BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

  • ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ပစ်ခတ်မှုများရှိပါက ချက်ချင်းတုံ့ပြန်သွားမည်ဟု ထိုင်းတပ်မတော် သတိပေး
    ,

    ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ပစ်ခတ်မှုများရှိပါက ချက်ချင်းတုံ့ပြန်သွားမည်ဟု ထိုင်းတပ်မတော် သတိပေး

    မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဘက်က ရန်စပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး တင်းမာမှုတွေ မြင့်တက်လာအောင် ဝါဒဖြန့်မှုတွေ လုပ်ဆောင်နေတယ်လို့ ထိုင်းတပ်မတော်က စွပ်စွဲလိုက်ပါတယ်။ အကယ်၍ ကမ္ဘောဒီးယားဘက်က ပစ်ခတ်မှုတွေကြောင့် ထိုင်းပိုင်နက် ထိခိုက်မှုရှိလာရင် ချက်ချင်းတုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့လည်း သတိပေးလိုက်ပါတယ်။ ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း ဆူဗာရီ က ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆူရင်ပြည်နယ်၊ ချောင်ချွန်း နယ်စပ်ဂိတ်နဲ့ မျက်နှာချင်းဆိုင်ရှိ ကမ္ဘောဒီးယားဘက်ခြမ်းကနေ လက်နက်ငယ်နဲ့ ၁၁ ချက်ထက်မက ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့တာပါ။ ဗိုလ်ချုပ် ဝင်းထိုင်းရဲ့ အဆိုအရ ကမ္ဘောဒီးယားအစိုးရနဲ့ အဆင့်မြင့်အရာရှိကြီးတွေရဲ့ ထုတ်ပြန်ချက်တွေဟာ မြေပြင်က…

    Continue Reading

  • မက်ဆီရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ အင်တာမိုင်ယာမီက စင်စင်နာတီကို အကြိတ်အနယ်အနိုင်ရပြီး အဝေးကွင်းနိုင်ပွဲဆက်
    ,

    မက်ဆီရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ အင်တာမိုင်ယာမီက စင်စင်နာတီကို အကြိတ်အနယ်အနိုင်ရပြီး အဝေးကွင်းနိုင်ပွဲဆက်

    မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အာဂျင်တီးနားဂန္ထဝင်စူပါစတား လီယွန်နယ်မက်ဆီရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ်နဲ့အတူ အင်တာမိုင်ယာမီအသင်းဟာ စင်စင်နာတီအသင်းကို ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ အင်တာမိုင်ယာမီဟာ နောက်ကနေ လိုက်ကစားခဲ့ရပေမဲ့ ပွဲပြီးခါနီးသွင်းဂိုးတွေနဲ့အတူ အဝေးကွင်း ၇ ပွဲဆက်နိုင်ပွဲစံချိန်ကို ရယူနိုင်ခဲ့တာပါ။ အသက် ၃၈ နှစ်အရွယ် မက်ဆီအတွက်တော့ ဒီရာသီအတွင်း တစ်ပွဲတည်းမှာ ဂိုးပါဝင်ပတ်သက်မှု ၃ ကြိမ်နဲ့အထက် ပြုလုပ်နိုင်ခဲ့တာ ၃ ကြိမ်မြောက် ရှိလာပြီဖြစ်သလို အခုဆိုရင် သူဟာ လိဂ်သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးသွင်းအများဆုံးစာရင်းရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ “ လီယိုအကြောင်း ပြောရမယ်ဆိုရင်…

    Continue Reading

  • အစ္စရေး-အီရန်စစ်ပွဲအတွင်း နေတန်ယာဟု လျှို့ဝှက်လာရောက်ခဲ့သည်ဆိုခြင်းကို ယူအေအီး ငြင်းဆို
    ,

    အစ္စရေး-အီရန်စစ်ပွဲအတွင်း နေတန်ယာဟု လျှို့ဝှက်လာရောက်ခဲ့သည်ဆိုခြင်းကို ယူအေအီး ငြင်းဆို

    မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အစ္စရေးနဲ့ အမေရိကန်တို့ အီရန်နဲ့ စစ်ဖြစ်ပွားနေတဲ့ကာလအတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ထံ တိတ်တဆိတ် သွားရောက်ခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ယူအေအီးဘက်ကတော့ ဒီလိုလျှို့ဝှက်ခရီးစဉ်မျိုး မရှိခဲ့ကြောင်း ပြန်လည်ငြင်းဆိုလိုက်ပါတယ်။ အစ္စရေးရဲ့ ထုတ်ပြန်ချက်အရ နေတန်ယာဟုဟာ ယူအေအီးသမ္မတ ရှိတ် မိုဟာမက် ဘင် ဇာယက် အယ်လ် နာယန်နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံမှုဟာ “ အစ္စရေးနဲ့ ယူအေအီးအကြား ဆက်ဆံရေးမှာ သမိုင်းဝင် ထိုးဖောက်အောင်မြင်မှုတစ်ခု ဖြစ်ပေါ်စေခဲ့တယ်” လို့ ဆိုပါတယ်။ ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ယူအေအီးဟာ ၂၀၂၀ ပြည့်နှစ်မှာ အစ္စရေးနဲ့…

    Continue Reading

  • ရန်ကုန်ရှိ စားသောက်ဆိုင်များတွင် Live Band ဖျော်ဖြေမှု ရုတ်တရက် အပိတ်ခံရ၊ ဂီတသမားများ အခက်တွေ့
    ,

    ရန်ကုန်ရှိ စားသောက်ဆိုင်များတွင် Live Band ဖျော်ဖြေမှု ရုတ်တရက် အပိတ်ခံရ၊ ဂီတသမားများ အခက်တွေ့

    မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တွေမှာ Live Band တေးဂီတ ဖျော်ဖြေမှုတွေကို ဒီကနေ့ညကစပြီး ရုတ်တရက် ပိတ်ပင်လိုက်တာကြောင့် ဂီတအသိုင်းအဝိုင်းနဲ့ လူမှုကွန်ရက် အသုံးပြုသူတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဒီကနေ့ ညနေပိုင်းမှာပဲ ရန်ကုန်မြို့နယ်အသီးသီးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆိုင်တွေအထိ ကိုယ်တိုင်လာရောက်ပြီး ဒီကန့်သတ်ချက်ကို အကြောင်းကြားခဲ့တာပါ။ ဆိုင်ပိုင်ရှင်တွေကိုတော့ တိုက်ရိုက် တေးဂီတဖျော်ဖြေမှုအားလုံး ချက်ချင်းရပ်နားဖို့နဲ့ အသံသွင်းထားတဲ့ နောက်ခံတေးဂီတတွေကိုပဲ ဖွင့်ခွင့်ပြုတော့မယ်လို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဖျော်ဖြေရေးလိုင်စင်တွေနဲ့ ပတ်သက်ပြီး ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ အခုလို ကန့်သတ်ချက်အသစ်တွေ ရှိလာဖို့ ရှိနေပါတယ်။ အရင်ကတည်းက Live Band လိုင်စင်ရှိထားတဲ့ ဆိုင်တွေအနေနဲ့ ပါမစ်အသစ်…

    Continue Reading

  • ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ရှာကီရာ၊ မက်ဒေါနားနှင့် BTS တို့ ဖျော်ဖြေမည်
    ,

    ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ရှာကီရာ၊ မက်ဒေါနားနှင့် BTS တို့ ဖျော်ဖြေမည်

    မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကမ္ဘာ့အကြီးမားဆုံး အားကစားပွဲတော်ဖြစ်တဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ကျင်းပဖို့ လပိုင်းအလိုမှာပဲ နယူးဂျာစီပြည်နယ်၊ MetLife ကွင်းကြီးမှာ ကျင်းပမယ့် ဗိုလ်လုပွဲအတွက် ထူးခြားတဲ့ ဖျော်ဖြေရေးအစီအစဉ်တစ်ခုကို ဖီဖာ က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲရဲ့ ပထမပိုင်းပွဲနားချိန် မှာ ဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဒီအစီအစဉ်ကို Coldplay အဖွဲ့ရဲ့ အဆိုတော် ခရစ်မာတင် က စီစဉ်ညွှန်ကြားသွားမှာပါ။ ဒီဖျော်ဖြေပွဲမှာ ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ ရှာကီရာ ၊ မက်ဒေါနား  နဲ့ ကိုရီးယားနာမည်ကျော် BTS အဖွဲ့တို့က ပူးတွဲတင်ဆက်သွားကြမှာ ဖြစ်ပါတယ်။ ရှာကီရာဟာ ဒီကမ္ဘာ့ဖလားအတွက် တရားဝင်သီချင်းဖြစ်တဲ့…

    Continue Reading

  • အီရန်စစ်ပွဲနှင့် နည်းပညာအရေးများ ဆွေးနွေးရန် သမ္မတ ထရမ့်နှင့် ရှီကျင့်ဖျင်တို့ ဘေဂျင်းတွင် တွေ့ဆုံ
    ,

    အီရန်စစ်ပွဲနှင့် နည်းပညာအရေးများ ဆွေးနွေးရန် သမ္မတ ထရမ့်နှင့် ရှီကျင့်ဖျင်တို့ ဘေဂျင်းတွင် တွေ့ဆုံ

    မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ဖို့အတွက် ဒီနေ့မနက်ပိုင်းမှာ ဘေဂျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး ကို ရောက်ရှိလာပါတယ်။ ၂၄ နာရီကျော်ကြာမြင့်မယ့် ဒီခရီးစဉ်အတွင်း ကမ္ဘာ့ပဋိပက္ခတွေ၊ နိုင်ငံတကာကုန်သွယ်ရေးနဲ့ AI နည်းပညာရဲ့ အနာဂတ်ဆိုင်ရာ ကိစ္စရပ်တွေကို အရှိန်အဟုန်မြှင့် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ သမ္မတ ရှီကျင့်ဖျင်က ထရမ့်ကို တရုတ်နိုင်ငံရဲ့ ထုံးတမ်းစဉ်လာအတိုင်း စစ်ရေးပြအခမ်းအနား၊ ကော်ဇောနီခင်းပြီး နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။ အခမ်းအနားမှာ အမေရိကန်နဲ့ တရုတ်အလံတွေကို ဝှေ့ယမ်းပြီး ကြိုဆိုနေကြတဲ့ မူလတန်းကျောင်းသူ၊ ကျောင်းသားလေးတွေကို ထရမ့်က လက်မထောင်ပြပြီး နှုတ်ဆက်ခဲ့သလို၊ ရှီကျင့်ဖျင်ကလည်း လက်ပြနှုတ်ဆက်ခဲ့ပါတယ်။ ဆွေးနွေးပွဲအဖွင့်မှာ ရှီကျင့်ဖျင်က…

    Continue Reading

  • မြန်မာနိုင်ငံက ကလေးငယ်တွေ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ဆက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားပြော
    ,

    မြန်မာနိုင်ငံက ကလေးငယ်တွေ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ဆက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားပြော

    မေ ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice စစ်ကိုင်းတိုင်း၊ အိုးထိန်းကွင်းကျေးရွာက စာသင်ကျောင်းတကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး ကျောင်းသား ၂၀ ကျော် သေဆုံးခဲ့ရတဲ့ဖြစ်စဉ် တနှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ လေကြောင်းရန်အန္တရာယ်ကို ဆက်ပြီးရင်ဆိုင်နေရဆဲပဲလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ထုတ်ပြန်လိုက်ပါတယ်။ ဒီလအစောပိုင်းမှာတင် ချင်းပြည်နယ်က ကလေးကစားကွင်းတခု လေကြောင်းတိုက်ခိုက်ခံရလို့ အသက် ၅ လကနေ ၁၀ နှစ်ကြားရှိတဲ့ ကလေးငယ် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်း မန္တလေး၊ ပဲခူးနဲ့ ရခိုင်ပြည်နယ်က ကျေးရွာတွေ၊ တနင်္သာရီတိုင်းက ဘုရားရှိခိုးကျောင်းနဲ့ စစ်ကိုင်းတိုင်းက စစ်ရှောင်တွေခိုလှုံတဲ့ ဘုန်းကြီးကျောင်းတွေကို…

    Continue Reading

  • ဟန်တာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂၂ ဦး ဆေးရုံမှ ဆင်းခွင့်ရတော့မည်
    ,

    ဟန်တာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂၂ ဦး ဆေးရုံမှ ဆင်းခွင့်ရတော့မည်

    မေလ ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားခဲ့တဲ့ အပျော်စီးသင်္ဘောပေါ်ကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး လီပါပူးလ်မြို့ ဆေးရုံတစ်ခုမှာ သီးသန့်ခွဲခြား စောင့်ကြည့်ခံနေရသူ ၂၂ ဦးဟာ မကြာခင်မှာ ဆေးရုံကနေ ဆင်းခွင့်ရတော့မှာ ဖြစ်ပါတယ်။ MV Hondius သင်္ဘောပေါ်မှာ ပါဝင်ခဲ့တဲ့ အဲဒီခရီးသည်တွေနဲ့ သင်္ဘောသားတွေဟာ မာဆေးဆိုဒ် ရှိ Arrowe Park ဆေးရုံမှာ ၇၂ နာရီကြာ စောင့်ကြည့်ခံခဲ့ရတာဖြစ်ပြီး၊ အခုအခါမှာတော့ နေအိမ်တွေမှာ နောက်ထပ် ၄၂ ရက်ကြာ သီးသန့်ခွဲနေထိုင်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ သူတို့ထဲမှာ ဗြိတိန်နိုင်ငံသား ၂၀ ဦး၊ ဂျာမန်တစ်ဦးနဲ့ ဂျပန်နိုင်ငံသား တစ်ဦးတို့ ပါဝင်ပါတယ်။ ဒါ့အပြင်…

    Continue Reading

  • အီရန်စစ်ပွဲရိုက်ခတ်မှုများကြားမှ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် သမ္မတ ထရမ့် ဘေဂျင်းသို့ ရောက်ရှိမည်
    ,

    အီရန်စစ်ပွဲရိုက်ခတ်မှုများကြားမှ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် သမ္မတ ထရမ့် ဘေဂျင်းသို့ ရောက်ရှိမည်

    မေလ ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်စစ်ပွဲကြောင့် ကျဆင်းနေတဲ့ သူ့ရဲ့သြဇာအာဏာကို ပြန်လည်ဆယ်တင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အမေရိကန်သမ္မတတစ်ဦးရဲ့ ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ထရမ့်ဟာ တက်စလာ ပိုင်ရှင် အီလွန်မတ်စ်၊ အက်ပဲလ် အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်တို့လို နည်းပညာလောကရဲ့ ထိပ်သီးခေါင်းဆောင်တွေကိုပါ ခေါ်ဆောင်လာခဲ့ပြီး အံ့အားသင့်စရာ ကုန်သွယ်ရေးသဘောတူညီချက်တွေ ရရှိဖို့ မျှော်လင့်နေတာပါ။ သမ္မတ ထရမ့်ကတော့ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံတဲ့အခါ “ သူက ကျွန်တော့်ကို နွေးနွေးထွေးထွေး ကြိုဆိုလိမ့်မယ်” လို့ ယုံကြည်ချက်အပြည့်နဲ့…

    Continue Reading

  • စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ မြန်မာနိုင်ငံဟာ အဘက်ဘက်က အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကာဒီနယ်ချားလ်စ်ဘို ပြော
    , ,

    စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ မြန်မာနိုင်ငံဟာ အဘက်ဘက်က အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကာဒီနယ်ချားလ်စ်ဘို ပြော

    မေ ၁၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ စီးပွားရေး၊ လူမှုရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းပေါင်းစုံ စုပြုံနေတဲ့ “ Polycrisis” အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုက သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြုလုပ်တဲ့ ကက်သလစ်ဆရာတော်ကြီးများ အစည်းအဝေးမှာ ပြောပါတယ်။ မြန်မာနိုင်ငံတဝန်းမှာ အခြေခံကျန်းမာရေးနဲ့ ပညာရေးစနစ်တွေဟာ နေရာအတော်များများမှာ ပြိုလဲနေပြီဖြစ်ကြောင်းနဲ့ လူပေါင်း ၃.၅ သန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကာဒီနယ်က ဆိုပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၄ ခုနှစ်ကထက် ပိုမိုများပြားလာတာဖြစ်ပြီး ပဋိပက္ခတွေ ပိုမိုဆိုးရွားလာနေတာကို ပြသနေတယ်လို့ဆိုပါတယ်။ ၂၀၂၁ အာဏာသိမ်းမှုနောက်ဆက်တွဲ ပြဿနာတွေအပြင် ၂၀၂၅ ခုနှစ် မတ်လက…

    Continue Reading

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed