BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

  • ထရမ့်ကတိုင်ဝမ်သမ္မတနဲ့စကားပြောဖို့အသင့်ရှိကြောင်းထုတ်ဖော်ပြောဆို၊သံတမန်ရေးရာစံနှုန်းတွေကိုချိုးဖောက်မယ့်အခြေအနေကြောင့်တရုတ်ဘက်ကစောင့်ကြည့်နေ
    ,

    ထရမ့်ကတိုင်ဝမ်သမ္မတနဲ့စကားပြောဖို့အသင့်ရှိကြောင်းထုတ်ဖော်ပြောဆို၊သံတမန်ရေးရာစံနှုန်းတွေကိုချိုးဖောက်မယ့်အခြေအနေကြောင့်တရုတ်ဘက်ကစောင့်ကြည့်နေ

    မေ ၂၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တိုင်ဝမ်သမ္မတနဲ့ တိုက်ရိုက်စကားပြောဆိုဖို့ အလားအလာရှိတယ်လို့ မေလ ၂၀ ရက် က မထင်မှတ်ဘဲ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။   ဒါဟာ ၁၉၇၉ ခုနှစ် ဝါရှင်တန်က တိုင်ဝမ်အစား ဘေဂျင်းအစိုးရကို တရားဝင် သံတမန်ရေးရာ အသိအမှတ်ပြုခဲ့ပြီးနောက်ပိုင်း ဆယ်စုနှစ် ၄ ခုကျော်အတွင်း တကြိမ်မျှမရှိဖူးသေးတဲ့ အမေရိကန်ရဲ့ သံတမန်ရေးရာ စံနှုန်းတွေကို အကြီးအကျယ် ကျော်လွန်မယ့် လုပ်ရပ်တခု ဖြစ်လာနိုင်ပါတယ်။ မေရီလန်းပြည်နယ်ရှိ Joint Base Andrews လေတပ်စခန်းမှာ အမေရိကန်လွှတ်တော်က ဇန်နဝါရီလတုန်းက အတည်ပြုထားတဲ့ ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိတဲ့ တိုင်ဝမ်ကို လက်နက်ရောင်းချမယ့် အစီအစဉ်ကို…

    Continue Reading

  • ဘေဂျင်းမှာ ရှီကျင့်ဖျင်နဲ့ ပူတင် တွေ့ဆုံ၊ ထရမ့်လာရောက်ပြီး တပတ်မပြည့်ခင် တရုတ်-ရုရှား ရင်းနှီးမှု ပြသ
    ,

    ဘေဂျင်းမှာ ရှီကျင့်ဖျင်နဲ့ ပူတင် တွေ့ဆုံ၊ ထရမ့်လာရောက်ပြီး တပတ်မပြည့်ခင် တရုတ်-ရုရှား ရင်းနှီးမှု ပြသ

    မေ ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံကို လာရောက်လည်ပတ်ပြီး တပတ်မပြည့်ခင်မှာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဘေဂျင်းမြို့တော်က Great Hall of the People မှာ စစ်ရေးပြအခမ်းအနား၊ ဂုဏ်ပြုတီးဝိုင်းတွေနဲ့ သိုက်သိုက်ဝန်းဝန်း ကြိုဆိုပြီး မေလ ၂၀ ရက် မနက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အမေရိကန်သမ္မတ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ ပြီးခဲ့တဲ့အပတ်က အလားတူနေရာမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အီရန်ပဋိပက္ခနဲ့ တိုင်ဝမ်အရေးတို့ကို ဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာတာဖြစ်လို့ နိုင်ငံတကာက မျက်ခြေမပြတ် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ ထိခိုက်လွယ်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့…

    Continue Reading

  • ကွန်ဂိုမှာ အီဘိုလာ ကူးစက်မှု အရှိန်အဟုန်ပြင်းစွာ တိုးပွားလာနေပြီး သေဆုံးသူ ၁၃၀ ကျော်ရှိလာ၊ အမေရိကန် ဆရာဝန်တဦးလည်း ဗိုင်းရပ်စ်ကူးစက်ခံရ
    ,

    ကွန်ဂိုမှာ အီဘိုလာ ကူးစက်မှု အရှိန်အဟုန်ပြင်းစွာ တိုးပွားလာနေပြီး သေဆုံးသူ ၁၃၀ ကျော်ရှိလာ၊ အမေရိကန် ဆရာဝန်တဦးလည်း ဗိုင်းရပ်စ်ကူးစက်ခံရ

    မေ ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အာဖရိကအလယ်ပိုင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ ဖြစ်ပွားနေတဲ့ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဟာ “ အတိုင်းအဆနဲ့ အရှိန်အဟုန်” အလွန်မြန်ဆန်နေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ပြင်းပြင်းထန်ထန် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ လက်ရှိအချိန်အထိ အနည်းဆုံး လူပေါင်း ၁၃၁ ဦး သေဆုံးခဲ့ပြီး၊ ကူးစက်ခံရသူ သို့မဟုတ် သံသယရှိသူ ၅၃၁ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၉ ရက် (အင်္ဂါနေ့) မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ သေဆုံးသူ ၈၈ ဦးနဲ့ ကူးစက်သူ ၃၀၀ ဝန်းကျင်ကနေ…

    Continue Reading

  • အမေရိကန်သမ္မတ ထရမ့်နဲ့ မိသားစုကို အခွန်စစ်ဆေးမှုတွေကနေ ကင်းလွတ်ခွင့်ပြုတဲ့ အပေါ် ဒီမိုကရက်တစ် အမတ်တွေ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ
    ,

    အမေရိကန်သမ္မတ ထရမ့်နဲ့ မိသားစုကို အခွန်စစ်ဆေးမှုတွေကနေ ကင်းလွတ်ခွင့်ပြုတဲ့ အပေါ် ဒီမိုကရက်တစ် အမတ်တွေ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ

    မေ ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ သူ့ရဲ့ မိသားစုဝင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လက်ရှိစစ်ဆေးဆဲနဲ့ နောင်မှာ စစ်ဆေးမယ့် အခွန်ဆိုင်ရာကိစ္စရပ်တွေအားလုံးကနေ ကင်းလွတ်ခွင့်ပြုဖို့ အမေရိကန်တရားရေးဌာန (DOJ) က ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ခြင်းအပေါ် အတိုက်အခံ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်လိုက်ကြပါတယ်။ အဲ့ဒီ ညွှန်ကြားချက်ကို ပြီးခဲ့တဲ့ မေလ ၁၉ ရက် အင်္ဂါနေ့က တရားရေးဌာန ဝဘ်ဆိုက်မှာ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိဘဲ တိတ်တဆိတ် တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း သမ္မတထရမ့်ရဲ့ အခွန်အချက်အလက်တွေ မီဒီယာတွေထံ ပေါက်ကြားခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်တွင်းအခွန်များဌာန…

    Continue Reading

  • ၂၂ နှစ်အကြာမှာ အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူး၊ မြောက်လန်ဒန်တခုလုံး အောင်ပွဲခံသံတွေနဲ့ ဆူညံနေ ၊ ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးတို့ ဂုဏ်ပြုစကားဆို
    ,

    ၂၂ နှစ်အကြာမှာ အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူး၊ မြောက်လန်ဒန်တခုလုံး အောင်ပွဲခံသံတွေနဲ့ ဆူညံနေ ၊ ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးတို့ ဂုဏ်ပြုစကားဆို

    မေ ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice   အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ “ Invincibles” ရာသီနောက်ပိုင်း ၂၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သူတို့ရဲ့ စတုတ္ထမြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မေလ ၁၉ ရက် က တရားဝင်ဆွတ်ခူးရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။   အဓိကပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းဟာ ဘုန်းမောက်အသင်းနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တာကြောင့် ရာသီပိတ်ပွဲစဉ် မတိုင်ခင်မှာတင် အာဆင်နယ်အသင်း ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့တာပါ။ စီးတီးပွဲအပြီး လန်ဒန်ကိုနီ (London Colney) လေ့ကျင့်ရေးကွင်းမှာ ပွဲကြည့်နေတဲ့ အာဆင်နယ်ကစားသမားတွေနဲ့ နည်းပြ အာတီတာတို့ဟာ အောင်ပွဲခံပျော်ရွှင်ခဲ့ကြသလို၊ Emirates Stadium အပြင်ဘက်မှာလည်း ပရိသတ် ထောင်ပေါင်းများစွာ စုပြုံရောက်ရှိလာပြီး…

    Continue Reading

  • ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ အတူတကွထိုင်ပြီး ဆွေးနွေးဖို့ အသင့်ရှိကြောင်းမြန်မာစစ်တပ်ထုတ်ပြောလာတယ်လို့ မလေးရှားဝန်ကြီးပြော

    ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ အတူတကွထိုင်ပြီး ဆွေးနွေးဖို့ အသင့်ရှိကြောင်းမြန်မာစစ်တပ်ထုတ်ပြောလာတယ်လို့ မလေးရှားဝန်ကြီးပြော

      မေ ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice   အာဆီယံအဖွဲ့နဲ့ ဆက်တိုက်ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် မြန်မာစစ်တပ် ဘက်က သိသာထင်ရှားတဲ့ တိုးတက်မှုလက္ခဏာတွေ တွေ့လာရပြီး၊ ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့အစည်းအားလုံး နဲ့ အတူတကွထိုင်ပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့အတွက် နေပြည်တော်ဘက်က ပိုမိုပွင့်လင်းလာတာကို တွေ့ရတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတုဆီရီ မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။  မေလ ၁၉ ရက် အင်္ဂါနေ့က နေပြည်တော်ကို သွားရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မလေးရှားနိုင်ငံ ဆူဘန်းရှိ တော်ဝင်လေတပ်စခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။  အာဏာသိမ်းစစ်တပ်ရဲ့…

    Continue Reading

  • ရခိုင်ပြည်နယ် ထန်ရှောက်ခံရွာမှာ AA က ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်အပေါ် HRW အစီရင်ခံစာ ထုတ်ပြန်
    , ,

    ရခိုင်ပြည်နယ် ထန်ရှောက်ခံရွာမှာ AA က ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်အပေါ် HRW အစီရင်ခံစာ ထုတ်ပြန်

    မေ ၁၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ထန်ရှောက်ခံကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလတုန်းက အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာ မူဆလင် ရာနဲ့ချီကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က အသေးစိတ် စုံစမ်းစစ်ဆေးထားတဲ့ အစီရင်ခံစာတစောင်ကို ဒီကနေ့ မေလမှာ ထုတ်ပြန်လိုက်ပါတယ်။ “ အရိုးစုတွေနဲ့ ဦးခေါင်းခွံတွေ နေရာအနှံ့ ပျံ့ကြဲနေတယ်” (Skeletons and Skulls Scattered Everywhere) လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာဟာ မျက်မြင်သက်သေ ၄၁ ဦးကို မေးမြန်းထားတာဖြစ်ပြီး ဂြိုဟ်တုဓာတ်ပုံတွေ၊ လူမှုကွန်ရက်ပေါ်က ရုပ်သံဖိုင်တွေအပါအဝင် ကျွမ်းကျင်သူတွေရဲ့…

    Continue Reading

  • အီရန်အနေနဲ့ ကမ်းလှမ်းချက်အသစ် မတင်သွင်းရင် အရင်ကထက် ပိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ထရမ့် သတိပေး
    ,

    အီရန်အနေနဲ့ ကမ်းလှမ်းချက်အသစ် မတင်သွင်းရင် အရင်ကထက် ပိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ထရမ့် သတိပေး

    မေလ ၁၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအတွက် “ အချိန်နာရီတွေ ကုန်ဆုံးနေပြီ” လို့ Axios သတင်းဌာနနဲ့ ဖုန်းကနေတစ်ဆင့် ပြောကြားလိုက်ပြီး၊ အီရန်အစိုးရအနေနဲ့ ပိုမိုကောင်းမွန်တဲ့ သဘောတူညီချက် ကမ်းလှမ်းချက်မျိုး ယူဆောင်မလာဘူးဆိုရင် “ အခုထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်တဲ့ ထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်” လို့ သတိပေးလိုက်ပါတယ်။ အမေရိကန်အရာရှိတွေရဲ့ အဆိုအရ သမ္မတ ထရမ့်ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်တစ်ခု ရချင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ဘက်က တောင်းဆိုချက်အတော်များများကို အီရန်ဘက်က ပယ်ချနေတာအပြင် သူတို့ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ သိသာထင်ရှားတဲ့ လိုက်လျောမှုမျိုး လုပ်ဖို့ ငြင်းဆန်နေတာကြောင့် အမေရိကန်အနေနဲ့…

    Continue Reading

  • ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် ယူအေအီး နျူကလီးယားစက်ရုံအပြင်ဘက်မှာ မီးလောင်မှုဖြစ်ပွား
    ,

    ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် ယူအေအီး နျူကလီးယားစက်ရုံအပြင်ဘက်မှာ မီးလောင်မှုဖြစ်ပွား

    မေလ ၁၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဘူဒါဘီ ရှိ နျူကလီးယားဓာတ်အားပေးစက်ရုံအနီးမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုးမရှိသလို ရေဒီယိုသတ္တိကြွမှုအဆင့်အပေါ် သက်ရောက်မှုလည်း မရှိဘူးလို့ ဆိုပါတယ်။ ယူအေအီး (UAE) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ အနောက်ဘက်နယ်စပ်ဘက်ကနေ နိုင်ငံအတွင်းကို ကျူးကျော်ဝင်ရောက်လာတဲ့ ဒရုန်းသုံးစင်းထဲက တစ်စင်းဟာ အယ်လ်ဒါဖရာ ဒေသမှာရှိတဲ့ ဘာရာကာ နျူကလီးယားဓာတ်အားပေးစက်ရုံရဲ့ အတွင်းစည်းအပြင်ဘက်က လျှပ်စစ်မီးစက်တစ်ခုကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တိုက်ခိုက်မှုရဲ့ မြစ်ဖျားခံရာကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ယူအေအီး သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် အန်နဝါ ဂါဂတ်ရှ် ကတော့ ဒီတိုက်ခိုက်မှုဟာ…

    Continue Reading

  • ကမ္ဘာ့ဖလား ပြင်ဆင်မှုတွေအတွက် ဖီဖာနဲ့ ‘အပြုသဘောဆောင်တဲ့’ ဆွေးနွေးမှု ရှိခဲ့ကြောင်း အီရန် ပြောကြား
    , ,

    ကမ္ဘာ့ဖလား ပြင်ဆင်မှုတွေအတွက် ဖီဖာနဲ့ ‘အပြုသဘောဆောင်တဲ့’ ဆွေးနွေးမှု ရှိခဲ့ကြောင်း အီရန် ပြောကြား

    မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး သေချာစေဖို့အတွက် အစ္စတန်ဘူလ်မြို့မှာ အီရန်ဘောလုံးအဖွဲ့ချုပ်နဲ့ စနေနေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ “ အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်တယ်” လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် မက်သီးယပ်စ် ဂရပ်ဖ်စထရွန် က ပြောဆိုလိုက်ပါတယ်။ လက်ရှိ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲတွေ ဖြစ်ပွားနေပေမဲ့လည်း အီရန်အသင်းဟာ အမေရိကန်နိုင်ငံမှာပဲ စခန်းသွင်းလေ့ကျင့်သွားမှာဖြစ်ပြီး အုပ်စုပွဲစဉ် ၃ ပွဲလုံးကိုလည်း အမေရိကန်မှာပဲ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ “ ကျွန်တော်တို့ အီရန်ဘောလုံးအဖွဲ့ချုပ်နဲ့အတူ အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့…

    Continue Reading

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed