BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

  • အမေရိကန်နဲ့ ပူးတွဲစစ်ဆင်ရေးအတွင်း IS ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း နိုင်ဂျီးရီးယား အတည်ပြု
    ,

    အမေရိကန်နဲ့ ပူးတွဲစစ်ဆင်ရေးအတွင်း IS ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း နိုင်ဂျီးရီးယား အတည်ပြု

    မေလ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice နိုင်ဂျီးရီးယားစစ်တပ်နှင့် အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ ပူးတွဲလုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုအတွင်း နိုင်ဂျီးရီးယားနိုင်ငံမှာ အခြေစိုက်တဲ့ အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း စနေနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ သုတ်သင်နိုင်မှုသတင်းကို ဦးစွာထုတ်ပြန်ခဲ့ပြီးနောက် နိုင်ဂျီးရီးယားသမ္မတ တီနူဘူကလည်း “ ကျွန်တော်တို့ရဲ့ ပြတ်သားတဲ့ နိုင်ဂျီးရီးယားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နီးကပ်စွာပူးပေါင်းပြီး ရဲရင့်တဲ့ ပူးတွဲစစ်ဆင်ရေးတစ်ခုကို ဆင်နွှဲခဲ့ရာ အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့ကို ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ပေးနိုင်ခဲ့ပါတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတ ထရမ့်ရဲ့ အဆိုအရ သေဆုံးသွားသူဟာ တစ်ကမ္ဘာလုံးရှိ IS အဖွဲ့တစ်ခုလုံးရဲ့ ဒုတိယအဆင့်အမြင့်ဆုံး ခေါင်းဆောင်ဖြစ်သူ…

    Continue Reading

  • ဒေါ်နယ်ထရမ့် ဘာလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံချင်တာလဲ
    , ,

    ဒေါ်နယ်ထရမ့် ဘာလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံချင်တာလဲ

    ဆောင်းပါး | Burma Independent Voic ဒေါ်နယ်ထရမ့်ဟာ ယခုနှစ် မေလအတွင်း တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း အမေရိကန်သမ္မတတစ်ဦး အနေနဲ့ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲကို တရုတ်နိုင်ငံဘက်က စတင်ကမ်းလှမ်းခဲ့ခြင်း မဟုတ်ဘဲ၊ သမ္မတ ထရမ့်ကိုယ်တိုင်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ထရမ့်ဟာ ဘာလို့ တရုတ်နိုင်ငံကို သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံချင်လဲဆိုတဲ့ မေးခွန်း ထွက်ပေါ်လာပါတယ်။ အကျဉ်းချုပ် အဖြေအနေနဲ့တော့ အမေရိကန် စီးပွားရေးကြောင့်ပဲ ဖြစ်ပါတယ်။ ထရမ့်ဟာ သူ့ရဲ့ ပထမသက်တမ်းဖြစ်တဲ့ ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ပွဲကို စတင်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ် သူ့ရဲ့…

    Continue Reading

  • ထရမ့်ခရီးစဉ်အပြီး မကြာမီမှာပင် ပူတင် တရုတ်နိုင်ငံသို့ မေလ ၁၉-၂၀ ရက်တွင် သွားရောက်မည်
    ,

    ထရမ့်ခရီးစဉ်အပြီး မကြာမီမှာပင် ပူတင် တရုတ်နိုင်ငံသို့ မေလ ၁၉-၂၀ ရက်တွင် သွားရောက်မည်

    မေလ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပေကျင်းခရီးစဉ် ပြီးဆုံးသွားခဲ့ပြီးနောက် မကြာမီမှာပဲ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်ဟာ လာမယ့် မေလ ၁၉ ရက်နေ့မှာ တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ကြောင်း ကရင်မလင်နန်းတော်က စနေနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီခရီးစဉ်အတွင်း ရုရှားသမ္မတဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး မော်စကိုနဲ့ ပေကျင်းအကြား “ ဘက်စုံမိတ်ဖက်ဖြစ်မှုနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာအောင် ဘယ်လိုလုပ်ဆောင်မလဲ” ဆိုတာကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ ကရင်မလင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပူတင်နဲ့ ရှီကျင့်ဖျင်တို့ဟာ “ အဓိကကျတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ်…

    Continue Reading

  • ထရမ့်၏ သတိပေးချက်ထွက်ပေါ် ပြီးနောက် မိမိတို့သည် “ လွတ်လပ်သောနိုင်ငံ”  ဖြစ်ကြောင်း ထိုင်ဝမ် တုံ့ပြန်
    ,

    ထရမ့်၏ သတိပေးချက်ထွက်ပေါ် ပြီးနောက် မိမိတို့သည် “ လွတ်လပ်သောနိုင်ငံ” ဖြစ်ကြောင်း ထိုင်ဝမ် တုံ့ပြန်

    မေလ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်အနေနဲ့ တရားဝင်လွတ်လပ်ရေးကြေညာတာမျိုး မလုပ်ဖို့ သတိပေးပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာ စနေနေ့မှာတော့ မိမိတို့နိုင်ငံဟာ “ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံ” ဖြစ်တယ်လို့ ထိုင်ဝမ်က တုံ့ပြန်လိုက်ပါတယ်။ သမ္မတ ထရမ့်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ပေကျင်းမြို့ ခရီးစဉ်ကို အဆုံးသတ်ခဲ့တာဖြစ်ပြီး အဲဒီခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်ကို မထောက်ပံ့ဖို့ ထရမ့်အပေါ် ဖိအားပေးခဲ့တာပါ။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ပိုင်နက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲတစေ ကြေညာထားတာ ဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ “ ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာပိုင်ပြီး လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ လက်အောက်ခံ…

    Continue Reading

  • တရုတ်ခရီးစဉ်မှာ ထရမ့် “ အောင်ပွဲခံ”  နေပေမဲ့ လက်တွေ့မှာတော့ ရှီကျင့်ဖျင်ရဲ့ ဟိန်းဟောက်သံနဲ့အတူ အမေရိကန် အခြေအနေမလှဖြစ်နေ
    ,

    တရုတ်ခရီးစဉ်မှာ ထရမ့် “ အောင်ပွဲခံ” နေပေမဲ့ လက်တွေ့မှာတော့ ရှီကျင့်ဖျင်ရဲ့ ဟိန်းဟောက်သံနဲ့အတူ အမေရိကန် အခြေအနေမလှဖြစ်နေ

    မေ ၁၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ သမ္မတ ရှီကျင့်ဖျင်နဲ့ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးအပြီး သူ့ရဲ့ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ထရမ့်က “ ကြီးကျယ်ခမ်းနားတဲ့” ကုန်သွယ်ရေး သဘောတူညီချက်တွေ ရခဲ့တယ်လို့ ကြွေးကြော်နေပေမဲ့ လက်တွေ့မှာတော့ ခိုင်မာတဲ့ အတည်ပြုချက်တွေထက် ရှီကျင့်ဖျင်ရဲ့ ပြင်းထန်တဲ့ သတိပေးချက်တွေအောက်မှာ ထရမ့်တယောက် နှုတ်ဆိတ်နေခဲ့ရတာကို တွေ့ရပါတယ်။ ထရမ့်က တရုတ်နိုင်ငံဟာ Boeing လေယာဉ် အစီးရေ ၂၀၀ ဝယ်ဖို့ သဘောတူလိုက်ပြီလို့ ပြောခဲ့ပေမဲ့ Boeing ကုမ္ပဏီရော တရုတ်အစိုးရဘက်ကပါ အတည်မပြုဘဲ ငြင်းဆိုထားပါတယ်။ အလားတူပဲ စိုက်ပျိုးရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ဒေါ်လာဘီလီယံ ဆယ်ဂဏန်းချီ…

    Continue Reading

  • အာရက္ခတပ်တော် (AA) လက်အောက်မှာ ရိုဟင်ဂျာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု မြင့်တက်နေတယ်လို့ BROUK အဖွဲ့ ပြော
    , ,

    အာရက္ခတပ်တော် (AA) လက်အောက်မှာ ရိုဟင်ဂျာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု မြင့်တက်နေတယ်လို့ BROUK အဖွဲ့ ပြော

    မေ ၁၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ရခိုင်ပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) လက်အောက်မှာ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ မတရားဖမ်းဆီးတာနဲ့ ခြိမ်းခြောက်တာတွေ ပိုမိုဆိုးရွားလာနေတယ်လို့ ဗြိတိန်အခြေစိုက် BROUK အဖွဲ့က ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ AA အဖွဲ့ဟာ နယ်မြေစိုးမိုးရေးနဲ့ လူသစ်စုဆောင်းရေး လုပ်ငန်းစဉ်တွေအတွင်း ရိုဟင်ဂျာအမျိုးသမီးတွေကို အုပ်စုဖွဲ့မုဒိမ်းကျင့်တာ၊ နှိပ်စက်တာနဲ့ ပြင်ပနဲ့ အဆက်အသွယ်ဖြတ် ဖမ်းဆီးထားတာတွေကို ဖိနှိပ်မှုလက်နက်တစ်ခုအနေနဲ့ အသုံးပြုနေတယ်လို့ BROUK ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ အသက် ၂၂ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီးတဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးနေစဉ်မှာ AA တပ်ဖွဲ့ဝင် ၇ ဦးရဲ့…

    Continue Reading

  • လီဗာပူးလ်နည်းပြရာထူးကနေ နုတ်ထွက်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးကြောင်း အာနီ ဆလော့ အခိုင်အမာပြောကြား
    ,

    လီဗာပူးလ်နည်းပြရာထူးကနေ နုတ်ထွက်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးကြောင်း အာနီ ဆလော့ အခိုင်အမာပြောကြား

    မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice လီဗာပူးလ်အသင်းနည်းပြ အာနီ ဆလော့ က လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ဖို့ ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့လည်း နည်းပြရာထူးကနေ နုတ်ထွက်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။ လက်ရှိရာသီမှာ အန်ဖီးလ်ကွင်းက ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို အကြိမ်ကြိမ် ခံခဲ့ရပေမဲ့ လီဗာပူးလ်အသင်းဟာ ဒီနေ့ သောကြာနေ့ညမှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာသာ အနိုင်ရခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို အတည်ပြုနိုင်တော့မှာပါ။ အသက် ၄၇ နှစ်အရွယ် နည်းပြ ဆလော့က လာမယ့်ရာသီမှာလည်း လီဗာပူးလ်အသင်းကို ဆက်လက်ဦးဆောင်သွားမှာဖြစ်ကြောင်းနဲ့ အခုရာသီရဲ့ အကြီးမားဆုံး သင်ခန်းစာကတော့ ဝေဖန်တိုက်ခိုက်မှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။…

    Continue Reading

  • ဂျိမ်းစ်ဘွန်း ဇာတ်ကောင်အသစ်အတွက် ရှာဖွေမှုများ စတင်နေပြီဖြစ်ကြောင်း Amazon MGM Studios အတည်ပြု
    ,

    ဂျိမ်းစ်ဘွန်း ဇာတ်ကောင်အသစ်အတွက် ရှာဖွေမှုများ စတင်နေပြီဖြစ်ကြောင်း Amazon MGM Studios အတည်ပြု

    မေလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice Amazon MGM Studios က နောက်ထပ် ဂျိမ်းစ်ဘွန်း ဇာတ်ကောင်သစ်အဖြစ် သရုပ်ဆောင်မယ့်သူကို တရားဝင် စတင်ရှာဖွေနေပြီဖြစ်ကြောင်း မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်က “ No Time to Die” ဇာတ်ကားနဲ့အတူ ဂျိမ်းစ်ဘွန်းနေရာကနေ အနားယူသွားခဲ့တဲ့ ဒန်နီယယ် ခရိတ်ဂ် ရဲ့ ခြေရာကို နင်းမယ့်သူကို ရှာဖွေတာလည်း ဖြစ်ပါတယ်။ “ ဂျိမ်းစ်ဘွန်းအသစ်အတွက် ရှာဖွေမှုတွေ စတင်နေပါပြီ။ သရုပ်ဆောင်ရွေးချယ်တဲ့ ကာလအတွင်းမှာတော့ အသေးစိတ်ကို ထုတ်ဖော်ပြောဖို့ အစီအစဉ်မရှိသေးပေမဲ့ သင့်တော်တဲ့အချိန်မှာ ပရိသတ်တွေအတွက် သတင်းအသစ်တွေကို ဝေမျှပေးသွားမှာပါ” လို့ စတူဒီယိုရဲ့ ထုတ်ပြန်ချက်မှာ…

    Continue Reading

  • ဥရောပရှိ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်ကို ထရမ့် လျှော့ချနေပြီဖြစ်ကြောင်း သတင်းထွက်ပေါ်
    ,

    ဥရောပရှိ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်ကို ထရမ့် လျှော့ချနေပြီဖြစ်ကြောင်း သတင်းထွက်ပေါ်

    မေလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဥရောပမဟာမိတ်နိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုအပေါ် သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြစ်တင်ခဲ့ပြီးနောက်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်  က ဥရောပသို့ တပ်ဖြန့်ထားမှု နှစ်ခုကို ရုတ်တရက် ဖျက်သိမ်းလိုက်ပြီး တပ်ဖွဲ့ဝင်အချို့ကို ပြန်လည်ရုပ်သိမ်းဖို့ ညွှန်ကြားလိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပိုလန်၊ ရိုမေးနီးယားနဲ့ ဘောလ်တစ်နိုင်ငံတွေမှာ အလှည့်ကျတာဝန်ယူရမယ့် “ ၁၂ ကြိမ်မြောက် သံချပ်ကာ တိုက်ခိုက်ရေး တပ်မဟာ” ရဲ့ ခရီးစဉ်ကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ အဲဒီတပ်မဟာက တပ်ဖွဲ့ဝင်အချို့ဟာ ဥရောပကို ရောက်ရှိနေပြီဖြစ်ပေမဲ့ အခုတော့ အမေရိကန်ကို ပြန်လည်ဆုတ်ခွာကြရတော့မှာပါ။ ဒါ့အပြင် ဂျာမနီမှာ အခြေစိုက်မယ့် တာဝေးပစ်ဒုံးကျည်တပ်ရင်းတစ်ခုရဲ့ အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။…

    Continue Reading

  • ရှီကျင့်ဖျင်နှင့် တွေ့ဆုံအပြီး “ ကုန်သွယ်ရေး သဘောတူညီချက်များ”  ရရှိခဲ့ကြောင်း ထရမ့် ကြွားဝါ
    ,

    ရှီကျင့်ဖျင်နှင့် တွေ့ဆုံအပြီး “ ကုန်သွယ်ရေး သဘောတူညီချက်များ” ရရှိခဲ့ကြောင်း ထရမ့် ကြွားဝါ

    မေလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ်အတွင်း “ ကုန်သွယ်ရေး သဘောတူညီချက်အချို့” ရရှိခဲ့သလို နှစ်နိုင်ငံစလုံးက အီရန်ပဋိပက္ခ အဆုံးသတ်စေချင်ကြတယ်လို့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ကုန်သွယ်ရေးစစ်ပွဲအပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်တည်ငြိမ်အောင် ကြိုးပမ်းနေကြတဲ့ ခေါင်းဆောင်နှစ်ဦးဟာ ဒီခရီးစဉ်ကို အသီးသီး အောင်ပွဲခံနိုင်ခဲ့ကြတာပါ။ သမ္မတ ထရမ့်ဟာ တရုတ်နိုင်ငံကနေ ဝါရှင်တန်ကို မပြန်ခင်မှာ တရုတ်အစိုးရရဲ့ အချက်အချာကျတဲ့ ကျုံးနန်ဟိုင် ဥယျာဉ်ထဲမှာ ရှီကျင့်ဖျင်နဲ့အတူ လက်ဖက်ရည်သောက်ရင်း လမ်းလျှောက်ခဲ့ကြပါတယ်။ ကင်မရာတွေရှေ့မှာတော့ ထရမ့်က ဒီခရီးစဉ်ဟာ “ မယုံနိုင်စရာကောင်းတဲ့ ခရီးစဉ်” ဖြစ်ပြီး “ ကောင်းကျိုးတွေ အများကြီး ထွက်ပေါ်လာခဲ့တယ်”…

    Continue Reading

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed