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။ လစ္စဘွန်းတက္ကသိုလ်က ပါမောက္ခ João Duarte ဦးဆောင်တဲ့ သုတေသနအဖွဲ့ရဲ့ လေ့လာချက်အရ ဂျီဘရော်လ်တာ ရေလက်ကြားအောက်က “ Gibraltar arc” လို့ခေါ်တဲ့ ကျောက်ဖျာချပ် အနားသတ်ဟာ အတ္တလန္တိတ်သမုဒ္ဒရာဘက်ကို တဖြည်းဖြည်းချင်း တိုးဝင်လာနေပါတယ်။ ဒါဟာ အာဖရိကကျောက်ဖျာချပ်နဲ့ ဥရောပ-အာရှ ကျောက်ဖျာချပ်တွေကြားမှာ မြေပုံအသစ်တခု ဖြစ်လာဖို့ ပြန်လည်ပြင်ဆင်နေတာလည်း…
-

စစ်အုပ်စုရဲ့ နျူကလီးယား ရည်မှန်းချက်တွေအပေါ် မြန်မာပြည်သူတွေ အလွန်အမင်း စိုးရိမ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ သတိပေး
ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၂၀၂၆ ခုနှစ် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) ညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောခဲ့ပါတယ်။ အဲ့ဒီမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ နျူကလီးယား ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို သတိပေးလိုက်ပါတယ်။ သံအမတ်ကြီးက ပြောတဲ့အထဲမှာ အခုနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုနဲ့ နျူကလီးယားလက်နက်ပိုင်တဲ့ နိုင်ငံကြီးတနိုင်ငံ တို့ကြား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာနေတာကို မြန်မာပြည်သူတွေက “အလွန်အမင်း စိုးရိမ်နေကြတယ်” လို့ ထည့်ပြောသွားပါတယ်။ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေကို လက်နက်လုပ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုဟာ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းတဲ့နေရာမှာပဲ သုံးပါမယ်ဆိုတာကို ယုံဖို့ဆိုတာ ဘယ်လိုမှ…
-

ကလေးငယ်တွေရဲ့ ဦးနှောက်မှာဘာသာစကားနဲ့လူမှုဆက်ဆံရေး နားလည်မှုစနစ်တွေကအစကတည်းက သီးခြားစီတည်ရှိနေဟု သုတေသနအသစ်ဆို
ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကလေးငယ်တွေ ပုံပြင်တပုဒ် နားထောင်တဲ့အခါ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို နားလည်ရုံတင်မကဘဲ ဇာတ်ကောင်တွေရဲ့ ခံစားချက်နဲ့ ယုံကြည်ချက်တွေကိုပါ စိတ်ကူးပုံဖော်နိုင်ကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီစွမ်းရည်နှစ်ခုကို “ ဘာသာစကား” နဲ့ “ သူတပါးရဲ့ စိတ်အခြေအနေကို နားလည်နိုင်စွမ်း လို့ ခေါ်ဆိုပါတယ်။ အရင်ကတော့ သိပ္ပံပညာရှင်တွေဟာ ကလေးတွေရဲ့ဦးနှောက်မှာ ဒီစနစ်နှစ်ခုဟာ အစပိုင်းမှာ ရောထွေးနေပြီး ကြီးပြင်းလာမှသာ သီးခြားစီ ကွဲထွက်သွားတာလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ် ရဲ့ သုတေသနအသစ်ကတော့ ဒီစနစ်နှစ်ခုဟာ အသက် ၃ နှစ်အရွယ်ကတည်းက သီးခြားစီ ကွဲပြားစွာ တည်ရှိနေပြီဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။ သုတေသနအဖွဲ့ဟာ အသက်…
-

အမေရိကန် လွှတ်တော်မှာ ဗြိတိန်ဘုရင် ချားလ်စ် မိန့်ခွန်းပြော၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ ပတ်သက်ပြီး သမ္မတ ထရန့်ကို သွယ်ဝိုက်သတိပေး
ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်နိုင်ငံကို နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဗြိတိန်ဘုရင် ချားလ်စ် (၃) ဟာ အင်္ဂါနေ့က အမေရိကန် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲ့ဒီမိန့်ခွန်းမှာ ချားလ်စ် ဘုရင်ဟာ ဒီမိုကရေစီရဲ့ အခြေခံတန်ဖိုးတွေဖြစ်တဲ့ ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး လွတ်လပ်မှုနဲ့ နိုင်ငံတကာ မဟာမိတ်ပြုမှုတွေရဲ့ အရေးပါပုံကို အလေးပေး ပြောကြားခဲ့ပါတယ်။ ဘုရင်ကြီးဟာ သမ္မတ ထရန့် အစိုးရကို တိုက်ရိုက် ဝေဖန်တာမျိုး မလုပ်ခဲ့ပေမယ့်၊ လက်ရှိ အမေရိကန်ရဲ့ နိုင်ငံရေး ဦးတည်ချက်အပေါ် သွယ်ဝိုက်ပြီး စိုးရိမ်ပူပန်ကြောင်း ပြသခဲ့တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ အထူးသဖြင့် ယူကရိန်းကို အခိုင်အမာ ကာကွယ်ပေးဖို့နဲ့…
-

ဝါရှင်တန်ဒီစီ သတင်းထောက်များ ညစာစားပွဲမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား ၊ ထရန့်ကို လုံခြုံရေးအဖွဲ့က အလျင်အမြန် ခေါ်ဆောင်သွားခဲ့ရ
ဧပြီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက် (စနေနေ့) ညပိုင်းက ဝါရှင်တန်ဒီစီရှိ Washington Hilton ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော်သတင်းထောက်များ ညစာစားပွဲအတွင်း သေနတ်ပစ်ခတ်မှု တခု ဖြစ်ပွားခဲ့ပါတယ်။ ညစာစားပွဲမှာ သမ္မတ ဒေါ်နယ်ထရန့် ရောက်ရှိနေချိန် မှာ ဟိုတယ်ရဲ့ လုံခြုံရေးစစ်ဆေးရေးဂိတ် သတ္တုရှာဖွေစက်အနီးမှာ သေနတ်သံ ၅ ချက်မှ ၈ ချက်ခန့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအဖွဲ့ဝင်တွေက သမ္မတကို ချက်ချင်းဝိုင်းရံကာ စင်မြင့်ပေါ်ကနေ အလျင်အမြန် ခေါ်ဆောင်သွားခဲ့တာကို တွေ့မြင်ရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားချိန်မှာ သမ္မတနဲ့အတူ တက်ရောက်နေတဲ့ ဒုသမ္မတ JD Vance နဲ့ အစိုးရအဖွဲ့ဝင်…
-

နိုင်ငံတော်သမ္မတ မိသားစုထံပြန်ရောက်ရှိတဲ့အတွက် SCEF ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့၊ စစ်အုပ်စုက သမ္မတ ဦးဝင်းမြင့်ကို တိုးမြှင့်စောင့်ကြည့်နေ
ဧပြီ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အာဏာသိမ်းချိန်ကစပြီး စစ်အုပ်စုရဲ့ ၅ နှစ်ကျော် ဖမ်းဆီးအကျဉ်းချခံခဲ့ရပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတဲ့အပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ – SCEF အနေဖြင့် မိသားစု၊ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးနဲ့ ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဝမ်းမြောက်ကြောင်း သဝဏ်လွှာမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေနဲ့ နိုင်ငံ့အကျိုး၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးကို ဘေးအန္တရာယ်ကင်းစွာ ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ဖို့ ဆုတောင်းထားသလို မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုအားလုံးနဲ့အတူ အစွမ်းကုန် ဆက်လက်ကြိုးပမ်း…

Latest News
About the Author
AF themes
Search the Archives
Access over the years of investigative journalism and breaking reports
You May Have Missed


















